24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Our Activities & CSR Program

အပြုံးများဖြင့် ကမ္ဘာကြီးကိုအလှဆင်မည်

AMPS Foundation နှင့် OSC Hospital တို့မှ ပူးပေါင်းစီစဉ်ကျင်းပသည့်  ဒုတိယအကြိမ်မြောက် ”Smile with AMPS” Program…❤️❤️❤️

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ခွဲစိတ်ကုသပေးနိုင်ရန်လှူဒါန်းသည့် ပြည်တွင်းမှအလှူရှင်များ နှင့် ခွဲစိတ်ကုသမည့် ကလေးငယ်များ တွေ့ဆုံပွဲအစီအစဉ်ကို (၂၄.၁၁.၂၀၂၃) (သောကြာနေ့) နေ့လယ် (၁) နာရီတွင် OSC ဆေးရုံကြီးတွင် ထပ်မံကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ဤအစီအစဉ်ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးသည့် AMPS Foundation မှ အဖွဲ့ဝင်များ၊ OSC ဆေးရုံမှ ဆရာဝန်များနှင့် ဝန်ထမ်းအဖွဲ့ဝင်များ၊ စေတနာသဒ္ဒါတရားထက်သန်စွာ ပူးပေါင်းပါဝင်လှူဒါန်းကြသည့် ပြည်တွင်းမှ အလှူရှင်များ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲအား ခွဲစိတ်ကုသကြမည့်ကလေးငယ်များနှင့် မိဘများ တက်ရောက်ခဲ့ကြပါတယ်။

OSC ဆေးရုံ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် AMPS Foundation ဥက္ကဌ မှ ဖောင်ဒေးရှင်းကို စတင်တည်ခဲ့ပုံ၊

လှူုဒါန်းခဲ့ကြသည့် မှတ်တမ်းများ၊ အစီအစဉ်ကို ပြုလုပ်ရသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားခြင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ခွဲစိတ်ကုသမည့် နှုတ်ခမ်းကွဲအာခေါင်ကွဲ ကလေးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ တက်ရောက်သူများအား ကော်ဖီနှင့် မုန့်များ ဧည့်ခံကျွေးမွေးခြင်း စသည့်အစီအစဉ်ပေါင်းများစွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

လက်ရှိစာရင်းပေးထားသူများအနက် ပထမအကြိမ် (၁၁) ဦး နှင့် ယခုဒုတိယအကြိမ် (၁၀)ဦးအား (၂၅.၁၁.၂၀၂၃) ရက်နေ့တွင် OSC ဆေးရုံကြီးတွင် စတင်ခွဲစိတ်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသူများအားလည်း အလှည့်ကျကုသပေးသွားမည် ဖြစ်ပါတယ်။

အစီအစဉ်ကို ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသည့် AMPS Foundation OSC Hospital မိသားစု၊ ခွဲစိတ်

ကုသပေးမည့် ဆရာဝန်ကြီးများ၊ စေတနာသဒ္ဒါးတရားထက်သန်စွာ ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်ကြီးများအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် မိဘပြည်သူများအားလုံး ဝမ်းမြောက်သာဓုခေါ်နိုင်စေရန် မျှဝေဖော်ပြပေးလိုက်ပါတယ်ရှင်။