နားအကြားအာရုံစမ်းသပ်စစ်ဆေးခြင်းနှင့် နားကြားကိရိယာတပ်ဆင်ခြင်း
နားကြားကိရိယာတွေ ဝယ်ယူမတပ်ဆင်ခင်မှာ အကြားအာရုံစမ်းသပ်ကြည့်ဖို့ လိုပါသလား??
ဒါကတော့ လူတိုင်း မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါပဲ။
နားအကြားအာရုံစမ်းသပ်မှုဆိုတာက သင်အကြားအာရုံဆုံးရှုံးသွားရသည့် အကြောင်းအရင်း၊ အကြားအာရုံကို ထိခိုက်စေနိုင်သည့် ဆေးပညာပိုင်းဆိုင်ရာ ပြဿနာများနှင့် သင့်ရဲ့ ကြားနိုင်စွမ်းကို အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးနိုင်တဲ့ ဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။
အကြားအာရုံစစ်ဆေးဖို့ ဘာကြောင့် လိုအပ်တာလဲ?
နားကြားကိရိယာဝယ်ယူမတပ်ဆင်ခင်မှာ အကြားအာရုံစမ်းသပ်ကြည့်ခြင်းအားဖြင့် မိမိနှင့် ကိုက်ညီနိုင်မည့် နားကြားကိရိယာကို အထူးကုဆရာဝန်ကြီးများမှ အကြံပြုနိုင်ပါလိမ့်မယ်။
ဘယ်နားကြားကိရိယာဟာ သင်နှင့် အသင့်တော်ဆုံးလဲဆိုတာကို နားအကြားအာရုံစမ်းသပ်စစ်ဆေးခြင်းက ဆုံးဖြတ်ပေးပါလိမ့်မယ်။
နားအကြားအာရုံချို့တဲ့သောသူ၊ အားနည်းသောသူများအတွက် OSC ဆေးရုံကြီးတွင်(Hearing Test and Hearing Aids) နားအကြားအာရုံစမ်းသပ်ခြင်းနှင့်နားကြားကိရိယာတပ်ဆင်ပေးခြင်း ဝန်ဆောင်မှုများ ရရှိနေပြီ ဖြစ်ပါတယ်။
OSC ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများနှင့် စမ်းသပ်ပြသပြီးဖြစ်စေ၊ ပြင်ပဆရာဝန်ကြီးများ၏ ညွှန်ကြားချက်နှင့် ဖြစ်စေ နားအကြားအာရုံ စမ်းသပ်ကုသခြင်းကို ဆောင်ရွက်နိုင်ပါပြီ။
OSC ဆေးရုံ နားအကြားစမ်းသပ်ခန်းတွင် အထူးကုဆရာဝန်ကြီးများမှ ခေတ်မီနားစမ်းကိရိယာစက်များဖြင့် စမ်းသပ်ပေးနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
အသေးစိတ်သိရှိလိုပါက
#osc_call_center 01-4706622, 09-43208326
သို့ ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါသည်။
သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အ၀ တာ၀န်ယူပေးနေပါသည်။