Health Insurance Service
အာမခံကုမ္ပဏီများနှင့်ပူးပေါင်း၍ကျန်းမာရေး၀န်ဆောင်မှုပေးခြင်း
ကျန်းမာရေးအာမခံဆိုတာ မိဘပြည်သူများအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ယခုအခါမှာ နိုင်ငံအတော်များများက အာမခံကုမ္ပဏီများလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပါပြီ။
ရောက်ရှိလာသည့် ပြည်ပအာမခံကုမ္ပဏီများအပါအဝင် ပြည်တွင်း အာမခံကုမ္ပဏီများစွာနှင့် ပူးပေါင်းပြီး ကျွန်တော်တို့ OSC ဆေးရုံကြီးမှ ကျန်းမာရေး စစ်ဆေးခြင်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေပါပြီ။
- အာမခံကုမ္ပဏီများမှ အသက်အာမခံ၊ ကျန်းမာရေးအာမခံ ဝယ်ယူမည့်သူများအတွက် Pre Policy Checkup များ ဝန်ဆောင်မှုပေးခြင်း၊
- ကျန်းမာရေးအာမခံဝယ်ယူထားသူများအတွက် After policy Medical Service များပေးခြင်းတို့အပြင်
- ကျန်းမာရေးစစ်ဆေးသူများအနေဖြင့် မိမိကိုယ်တိုင်ငွေပေးချေစရာမလိုသည့် Cashless system ဖြင့် ဝန်ဆောင်မှုကို ရယူနိုင်ခြင်း၊
- ကာကွယ်ဆေးများ ထိုးနှံနိုင်ခြင်း စသည့် ဝန်ဆောင်မှုများ အားလုံးကို
တစ်နေရာထဲတွင် ရယူဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။
အာမခံကုမ္ပဏီများနှင့် ပတ်သက်သည့် ကျန်းမာရေးဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက
Hotline : 09- 426903211
Email : [email protected]
ကိုဆက်သွယ်ပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်။
” သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC ဆေးရုံမှအပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။ “


















