24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Health Tips

ဗိုက်ထဲတွင် အစာမရှိဘဲ မသောက်သင့်သည့် ဆေးဝါးများ


ပဋိဇီဝဆေးဝါးများဟာ ဖျားနာစေသည့် ဘတ်တီးရီးယားများကို သေစေနိုင်သော ဆေးများ ဖြစ်ပါတယ်။ ပဋိဇီဝဆေးဝါးအမျိုးအစားများစွာ ရှိပါတယ်။ တစ်ခုချင်းစီဟာ ဘတ်တီးရီးယားတစ်မျိုးစီကို ကုသရာမှာ အာနိသင်ရှိကြပါတယ်။

ဆေးတိုင်းမှာ အသုံးပြုနည်းလမ်းညွှန်ရှိကြပါတယ်။ ထိုလမ်းညွှန်ချက်များကို လိုက်နာဖို့က အရေးကြီးပါတယ်။ ထိုလမ်းညွှန်ချက်များကို လိုက်နာခြင်းက ဘေးထွက်ဆိုးကျိုးများကို လျှော့ချပေးနိုင်ပါလိမ့်မယ်။

အချို့‌ဆေးတွေက တိကျတဲ့အချိန်မှာ နေ့တိုင်းသောက်ပေးဖို့လိုအပ်သလို အာနိသင်ရရှိစေဖို့ ရေခဲသေတ္တာထဲမှာ သိမ်းထားဖို့ လိုအပ်တဲ့ဆေးမျိုးလည်းရှိကြပါတယ်။ တစ်ချို့ဆေးဝါးတွေက ဗိုက်ထဲမှာအစာမရှိချိန် သောက်သုံးလို့မရပါဘူး။

Amoxicillin နှင့် doxycycline ဆေးများက အစားနှင့်တွဲဖက်သောက်သုံးသင့်ပါတယ်။ အစားအသောက်နှင့်တွဲဖက်ပြီး သောက်သုံးပေးခြင်းဖြင့် အစာအိမ်နှင့် ပတ်သက်သည့်ရောဂါလက္ခဏာများ၊ ဝမ်းလျောခြင်း စသည့်အန္တရာယ်များကို လျှော့ချပေးနိုင်ပါတယ်။

ပဋိဇီဝဆေးများက အများအားဖြင့် အစာအိမ်နှင့်လေလမ်းကြောင်း လက္ခဏာများကို ဖြစ်စေနိုင်တာကြောင့် မလိုလားအပ်သည့် အကျိုးသက်ရောက်မှုများဖြစ်လာနိုင်ပါတယ်။

ဒီဆေးတွေကို ရေရှည်အသုံးပြုခြင်းက အူမကြီးရောင်ရမ်းခြင်းကို ဖြစ်လာစေနိုင်ပါတယ်။

ဒါကြောင့် ဆရာဝန်များက ဆေး၏ အကျိုးကျေးဇူးက ဆေးကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်ထက် ပိုများပြားမှသာ ထိုသောက်ဆေးကို ညွှန်ကြားကြတာ ဖြစ်ပါတယ်။ ထို့ကြောင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိုက်နာပြီးသောက်သုံးဖို့က အရေးကြီးပါတယ်။