2020-04-08
Intensive Care Unit သည် ခွဲစိတ်ပြီးစလူနာများနှင့် ပြင်းထန်ရောဂါဝေဒနာ ခံစားနေရသူတို့ကို အထူးကြပ်မတ်ကုသပေးနေသော နေရာတစ်ခုပေ။ အထူးကြပ်မတ်ကုသဆောင်တွင် အခြေခံနှင့် အဆင်မြင့်စက်ပစ္စည်း ကိရိယာများ ပြည့်စုံစွာ ထောက်ပံထားသည်။ အထူးကြပ်မတ်ကုသဆောင်သို့ ရောက်လာသော လူနာများအား ICU team မှ ဆရာဝန်များ၊သူနာပြုဆရာမများက အထူးကုဆရာဝန်ကြီးများ၏ လမ်းညွှန်မှုအောက်ဝယ် လူနာများကို အကောင်းဆုံး စောင့်ရှောက်မှုပေးလျက်ရှိနေသည်။ လူနာများ၏ ရောဂါအခြေအနေနှင့် လိုအပ်ချက်တို့ကို စဉ်ဆက်မပျတ် စောင့်ရှောက်ကူညီပေးသည်။ အထူးကြပ်မတ်ကုသရန်လိုအပ်သော လူနာအတွက် ကောင်းမွန်သော ဝန်ဆောင်မှုကို စိတ်ချယုံကြည်စွာ ရရှိနိုင်သော နေရာတစ်ခုပေ။