24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Diet & Nutrition

ဗီတာမင်_အေ_ချို့တဲ့သည့်_လက္ခဏာများ

ဗီတာမင်အေဟာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခု ဖြစ်ပါတယ်။ ဗီတာမင်အေကို နေရာအနှံ့အပြားကနေ ရရှိနိုင်ပါတယ်။ ဗီတာမင်အေ ရရှိနိုင်သော အစားအသောက်များမှာ ငါး၊ နို့ထွက်ပစ္စည်း၊ ကြက်ဥနှင့်အသားတို့ ဖြစ်ပါတယ်။

➡️ဗီတာမင် အေ ချို့တဲ့သည့် လက္ခဏာ (၄) မျိုးရှိပါတယ်။

၁။ ညဘက်မမြင်ရခြင်း
ခန္ဓာကိုယ်မှာ လိုအပ်သည့် ဗီတာမင် အေ ချို့တဲ့နေခြင်းက ညဘက်တွေမှာ မမြင်ရတော့ပါဘူး။ စမ်းသပ်မှုမှာ အမျိုးသမီးများကို (၆) ပတ်ကြာအောင် ဗီတာမင်အေ ဖြည့်စွက်စာများ တိုက်ကျွေးပါတယ်။ အမှောင်ထဲမှာ မြင်နိုင်စွမ်း (၅၀) ရာခိုင်နှုန်း ပိုမိုတိုးလာတာကို တွေ့ရှိရပါတယ်။ မျက်လုံးကျန်းမာရေးဟာ ကျွန်တော်တို့အတွက် လွန်စွာမှ အရေးကြီးလှပါတယ်။ သင်ဟာ ဗီတာမင် အေ ချို့တဲ့နေတယ်ဆိုရင် တတ်နိုင်သမျှ မြန်မြန်စစ်ဆေးကြည့်သင့်ပါတယ်။

၂။ မျိုးပွားနိုင်နှုန်း လျော့ကျခြင်း
သင်ဟာ သန္ဓေမဆောင်နိုင်ဘူးဆိုတဲ့ အကြောင်းတွေကို ကြားဖူးကြမှာပါ။ သို့သော် မျိုးမပွားနိုင်တော့ခြင်း ဆိုသည့်အချက်က ဗီတာမင် အေ ချို့တဲ့ခြင်းနှင့် ဆက်စပ်နေပါတယ်။ ဒီပြဿနာမှာတော့ အမျိုးသားရော အမျိုးသမီးရော အတူတူပဲ ဖြစ်ပါတယ်။ ဗီတာမင် အေ ချို့တဲ့ခြင်းကြောင့် အမျိုးသမီးများ ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။

ထပ်ခါထပ်ခါ ကိုယ်ဝန်ပျက်ကျဖူးသည့် အမျိုးသမီးတစ်ဦးကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဗီတာမင် အေ ချို့တဲ့နေတာကို တွေ့ရှိရပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်း၊ မျိုးမအောင်ခြင်း စသည်တို့က လူကို စိတ်ရောကိုယ်ပါ ပင်ပန်းစေပါတယ်။
ဒီလိုပြဿနာမျိုးတွေ ကြုံတွေ့ရပြီဆိုရင် ဗီတာမင် ချို့တဲ့မှုကို စစ်ဆေးကြည့်သင့်ပါတယ်။

၃။ အရေပြားပေါ်တွင် အနီကွက်များ ဖြစ်ခြင်း
ဗီတာမင်အေ ချို့တဲ့မှုကြောင့် ဖြစ်လာသည့် ပြဿနာတစ်ခုကတော့ အရေပြားပေါ်တွင် အနီကွက်များ ဖြစ်ပေါ်လာခြင်းပင် ဖြစ်ပါတယ်။ အကြောင်းအရင်းမသိဘဲ အနီကွက်များ ဖြစ်လာတတ်ပါတယ်။ ဒါကတော့ ဗီတာမင်အေ ချို့တဲ့သည့် လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်ပြီး ကြည်လင်နေသည့် အသားအရေလေးကို ရရှိနိုင်စေဖို့ ဗီတာမင် အေက မရှိမဖြစ် လိုအပ်ပါတယ်။

ပြင်းထန်သည့် လက္ခဏာမပြခဲ့လျှင်တောင် ဗီတာမင် ချို့တဲ့မှုများကို (၆) လတစ်ခါ စစ်ဆေးကြည့်ဖို့ ဆရာဝန်များက အကြံပြုထားပါတယ်။

၄။ ခေါင်းမှာ ဗောက်ထခြင်း
ဆံပင်မှာ ဗောက်တွေရှိနေခြင်းက စိတ်ပျက်စရာ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အရေးကြီးတဲ့နေရာတစ်ခုခုမှာ ရောက်နေချိန်မှာ ပုခုံးပေါ်ကို အဖြူရောင်ဗောက်ဖတ်တွေ ကျလာတာမျိုးကို ဘယ်သူမှ လိုချင်မှာ မဟုတ်ပါဘူး။

ဗောက်ဆိုတာ ဆံသားခြောက်သွေ့မှုကြောင့် ဖြစ်လာတာဖြစ်ပါတယ်။ ဗောက်ထခြင်းက ဗီတာမင်ချို့တဲ့ခြင်းကြောင့်လို့ ဘယ်သူမှ ထင်မိကြမှာ မဟုတ်ပါဘူး။ ဗောက်ပျောက်ခေါင်းလျှော်ရည်တွေ အသုံးပြုရင်းသာဒီပြဿနာကို ဖြေရှင်းတတ်ကြပါတယ်။ အကြောင်းအရင်းမရှိဘဲ ဗောက်ထနေပြီဆိုရင်တော့ ဗီတာမင် ချို့တဲ့မှု ရှိမရှိ စစ်ဆေးခြင်းက အကောင်းဆုံးပါပဲ။