🔹မင်္ဂလာပါရှင့်
🔹အစ်မနာမည်က မမြတ်သင်းကြည်ပါ။
🔹မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်ကနေ OSC ဆေးရုံကို
လာရောက်ကုသမှုခံယူခဲ့တာပါ။
🔹ဖြစ်ပုံက အစ်မက ပထမကလေးကိုယ်ဝန်ဆောင်ကတည်းက သည်းခြေအိတ်ကျောက်တည်တာပေါ့။ အဲ့ဒီအချိန်တုန်းကတော့ ဘာမှလည်းနာကျင်တာဘာညာမရှိတော့ ဒီအတိုင်းထားထားခဲ့ရာကနေ အခု ဒုတိယကလေးကိုယ်ဝန်ဆောင်တော့ သည်းခြေအိတ်က အတော်လေးအောင့်လာတယ်။
🔹အစာအိမ်နဲ့အူလမ်းကြောင်းဆရာဝန်ကြီး ဒေါက်တာကျော်စွာအောင်နဲ့ပြကြည့်တော့ မဖြစ်မနေခွဲစိတ်ရတော့မယ်လို့ ပြောခဲ့တယ်။
🔹လူကလည်း မခံမရပ်နာအောင် အောင့်နေတာရယ် ကလေးကလည်းမွေးဖို့ရက်ကမလိုတော့ဘူးဆိုတော့ ကလေးကိုထိခိုက်မှာလည်း စိုးရိမ်တာရယ်ကြောင့် ဘယ်လိုလုပ်ရမှန်းကိုမသိဖြစ်ခဲ့ရတာပါ။
🔹အစာအိမ်နဲ့အူလမ်းကြောင်းဆရာဝန်ကြီး ဒေါက်တာကျော်စွာအောင်က OSC ဆေးရုံမှာပဲ သည်းခြေအိတ်ကျောက်တည်တာကိုခွဲစိတ်ဖို့ စီစဉ်ခဲ့တော့ OSC မှာရှိတဲ့ သားဖွားမီးယပ်အထူးကုဆရာဝန်မကြီးဒေါက်တာဒေါ်အိအိအောင်နဲ့ ကလေးပါ တစ်ခါတည်းမွေးပေးလို့ရမလားဆိုတာကို တောင်းဆိုကြည့်ခဲ့ရတာပါ။
🔹ကျွန်မအမေဆိုရင် တော်တော်လေးကို စိုးရိမ်နေခဲ့တော့ ဆေးရုံကနေ ဖုန်းလာမှာကိုတောင် ကြောက်နေခဲ့တာပါ။
🔹ဆရာကျော်စွာအောင်နဲ့ ဆရာမဒေါ်အိအိအောင်တို့နဲ့ သေချာတိုင်ပင်ပြီးတော့ သည်းခြေအိတ်ခွဲစိတ်ရင်း တစ်ခါတည်း ကလေးမွေးဖို့ရယ် အူအတက်ခွဲထုတ်ဖို့ရယ်ကို စီစဉ်လိုက်ရတာပါ။
🔹ကလေးမွေးတဲ့အချိန်မှာ ရေမွှာမွန်းနေလို့ ကလေးကလဲပြာနေပြီလေ၊ အချိန်မှီလေး ခွဲစိတ်နိုင်ခဲ့လို့ ကံကောင်းသွားတာပါ။ ကလေးက မွေးပြီးပြီးချင်း OSC မွေးကင်းစနှင့်ကလေးကုသဆောင် Child Ward မှာ တင်လိုက်ရတယ်။
🔹OSC မှာ Child Ward တစ်ခါတည်းရှိနေတော့ မိခင်တွေအားလုံးအတွက် တကယ့်ကို အဆင်ပြေသွားတာပေါ့။
🔹ကလေးအထူးကုဆရာဝန်ကြီး ဆရာမဒေါ်ခင်ခင်နှင်းကလည်း ကလေးကို တကယ်ကို သေချာလေးဂရုစိုက်ပေးခဲ့တာမို့ တော်တော်လေးကို ကောင်းသွားပါပြီ။
🔹ဆရာမကြီးကလည်း တကယ်တော်တာပါ။ ဆရာမကြီးကျေးဇူးကြောင့် ကလေးက အခုဆို တော်တော်လေးကို သက်သာသွားခဲ့တာပါ။
🔹ဆေးရုံတက်တာကတော့ ၅လွှာမှာ တက်ခဲ့တာပါ။
၅လွှာက ဆရာ၊ ဆရာမလေးတွေဆိုရင် အစ်မ နာလို့ အော်လိုက်တိုင်း အမြဲလာလာကြည့်ပေးကြတာ အားနာစရာကောင်းတဲ့အထိကိုပါပဲ။ သေချာလည်း ဂရုစိုက်ပေးကြတယ်။
🔹OSC မှာ ဆေးရုံတက်ရတာ တကယ့်ကို အဆင်ပြေပါတယ်။ အခန်းရော၊ ဆရာ၊ ဆရာမတွေရော အစစအရာရာအဆင်ပြေပါတယ်။
🔹အဓိကကတော့ အစ်မဖြစ်စေချင်သလို လုပ်ပေးတဲ့ အစာအိမ်နဲ့အူလမ်းကြောင်း ဆရာဝန်ကြီး ဒေါက်တာကျော်စွာအောင်ရယ်၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာအိအိအောင်ရယ်ကို ကျေးဇူးတင်ပါတယ်။
🔹ပြီးတော့ အစ်မရဲ့ သမီးလေးကို သေချာဂရုစိုက်ပေးပြီး ကုသပေးခဲ့တဲ့ ကလေးအထူးကုဆရာဝန်ကြီးဒေါက်တာဒေါ်ခင်ခင်နှင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
🔹OSC ဆေးရုံ ၅ လွှာက တာဝန်ကျဆရာ၊ဆရာမလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။