24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

News & Covid-19 Update

အိုမီခရွန်မျိုးကွဲဟာ ဒယ်တာမျိုးကွဲလောက် မပြင်းထန်ဘူးလား???

တောင်အာဖရိကမှာ နိုဝင်ဘာလတုန်းက ပထမဆုံး မျိုးကွဲအသစ်တစ်ခုကို စတင်တွေ့ရှိချိန်မှာ လူတိုင်းက စိုးရိမ်ထိတ်လန့်သွားခဲ့ကြပါတယ်။ ကူးစက်မှုနှုန်းထားဟာ ဒယ်တာမျိုးကွဲလိုပဲ မြင့်မားကြောင်း သိရှိခဲ့ကြရပါတယ်။ အိုမီခရွန်ဟာ လက်ရှိကာကွယ်ဆေးတွေဖြင့် မကာကွယ်နိုင်လောက်မယ့် သန္ဓေပြောင်းလဲခြင်းတွေ ပါလာနိုင်မယ်လို့ သိပ္ပံပညာရှင်များက ခန့်မှန်းထားကြပါတယ်။ နောက်ဆုံးရရှိထားသည့် သတင်းများအရ အိုမီခရွန်မျိုးကွဲဟာ ဒယ်တာမျိုးကွဲလောက် ပြင်းထန်မှု သိပ်မရှိပါဘူး။

သို့သော် ရောဂါပြင်းထန်မှုအခြေအနေကို တိတိကျကျခန့်မှန်းနိုင်ဖို့က အရမ်းစောလွန်းနေပါသေးတယ်။ သို့သော် နောက်သီတင်းပတ်အနည်းငယ်အတွင်းမှာ သေချာရှင်းလင်းသည့် အဖြေများ ရရှိလာနိုင်မည်လို့ ခန့်မှန်းထားပါတယ်။ သို့သော် ကိုဗစ်ကူးစက်ခံရဖူးသူများက ပိုပြီးကူးစက်နိုင်ချေများတယ်လို့ ဆိုထားကြပါတယ်။

⏩ လက်ရှိကာကွယ်ဆေးများကရော အိုမီခရွန်ကို ကာကွယ်နိုင်ပါသလား။

လက်ရှိကာကွယ်ဆေးများက ရောဂါမပြင်းထန်အောင် ကာကွယ်ပေးနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကတော့ ထုတ်ပြန်ထားပါတယ်။ မျိုးကွဲအားလုံးကြောင့် ပြင်းထန်သည့်ရောဂါ အခြေအနေမဖြစ်အောင်နှင့် သေဆုံးမှုများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည့် အာနိသင်မြင့်မားသည့် ကာကွယ်ဆေးများ ကျွန်တော်တို့မှာ ရှိနေပါတယ်။ စမ်းသပ်စစ်ဆေးမှုများကလည်း မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်ကြပါတယ်။

Pfizer က မူလထုတ်ပြန်ချက်တွေမှာ Booster ထိုးနှံခြင်းက အိုမီခရွန်မဖြစ်အောင် ကာကွယ်ပေးနိုင်လိမ့်မည်ဟု ဖော်ပြထားပါတယ်။ ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားခြင်းက ရောဂါမပြင်းထန်အောင် ကာကွယ်ပေးနိုင်ပြီး တတိယအကြိမ်ထိုးနှံခြင်းက ကာကွယ်မှုကို ပိုအားကောင်းလာစေတယ်လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

တိကျတဲ့သတင်းအချက်အလက်တွေ လိုအပ်နေသေးပေမဲ့ အိုမီခရွန်ကို ကာကွယ်ဖို့ လေးကြိမ်မြောက် ကာကွယ်ဆေးထိုးနှံခြင်း လိုအပ်ကောင်းလိုအပ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီနှစ်ကုန်လောက်မှာ သိပ္ပံပညာရှင်များက အိုမီခရွန်ကို ပိုကောင်းကောင်းနားလည်နိုင်စေဖို့ မျှော်လင့်ထားကြပါတယ်။

#Reference_healthdigest.com

#Translate_by_OSC_Hospital

#Health_tips

#OSC_Hospital