24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Our Activities & CSR Program

ကလောမြို့ရှိ ရေဘေးသင့်ပြည်သူများသို့ သွားရောက် ကုသပေးသည့် ပုံရိပ်များ..

၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ (၃)ရက် ၊ ကြာသပတေးနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း (အောက်မြန်မာပြည်) အသင်းဝင်ဆေးရုံဖြစ်သော OSC ဆေးရုံမှ ဆရာဝန် သူနာပြုများနှင့် အခြားကျန်းမာရေးဝန်ထမ်းများပါဝင်သော Volunteers အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ကလောမြို့ရှိ ရေးဘေးသင့်ဒေသများရှိ ပြည်သူများဆီသို့ ကွင်းဆင်းဆေးကုသမှုများ စတင်လုပ်ဆောင်ပေးခဲ့ပါတယ်။ 

#၄.၁၀.၂၀၂၄ သောကြာနေ့ ဓမ္မစင်္ကြာဘုန်းကြီးကျောင်းတွင် (၁၆) ဦး

#၅.၁၀.၂၀၂၄ စနေနေ့ နှစ်တစ်ရာချက်စ်ကျောင်းတွင်  (၅၅) ဦး

#၆.၁၀.၂၀၂၄ တနင်္ဂနွေနေ့ ဓမ္မစင်္ကြာဘုန်းကြီးကျောင်းတွင် (၂၆) ဦး 

#၇.၁၀.၂၀၂၄ တနင်္လာနေ့ ဓမ္မစင်္ကြာဘုန်းကြီးကျောင်းတွင် (၈၄) ဦး 

စုစုပေါင်း (၁၈၁) ဦးတိတိ ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပါတယ်။

ရေဘေးသင့်ပြည်သူအများစုတွင်

• အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

• Non-Communicable Disease (သွေးတိုး ၊ သွေးချိုဆီးချို ၊ နှလုံးရောဂါ)

• အရေပြားဆိုင်ရာ ရောဂါများ

• အသေးစားထိခိုက်ဒဏ်ရာရရှိမှုများ

• ပြင်းထန်စိတ်ဖိစီးမှု ဒဏ်သင့်ရောဂါ (Post Traumatic Stress Disorder) စသည်တို့ကို ခံစားနေရသည်ကို တွေ့ရှိခဲ့ရပြီး OSC ဆေးရုံ Volunteers အဖွဲ့မှ လိုအပ်သည့် ဆေးကုသမှုများအား ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ယခုလို သွားရောက်ကူညီပေးနိုင်အောင် အဖက်ဖက်ကကူညီပံ့ပိုးပေးခဲ့သည့် MD နှင့်တကွ OSC ဆေးရုံမိသားစုကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ အထူးသဖြင့် ခက်ခဲကြမ်းတမ်းတဲ့လမ်းခရီးမှာ အားကြိုးမာန်တက် သွားရောက်ကူညီပေးခဲ့တဲ့ OSC Volunteers ဆေးကုသရေးအဖွဲ့ဝင် တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်ရှင်..