24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Our Activities & CSR Program

OSC ဆေးရုံမိသားစု၏ CSR ဆေးကုသရေးအဖွဲ့၏အလှူ..

OSC ဆေးရုံမိသားစုမှ CSR ‌ဆေးကုသရေးအဖွဲ့ဟာ ၂၅.၉.၂၀၂၄ (ဗုဒ္ဓဟူးနေ့) မှ စတင်ပြီး  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများရှိနေရာ နေရာအသီးအသီးကို သွားရောက်ကာ ဆေးကုသမှုများ စတင်လုပ်ဆောင်ပေးခဲ့ပါတယ်။

#၂၅.၉.၂၀၂၄ ဗုဒ္ဓဟူးနေ့တွင် ရွာတန်းရှည်ရွာ (၇၉) ဦး

#၂၆.၉.၂၀၂၄ ကြာသပတေးနေ့တွင် နောင်ဘိုရွာ (၁၆၁) ဦး

#၂၇.၉.၂၀၂၄ သောကြာနေ့တွင် ကမ်းပါးနီရွာ (၁၆၁) ဦး တိတိ ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပါတယ်။

ကားလမ်းများ ရေဖုံးလွှားသွားခဲ့တာကြောင့် ကားမရောက်ရှိနိုင်သည့်နေရာများတွင် လမ်းလျှောက်၍ဖြစ်စေ၊ လှေနှင့်တဆင့်ဖြစ်စေ သွားရောက်ခဲ့ရသည့်အပြင် ကြမ်းတမ်းတဲ့လမ်းခရီးစဉ်တစ်လျှောက်လုံးကို အပြုံးမပျက် မငြီးမငြူ သွားရောက် ဆေးကုသပေးခဲ့တဲ့ OSC CSR Team ကို OSC ဆေးရုံမိသားစုမှ ကျေးဇူးတင်ရှိပါတယ်။

OSC CSR Team အနေဖြင့် ဆေးကုသမှု အပြင် လိုအပ်သောပစ္စည်းများလည်း လှူဒါန်းခဲ့ပါသေးတယ်။

ရေဘေးသင့်နေရာတွေမှာ အဓိကအားဖြင့် Acute respiratory tract infection caseတွေ အဖြစ်များပါတယ်။

တုပ်ကွေးတွေလည်း ကူးစက်မှုရှိနေပြီး ဆေးဝါးရှားပါးမှုအခြေအနေများကြောင့် ဆေးဝါးလုံလောက်စွာမရကာ ဆေးကုသမှုမခံယူဘဲ ဒီအတိုင်းနေနေရတဲ့လူနာတွေအတော်များပါတယ်။

ထိုလူနာများအတွက် လိုအပ်သည့်ဆေးဝါးများ၊ သက်ကြီးပိုင်းများအတွက် အားဆေးများ လှူဒါန်းခဲ့ပြီး လိုအပ်သည့်နေရာများကို ထိထိရောက်ရောက် သွားရောက်ကုသပေးနိုင်ခဲ့တာကြောင့် ဝမ်းမြောက်မိပါတယ်။ 

OSC CSR Team ကို ယခုလို သွားရောက်ကူညီပေးနိုင်အောင် အဖက်ဖက်ကကူညီပံ့ပိုးပေးခဲ့သည့် MD နှင့်တကွ OSC ဆေးရုံမိသားစုကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ အထူးသဖြင့် ခက်ခဲကြမ်းတမ်းတဲ့လမ်းခရီးမှာ အားကြိုးမာန်တက် သွားရောက်ကူညီပေးခဲ့တဲ့ OSC CSR ဆေးကုသရေးအဖွဲ့ဝင် တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်ရှင်..