ကော်လာဂျင် လွန်ကဲစွာ သုံးစွဲခြင်း
- ကော်လာဂျင်ဆိုတာ လူအပါအဝင် နို့တိုက်သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ကနေ ထုတ်ပေးနိုင်တဲ့ ပရိုတိန်း တစ်မျိုးပါ။
- အဓိက ကတော့ ခန္ဓာကိုယ်မှာ ရှိတဲ့ တွယ်ဆက်တစ်ရှူးတွေ၊ အရေပြား၊ အရိုး၊ အရိုးအဆစ် စတာတွေမှာ ရှိပါတယ်။
- အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ကနေ ကော်လာဂျင် ထုတ်ပေးနိုင်စွမ်း လျော့နည်းလာပါတယ်။
- ဒီနောက်ပိုင်းမှာ ကော်လာဂျင်ကို ဖြည့်စွက်စာအနေနဲ့ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြတာကိုလည်း တွေ့ရပါတယ်။
- ကော်လာဂျင်ရဲ့ ကောင်းကျိုးတွေကိုတော့ တော်တော်များများ တီးမိခေါက်မိ ရှိကြလိမ့်မယ် ထင်ပါတယ်။
- ဒါကြောင့် ခု ဆောင်းပါးလေးမှာတော့ ကော်လာဂျင် လိုတာထက် ပိုနေမယ်ဆိုရင် သတိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ဓါတ်မတည့်ခြင်း
- ကော်လာဂျင် ဖြည့်စွက်စာ အများစုဟာ တိရစ္ဆာန်တွေဆီက ရတဲ့ ပရိုတိန်းကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ နွား၊ ကြက်၊ ငါးနဲ့ အခွံမာငါးတွေဆီကနေ ထုတ်လေ့ရှိပါတယ်။
- ဒါကြောင့် ပင်လယ်စာ ဓါတ်မတည့်သူတွေအနေနဲ့ ဒီ ပင်လယ်စာတွေကနေ ထုတ်လုပ်တဲ့ ကော်လာဂျင်ဖြည့်စွက်စာတွေကို သောက်သုံးရင်လည်း ဓါတ်မတည့်ခြင်းတွေ ဖြစ်စေနိုင်တဲ့အတွက် ဘယ် Source ကနေ ထုတ်သလဲဆိုတဲ့ Information ကို သေချာ သတိပြုဖို့ လိုအပ်ပါတယ်။
၂။ဆီးလမ်းကြောင်း ကျောက်တည်နိုင်ခြင်း
- ကော်လာဂျင်မှာ ပါဝင်တဲ့ hydroxyproline ဆိုတဲ့ အမိုင်နိုအက်စစ် တစ်မျိုးဟာ Oxalate လို့ခေါ်တဲ့ ဓါတ်တစ်မျိုးအဖြစ်ကို ပြောင်းလဲစေနိုင်ပါတယ်။
- ပုံမှန်ဆိုရင် Oxalates တွေကို ကျောက်ကပ်ကနေတစ်ဆင့် စွန့်ထုတ်ပေးပါတယ်။
- ဒီ Oxalates တွေများနေမယ်ဆိုရင်တော့ ဆီးလမ်းကြောင်းမှာ အနည်ကျပြီးကျောက်အဖြစ်နဲ့ စုပုံစေနိုင်တာကြောင့်ဆီးကျောက်တည်ခြင်း ဖြစ်စေနိုင်ပါတယ်။
- ရေသောက်နည်းသူ၊ ဆီးသွားနည်းသူတွေဆို ဆီးကျောက်တည်နိုင်ခြေ ပိုများပါတယ်။ ဒါဟာလည်း သတိချပ်သင့်တဲ့ အချက်ကလေး တစ်ခုပါ။
၃။သွေးတွင်းကယ်လ်ဆီယမ်ဓါတ် မြင့်တက်စေနိုင်ခြင်း
- သဘာဝအရ ကယ်လ်ဆီယမ်ဓါတ် ပါဝင်မှု များတဲ့ ငါး၊ အခွံမာငါး၊ ပင်လယ်စာ စတာတွေကနေ ထုတ်တဲ့ ကော်လာဂျင် ဖြည့်စွက်စာတွေမှာ ကယ်လ်စီယမ်ဓါတ် ပါဝင်နှုန်း များနေနိုင်ပါတယ်။
- ဒီ ဖြည့်စွက်စာတွေကနေတစ်ဆင့် သွေးတွင်း ကယ်လ်ဆီယမ်ဓါတ်ကို မြင့်တက်စေတတ်ပါတယ်။
- ဒီအခါမှာ သွေးတွင်း ကယ်လ်ဆီယမ်ဓါတ် လိုတာထက် များနေတဲ့အခါ ဖြစ်တတ်တဲ့
- ဝမ်းချုပ်တာ
- နုံးပြီး နေထိုင်မကောင်းဖြစ်တာ
- ပျို့အန်တာ စတဲ့ ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။
၄။အစားအသောက် ပျက်တတ်ခြင်း
- တချို့သော သူတွေမှာဆိုရင် ကော်လာဂျင် သောက်သုံးခြင်းနဲ့ ခံတွင်းပျက်ခြင်းဟာ ဆက်စပ်မှု ရှိနေတတ်တယ်လို့ ဆိုပါတယ်။
ဒါလေးတွေကတော့ ကော်လာဂျင် သောက်သုံးမယ် ဆိုရင် ကိုယ်နဲ့ ကိုက်ညီပြီး သင့်တော်မယ့် အမျိုးအစားကို ရွေးချယ်နိုင်ဖို့၊ သိထားသင့်တဲ့ အချက်လေးတွေကို သိရှိနိုင်ပြီး အကောင်းဆုံး ရွေးချယ်သုံးစွဲနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေ။
DR.Christine