ကိုဗစ်ရောဂါက အနံ့၊ အရသာ ပျောက်ခြင်းကဲ့သို့ ရောဂါလက္ခဏာများနဲ့ ဆက်စပ်နေပါတယ်။
ဒါပေမဲ့ Delta မျိုးစိတ်က ယခုအခါမှာ ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေပါပြီ။ ရောဂါလက္ခဏာများက အတူတူပဲလား။
အတွေ့များဆုံး ရောဂါလက္ခဏာများက ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်းနှင့် အရသာပျောက်ဆုံးခြင်း စသည်တို့ ဖြစ်ကြပေမယ့် Delta ဗိုင်းရပ်စ်မျိုးစိတ်က ချောင်းဆိုးခြင်းကို အများဆုံး ဖြစ်တတ်ကြပါတယ်။
ယခုအခါမှာ အတွေ့များဆုံး လက္ခဏာရပ်များမှာ…
-ခေါင်းကိုက်ခြင်း၊
-လည်ချောင်းနာခြင်း၊
-နှာစေးခြင်းနှင့် နှာချေခြင်းတို့ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရသူအများစုက သူတို့အအေးမိတယ်လို့ပဲ မှားယွင်းပြီး မှတ်ယူတတ်ကြပါတယ်။ ဒီအကြောင်းအရင်းတွေကြောင့် အခြားသူတွေဆီကို ဗိုင်းရပ်စ်တွေ ကူးစက်ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။
Delta ဗိုင်းရပ်စ်မျိုးစိတ်က Alpha မျိုးစိတ်ထက် (၆၀) ရာခိုင်နှုန်း ပိုကူးစက်လွယ်ပါတယ်။ ဒီမျိုးစိတ်အသစ်က တစ်ချို့လူတွေအတွက် အအေးမိဖျားနာလောက်သာ ဖြစ်နေပေမယ့် တစ်ချို့သူများအတွက်တော့ သေစေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။
အအေးမိဖျားနာ လက္ခဏာများ ဖြစ်နေလျှင် သီးသန့်ခွဲနေပြီး ကိုဗစ်၁၉ စစ်ဆေးကြည့်ပါ။ ရောဂါလက္ခဏာများက သိပ်မပြင်းထန်လျှင်တောင် တစ်ချို့သူများအတွက် ပြင်းထန်နိုင်ပါတယ်။
ကာကွယ်ဆေးများက ဗိုင်းရပ်စ်ကြောင့် သေဆုံးခြင်း
မဖြစ်အောင် ကာကွယ်ပေးနိုင်သော်လည်း လူတိုင်းကာကွယ်ဆေးကို မထိုးနိုင်သေးပါဘူး။ ကာကွယ်ဆေးများက ကိုဗစ်၁၉ ရဲ့ တခြားသော မျိုးစိတ်များနှင့် ယှဉ်လျှင် Delta မျိုးစိတ်ကို ကာကွယ်နိုင်သည့် အာနိသင်နည်းပါးပါတယ်။
ဒီမျိုးစိတ်ရဲ့ ရောဂါလက္ခဏာများကို ခံစားနေရသူများက စစ်ဆေးကြည့်ပြီး အခြားသူများထံ ရောဂါပိုးကို မဖြန့်မိစေဖို့ အရေးကြီးပါတယ်။