24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Women's and Child Wellness

ကိုယ်ဝန်ဆောင်နေစဉ် ကော်ဖီသောက်လို့ရနိုင်သလား။

ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဆောင်ရန်ရှောင်ရန် များစွာ ရှိပါတယ်။ အရက်သောက်လို့မရသလို ပြင်ပအသားများကို စားသုံးရန်လည်း မသင့်တော်ပါဘူး။ ဆေးလိပ်သောက်ခြင်း၊ အသားစိမ်းစားခြင်း၊ ပိုးမွှားမသန့်စင်ရသေးသည့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းစသည့်အရာများကို လုံးဝရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ သို့သော် ကော်ဖီကိုရော စွန့်လွှတ်ရတော့မှာလား။

ကိုယ်ဝန်မဆောင်ခင်မှာ လူအများစုက နေ့ရက်တိုင်းကို မနက်တိုင်းကော်ဖီတစ်ခွက် သောက်သုံးရင်းနဲ့ အချိန်ကုန်ဆုံးတတ်ကြပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်စဉ်မှာ ကဖိန်းဓာတ်များ စားသုံးခြင်းက ဘေးကင်းပါသလား။ ကိုယ်ဝန်ဆောင်စဉ်မှာ ကော်ဖီသောက်ခြင်းက ထင်ထားသလောက် မဆိုးပါဘူး။ ကိုယ်ဝန်ဆောင်စဉ်မှာ ဆရာဝန်တွေက ကော်ဖီနဲ့ ကဖိန်းဓာတ်များကို ရှောင်ရှားဖို့ ပြောထားပါတယ်။ ဘယ်လို အအေး၊ ကော်ဖီစသည်တို့က ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို ဆရာဝန်တွေက ပြောပြပေးသွားပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ ကော်ဖီဘယ်နှစ်ခွက် သောက်သုံးနိုင်လဲ???

ကိုယ်ဝန်ဆောင်စဉ်မှာ ကဖိန်းဓာတ်ကို အနည်းငယ်သာ သောက်သုံးပေးခြင်းက ဘေးကင်းနိုင်ကြောင်း သုတေသနတွေ တွေ့ရှိလာခဲ့ပါတယ်။ တစ်နေ့ကို ကဖိန်းဓာတ် (၂၀၀) မီလီဂရမ် သောက်သုံးနိုင်ကြောင်း အမေရိကန် ကိုယ်ဝန်ဆောင်မိခင်များ အဖွဲ့အစည်းက ထုတ်ပြန်ကြေညာထားပါတယ်။ ကော်ဖီ (၈) အောင်စမှာ ကဖိန်းဓာတ် (၁၀၀) ကနေ (၁၄၀) အထိ ပါဝင်ပါတယ်။

နှပ်ကော်ဖီတစ်ခွက်ကို ဘေးကင်းစွာ သောက်သုံးနိုင်ပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်စဉ်မှာ ကော်ဖီသောက်သုံးတော့မည်ဆိုလျှင်တော့ ဆရာဝန်ဖြင့် အရင်ဆုံး ဆွေးနွေးရပါမယ်။ တစ်ချို့သူတွေက ကိုယ်ဝန်ဆောင်စဉ်မှာ ကဖိန်းဓာတ်က ယခင်နှင့်မတူ ပိုမိုသက်ရောက်နိုင်တာကြောင့် ဖြစ်ပါတယ်။ ကဖိန်းဓာတ်ကို ဓာတ်မတည့်ဖြစ်ခဲ့ဖူးလျှင် ဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးပြီးမှသာ သောက်သုံးသင့်ပါတယ်။

သန္ဓေသားလောင်းအတွက် အန္တရာယ်ရှိလာနိုင်သည့် ဘယ်အရာကိုမဆို အမြဲတမ်းရှောင်ရှားပါ။ ကဖိန်းဓာတ်ကို စိုးရိမ်နေပြီး ကော်ဖီသောက်ချင်နေသေးတယ်ဆိုရင် ကဖိန်းဓာတ်မပါသည့် အရာဖြင့် လဲလှယ်ပြီး ကဖိန်းဓာတ်သုံးစွဲမှုပမာဏကို ကန့်သတ်ထားလိုက်ပါ။

#Reference_Health_Digest
#Translate_by_OSC_Hospital
#Health_tips
#OSC_Hospital