24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

CSR Program

အပြုံးများဖြင့် ကမ္ဘာကြီးကိုအလှဆင်မည်

AMPS Foundation နှင့် OSC Hospital တို့မှ ပူးပေါင်းစီစဉ်ကျင်းပသည့် ” နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ခွဲစိတ်ကုသပေးသည့် Smile with AMPS” Program ၏

#ပထမအကြိမ်အဖြစ် ၂၀၂၃ခုနှစ် စက်တင်ဘာ (၂) ရက်နေ့တွင် ကလေးငယ် (၁၁) ဦး၊

#ဒုတိယအကြိမ်အဖြစ် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကလေးငယ် (၁၀) ဦး၊

#တတိယအကြိမ်အဖြစ် ၂၀၂၃ခုနှစ် ဒီဇင်ဘာ (၂၃) ရက်နေ့တွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲကလေးငယ် (၉) ဦး၊

#စတုတ္ထအကြိမ်မြောက်အဖြစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့တွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲကလေးငယ် (၁၁)ဦး

#ပဉ္စမအကြိမ်မြောက်အဖြစ် ၂၀၂၄ ခုနှစ် မေလ (၄) ရက်နေ့တွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် (၇) ဦး

#ဆဌမအကြိမ်မြောက်အဖြစ် ၂၀၂၄ ခုနှစ် ဩဂုတ် (၂၅) ရက်နေ့တွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် (၉) ဦး ကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပါပြီရှင်။

အစီအစဉ်ကို ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသည့် AMPS Foundation ၊ OSC ဆေးရုံမိသားစု၊ ခွဲစိတ်ကုသပေးမည့် ဆရာဝန်ကြီးများ၊ စေတနာသဒ္ဒါတရားထက်သန်စွာ ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်ကြီးများအားလုံး၏ ကျေးဇူးကြောင့် စာရင်းပေးထားသူများအနက် နောက်ထပ် ကျန်ရှိနေသူများကိုလည်း နောက်လများမှာထပ်မံ ခွဲစိတ်ကုသပေးမည်ဖြစ်သောကြောင့် မွေးရာပါ နှုတ်ခမ်းကွဲအာခေါင်ကွဲရောဂါ ခံစားနေရသော အသက် ၁၂နှစ်အောက် ကလေးငယ်များ အပြုံးပန်းလှလှလေးများ ဝေဆာစေဖို့

ဖုန်းနံပါတ် 09- 771531814, 09-963062003 ကို ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ပါတယ်ရှင်။

မိမိတို့ရင်သွေးလေးများ ပြုံးပန်းအလှဆင်နိုင်ဖို့အတွက် AMPS Foundation နှင့် OSC ဆေးရုံမှ ကူညီပါရစေ။