2020-04-08
Diabetes clinic ကို ယခုအခါ OSCဆေးရုံတွင် ဖွင့်လစ်ထားရှိပြီးဖြစ်ပါတယ်။ (၁)ဆီးချို၊ သွေးချို၏ နောက်ဆက်တွဲရောဂါများ ဖြစ်ပွားမှုကို လျော့ချနို်င်ရန်၊ (၂)သွေးချိုရောဂါ၏ လတ်တလောရောဂါ လက္ခဏာများ လျော့နည်းသက်သာစေရန် စောလျင်စွာ စစ်ဆေးကုသမှုကို ခံယူပါ။ ဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ခြေထောက်သွေးပြန်ကြောများ ပိတ်ဆို ့ကာ ခြေထောက်ပုတ်၍ ခြေထောက်တစ်ခုလုံး ဆုံးရှံူးနိုင်ပါသည်။ သင့်ခြေထောက်ဆုံးရှုံးမှု မဖြစ်ရလေအောင် အချိန်မီကုသ ကာကွယ်လိုပါက OSC ဆေးရုံကြီးတွင် နောက်ဆုံးပေါ် ခေတ်မီစက်ကိရိယာများဖြင့် အာရုံကြောဆိုင်ရာ စမ်းသပ်စစ်ဆေးပေးခြင်း၊ သွေးလည်ပတ်မှုကောင်း/မကောင်းစစ်ဆေးခြင်း တို့ကိုပြုလုပ်နိုင်နေပါပြီ။ စစ်ဆေးပေးမှုများမှာ - ၁၊ အာရုံကြောထုံကျဉ်ခြင်းကို စစ်ဆေးခြင်း (Vibrasens) ၂၊ ခြေထောက်သွေးကြောပိတ်ခြင်းကို စစ်ဆေးခြင်း (Vascular Doppler:ABI) ၃၊ ခြေထောက်ထုံကျဉ်ခြင်းကို စစ်ဆေးခြင်း (Monofilament Test) တို့ဖြစ်ပါတယ်။ Diabetes Clinic နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hot Line: 09 967882456 ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးကပ်ပါတယ်။