မိခင်လောင်းတွေက ကိုယ်ဝန်ဆောင်နေစဉ် ကိုးလလုံးလုံး အရက်တစ်စက်မှမသောက်ရပါဘူး။
ကလေးမွေးလာပြီးတဲ့နောက်မှာ မိခင်နို့တိုက်ကျွေးရတော့မှာဆိုတော့ ဝိုင်သောက်လို့ အဆင်ပြေပါ့မလား။
ကိုယ်ဝန်ဆောင်ချိန်မှာ အရက်ဖြတ်ထားခြင်းက သားအိမ်ထဲက ကလေးကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုအတွက် အရေးပါတယ်ဆိုတာကို ကျွန်တော်တို့သိကြပါတယ်။ ဒီအချက်ကိုတော့ အားလုံးက လက်ခံထားကြပေမယ့် မိခင်နို့တိုက်ကျွေးနေချိန်မှာ အရက်သောက်လို့ရမရဆိုတာကိုတော့ လူတွေက သေချာမသိကြသေးပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေကတော့ မိခင်နို့တိုက်ကျွေးနေချိန်မှာ အရက်ကို ဖြတ်ထားတာက အကောင်းဆုံးလို့ ပြောထားကြပါတယ်။
တစ်ရက်ကို တစ်ခွက်လောက်ပဲသောက်သုံးခြင်းက မွေးကင်းစကလေးစောင့်ရှောက်မှုအပေါ်မှာ ထိခိုက်မှုမရှိပါဘူး။ သတိထားရမည့်အချက်မှာ ဝိုင်သောက်ပြီးနောက် နှစ်နာရီကြာပြီးမှသာ မိခင်နို့ကို တိုက်ကျွေးရပါမယ်။
 
မသောက်ခင်မှာ အယ်ကိုဟောပါဝင်နှုန်းထားကို စစ်ပြီးမှ ဂရုတစိုက်သောက်သင့်ပါတယ်။
ဝိုင်သောက်တဲ့အချိန်မှာ သွေးထဲကို အရက်တွေဝင်ရောက်သွားပြီး နို့ရည်ထဲကို အလွယ်တကူရောက်ရှိသွားနိုင်ပါတယ်။ သောက်ပြီးနောက် မိနစ် (၃၀) ကနေ (၁) နာရီကြားမှာ အမြင့်ဆုံးကိုရောက်ရှိတတ်ပါတယ်။ ဒါပေမဲ့ (၂) နာရီလောက်ကြာတဲ့အထိ နို့ရည်ထဲမှာ အယ်ကိုဟောတွေကို တွေ့ရှိနိုင်ပါတယ်။ တစ်ခွက်ထက်ပိုပြီးတော့ သောက်သုံးခြင်းက နို့ရည်ထဲမှာ အယ်ကိုဟောကို ပိုများသွားစေနိုင်ပါတယ်။
 
ဝိုင်သောက်ထားလျှင် (၂) နာရီစောင့်ပြီးမှ မိခင်နို့တိုက်ကျွေးပါ။
ကလေးဆီကို အယ်ကိုဟောမရောက်ရှိအောင် နို့မတိုက်မီ အနည်းဆုံးနှစ်နာရီလောက်ခွာပြီးတော့မှ သောက်သုံးဖို့ အကြံပေးထားပါတယ်။
ဒါပေမဲ့ နို့မတိုက်မီ အယ်ကိုဟောမပါအောင် နို့ရည်ကို ပန်းထုတ်ပစ်တာမျိုး လုပ်စရာမလိုပါဘူး။ ဒီလိုလုပ်ခြင်းကလည်း နို့ရည်ထဲက အယ်ကိုဟောများကို ဖယ်ရှားမပေးနိုင်ပါဘူး။ နို့ရည်ထဲက အယ်ကိုဟောပမာဏက သွေးထဲမှာ ရောက်ရှိနေသည့် ပမာဏနှင့်အတူတူပါပဲ။ ဒါက အချိန်ကြာလာတာနဲ့အမျှ လျော့ကျသွားမှာ ဖြစ်ပါတယ်။ လျော့ကျသည့်အချိန်ကာလကတော့ ခန္ဓာကိုယ်အလေးချိန်၊ ဇီဝဖြစ်စဉ်ပြိုကွဲနှုန်းထားနှင့် အစားအသောက်များအပေါ်မှာ မူတည်ပါတယ်။ နို့မတိုက်မီ နှစ်နာရီလောက်စောင့်ပေးလျှင် အဆင်ပြေပါတယ်။
 
နှစ်နာရီသုံးနာရီစောင့်စားနေချိန်မှာ နို့တိုက်ချိန်ကို လွတ်သွားရင်တော့ နို့ကြောတင်းပြီး အဆင်မပြေမှုများ၊ နာကျင်မှုများ ရှိလာနိုင်ပါတယ်။ ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ ကိုယ်တိုင်ဆုံးဖြတ်ရပါမယ်။
တကယ်တော့ ဝိုင်ဟာ မွေးကင်းစကလေးအပေါ်မှာ ခဏတာသက်ရောက်မှုများအပြင် ရေရှည်သက်ရောက်မှုတွေတောင် ဖြစ်နိုင်တာမို့ ပမာဏအနည်းငယ်လောက်သာ သောက်သုံးသင့်ပါတယ်။
မိခင်ဖြစ်သူ ဝိုင်သောက်ခြင်းကြောင့် ကလေးရဲ့ အိပ်ချိန်များကိုလည်း ထိခိုက်နိုင်ပါတယ်။ ကလေးဟာ အိပ်ချိန် (၂၅) ရာခိုင်နှုန်းလောက် လျော့ကျသွားပါလိမ့်မယ်။
ဝိုင်တွေအများကြီးသောက်သုံးမိရင် အချိန်ကြာလာတာနဲ့အမျှ နို့ရည်ထုတ်လုပ်နှုန်း လျော့ကျသွားပါလိမ့်မယ်။ ကလေးအပေါ်မှာလည်း အများကြီး ထိခိုက်နိုင်ပါတယ်။
 

Menstrual Cycle and Mental health

“Menstruation is Beautiful” လို့တောင် တင်စားထားကြတဲ့ လစဥ်ဓမ္မတာသွေးဆင်းခြင်းဟာ အမျိုးသမီးအများစု အတွက်တော့ ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ရလေ့ရှိတဲ့ အခိုက်အတန့်တွေဖြစ်ပါတယ်။ ဓမ္မတာမဆင်းခင် ၁ ပတ်၊ ၂ပတ်အလိုလောက်ထဲက ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ရင်သားနှင့် ၀မ်းဗိုက် နာကျဥ်မှုများဖြစ်ပေါ်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေသာမက စိတ်ဖိစီး ပင်ပန်းမှုတွေ၊ Mood Swingsတွေ စတဲ့ စိတ်ကျန်းမာရေးရိုက်ခတ်မှုတွေကိုပါ ခံစားကြရတာဖြစ်ပါတယ်။ ဒါကို PMS (Premenstrual Syndrome) လို့ခေါ်ပါတယ်။

PMS ဘာကြောင့် ဖြစ်ရသလဲ ?

အမျိုးသမီးတွေ ဘာကြောင့် PMSဖြစ်ရသလဲဆိုရင် ဟော်မုန်းပြောင်းလဲခြင်းကြောင့်ဖြစ်ပါတယ်။ ‘မ’မျိုးဥကြွေချိန်မှာ Female Sex Hormoneတွေ ဖြစ်ကြတဲ့ Estrogen နဲ့ Progesterone Hormoneတွေဟာ ထိုးကျသွားလေ့ရှိပါတယ်။ ဒီလို ဟော်မုန်းတွေ ထိုးကျသွားခြင်းက ဦးနှောက်ထဲမှာ Serotoninလို့ခေါ်တဲ့ Happiness Hormone ထုတ်လုပ်မှုကို လျော့ကျသွားစေပါတယ်။ Serotonin level လျော့ကျသွားခြင်းက အမျိုးသမီးတွေ ဓမ္မတာမလာမီမှာ ခံစားရလေ့ရှိတဲ့ PMS Symptomsတွေကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။ PMSနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ စိတ်အတက်အကျမြန်ခြင်း Mood Swings ရခြင်း ၀မ်းနည်း အားငယ်လွယ်ခြင်း စိတ်ဆတ်ခြင်း၊ ဒေါသထွက်လွယ်ခြင်း နုံးနယ် ပင်ပန်းခြင်း စိတ်ဓာတ်ကျခြင်း စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုများပြားခြင်း တို့ကို ဖြစ်ပေါ်စေပါတယ်။

PMS လက္ခဏာတွေဟာ ပိုပြီး ဆိုးရွားပြင်းထန်သွားမယ်ဆိုရင်တော့ PMDD (Premenstrual Dysphoric Disorder) ဓမ္မတာမလာမီ စိတ်ကစဥ့်ကလျားဖြစ်ခြင်း ကိုပါ ဖြစ်ပေါ်စေနိင်ပါတယ်။ ဒီလိုရောဂါလက္ခဏာ ပြင်းထန်လာမယ်၊ တစ်နေကုန် ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိလောက်အောင် စိတ်ဓာတ်ကျလာမယ်၊ suicidal thoughtတွေပါ ၀င်လာမယ်ဆိုရင်တော့ သက်ဆိုင်ရာ ဆရာ၀န်နှင့် ဆွေးနွေးကုသမှု ခံယူ ဖို့လိုအပ်ပါတယ်။

PMS ကာလကို ကျန်းမာ ပျော်ရွှင်စွာ ဘယ်လို ကျော်ဖြတ်ကြမလဲ ?

Self-Care သေချာလုပ်ပေးပါ။ စိတ်ရော လူပါ ကောင်းကောင်း အနားယူပါ။ စိတ်ကို ပျော်စေမယ့် ၀ါသနာပါရာ အလုပ်လေးတွေလုပ်ပါ။ အာဟာရပြည့်၀သော အစားအသောက်များကို စားသောက်ပေးပါ။ အထူးသဖြင့် Calcium နဲ့ Vitamin B6 ကြွယ်၀သော အစားအစာများကို စားပေးပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုပြုပါ။ ရာသီလာစဥ် ကိုက်ခဲခြင်းနဲ့ စိတ်ဖိစီးမှုများကို ကျဆင်း သက်သာစေဖို့အတွက် Chamomile Teaကဲ့သို့သော Herbal Teaများကို သောက်သုံးပေးပါ။ ရေများများသောက်ပါ။ ကောင်းစွာ အိပ်စက်အနားယူပါ။ ယောဂ ကဲ့သို့သော မပြင်းထန်သော ကိုယ်လက်လှုပ်ရှား အားကစားများကို ပုံမှန်ပြုလုပ်ပေးပါ။ စိတ်ဖိစီးမှုတွေကို သက်သာစေဖို့ တရားထိုင်ပါ၊ စာအုပ်ဖတ်ပါ။ Aromatherapy ရနံ့ကုထုံး များကလည်း PMSကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုကိုတွေကို သက်သာစေပါတယ်။ ဒါကြောင့် ကိုယ့်အခန်းထဲမှာ Essential Oil Diffuser လေးဖွင့်ထားတာ၊ Scented Candleလေးတွေ ထွန်းပေးခြင်းအားဖြင့်လည်း Mood Enhancing ဖြစ်စေမှာပါ။

ဓမ္မတာသွေးဆင်းခြင်းဆိုတာ ကျွန်မတို့ အမျိုးသမီးတွေအတွက် လစဥ်ကြုံတွေ့နေကြရမယ့် အရာပါ။ ဓမ္မတာသွေးဆင်းခြင်းဟာ ရွံစရာ အညစ်အကြေးမဟုတ်ပါ။ ရှက်စရာ ကိစ္စမဟုတ်ပါ။ ဘယ်လောက်ပဲ ခက်ခဲပင်ပန်းရပါတယ်ပြောပြော အမျိုးသမီးတိုင်းအတွက် ဓမ္မတာသွေးဆင်းခြင်းဟာ လှပတဲ့ အရာတစ်ခုပါ။ အမျိုးသမီးဆိုတဲ့ ဖြစ်တည်မှုအတွက် လှပဂုဏ်ယူစရာကောင်းတဲ့ ဖြစ်တည်မှု တစ်ခုပါ။ အမျိုးသမီးလေးများအားလုံး PMS ကာလကို စိတ်ရောလူပါ ကျန်းမာစွာ ဖြတ်ကျော်နိုင်ပြီး ကျန်းမာ ပျော်ရွှင်တဲ့ Periodလေးကို ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေ။

စူးရှမေ

related articles (ဒါလေးတွေလည်းဆက်ဖတ်ပေးပါ)

ကိုယ်ဝန်ဆောင်နေစဉ် ကော်ဖီသောက်လို့ရနိုင်သလား။

ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဆောင်ရန်ရှောင်ရန် များစွာ ရှိပါတယ်။ အရက်သောက်လို့မရသလို ပြင်ပအသားများကို စားသုံးရန်လည်း မသင့်တော်ပါဘူး။ ဆေးလိပ်သောက်ခြင်း၊ အသားစိမ်းစားခြင်း၊ ပိုးမွှားမသန့်စင်ရသေးသည့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းစသည့်အရာများကို လုံးဝရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ သို့သော် ကော်ဖီကိုရော စွန့်လွှတ်ရတော့မှာလား။ ကိုယ်ဝန်မဆောင်ခင်မှာ လူအများစုက ...
Read More

#အမျိုးသမီးများ_မဟော်မုန်းနည်းပါးသည့်_လက္ခဏာများ

  မဟော်မုန်းက ဘာကြောင့် အရေးပါတာလဲ??မဟော်မုန်းက ကျန်းမာရေးကောင်းမွန်အောင် ထိန်းသိမ်းပေးရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါတယ်။ မဟော်မုန်းဟာ အမျိုးသမီးများ၏ ခန္ဓာကိုယ်နှင့် ဆက်စပ်နေပါတယ်။ အမျိုးသားများမှာလည်း မဟော်မုန်းထုတ်လုပ်နိုင်ပေမဲ့ အမျိုးသမီးများက ပိုမြင့်မားစွာ ထုတ်လုပ်နိုင်ပါတယ်။• မဟော်မုန်းက အမျိုးသမီးများအရွယ်ရောက်လာချိန်မှာ ...
Read More

နို့တိုက်မိခင်ဟာ ဝိုင်သောက်လို့ရသလား??

မိခင်လောင်းတွေက ကိုယ်ဝန်ဆောင်နေစဉ် ကိုးလလုံးလုံး အရက်တစ်စက်မှမသောက်ရပါဘူး။ကလေးမွေးလာပြီးတဲ့နောက်မှာ မိခင်နို့တိုက်ကျွေးရတော့မှာဆိုတော့ ဝိုင်သောက်လို့ အဆင်ပြေပါ့မလား။ကိုယ်ဝန်ဆောင်ချိန်မှာ အရက်ဖြတ်ထားခြင်းက သားအိမ်ထဲက ကလေးကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုအတွက် အရေးပါတယ်ဆိုတာကို ကျွန်တော်တို့သိကြပါတယ်။ ဒီအချက်ကိုတော့ အားလုံးက လက်ခံထားကြပေမယ့် မိခင်နို့တိုက်ကျွေးနေချိန်မှာ အရက်သောက်လို့ရမရဆိုတာကိုတော့ လူတွေက သေချာမသိကြသေးပါဘူး။ ...
Read More

Leave a Reply

Your email address will not be published. Required fields are marked *