24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

CSR Program

အပြုံးများဖြင့် ကမ္ဘာကြီးကိုအလှဆင်မည်

AMPS Foundation နှင့် OSC Hospital တို့မှ ပူးပေါင်းစီစဉ်ကျင်းပသည့် ” နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ခွဲစိတ်ကုသပေးသည့် Smile with AMPS” Program ၏ ပထမအကြိမ် အဖြစ် စက်တင်ဘာ (၂) ရက်နေ့တွင် ကလေးငယ် (၁၁) ဦး၊  ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကလေးငယ် (၁၀) ဦး၊ တတိယအကြိမ်အဖြစ် ဒီဇင်ဘာ (၂၃) ရက်နေ့တွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲကလေးငယ် (၉) ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပါပြီ။

အစီအစဉ်ကို ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသည့် AMPS Foundation ၊ OSC ဆေးရုံမိသားစု၊ ခွဲစိတ်ကုသပေးမည့် ဆရာဝန်ကြီးများ၊ စေတနာသဒ္ဒါးတရားထက်သန်စွာ ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်ကြီးများအားလုံး၏ ကျေးဇူးကြောင့် စာရင်းပေးထားသူများအနက် နောက်ထပ် ကျန်ရှိနေသူများကိုလည်း ထပ်မံ၍ အမြန်ဆုံး ခွဲစိတ်ကုသပေးဦးမှာ ဖြစ်ပါတယ်။

မွေးရာပါ နှုတ်ခမ်းကွဲအာခေါင်ကွဲရောဂါ ခံစားနေရသော အသက် ၁၂နှစ်အောက် ကလေးများ OSC ဆေးရုံမှာ အခမဲ့ ခွဲစိတ်ကုသမှုခံယူနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့၏ ရင်သွေးငယ်များ အပြုံးပန်းလှလှလေးများ ဝေဆာစေဖို့ ဖုန်းနံပါတ် 09- 771531814, 09-963062003 ကို ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ပါတယ်ရှင်။

မိမိတို့ရင်သွေးလေးများ ပြုံးပန်းအလှဆင်နိုင်ဖို့အတွက် OSC ဆေးရုံမှ ကူညီပါရစေ။