♾ကိုဗစ်ရောဂါက အနံ့၊ အရသာ ပျောက်ခြင်းကဲ့သို့ ရောဂါလက္ခဏာများနဲ့ ဆက်စပ်နေပါတယ်။
 
♾ဒါပေမဲ့ Delta မျိုးစိတ်က ယခုအခါမှာ ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေပါပြီ။ ရောဂါလက္ခဏာများက အတူတူပဲလား။
 
♾အတွေ့များဆုံး ရောဂါလက္ခဏာများက ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်းနှင့် အရသာပျောက်ဆုံးခြင်း စသည်တို့ ဖြစ်ကြပေမယ့် Delta ဗိုင်းရပ်စ်မျိုးစိတ်က ချောင်းဆိုးခြင်းကို အများဆုံး ဖြစ်တတ်ကြပါတယ်။
 
♾ယခုအခါမှာ အတွေ့များဆုံး လက္ခဏာရပ်များမှာ…
-ခေါင်းကိုက်ခြင်း၊
-လည်ချောင်းနာခြင်း၊
-နှာစေးခြင်းနှင့် နှာချေခြင်းတို့ ဖြစ်ပါတယ်။
 
♾ဗိုင်းရပ်စ်ကူးစက်ခံရသူအများစုက သူတို့အအေးမိတယ်လို့ပဲ မှားယွင်းပြီး မှတ်ယူတတ်ကြပါတယ်။ ဒီအကြောင်းအရင်းတွေကြောင့် အခြားသူတွေဆီကို ဗိုင်းရပ်စ်တွေ ကူးစက်ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။
 
♾Delta ဗိုင်းရပ်စ်မျိုးစိတ်က Alpha မျိုးစိတ်ထက် (၆၀) ရာခိုင်နှုန်း ပိုကူးစက်လွယ်ပါတယ်။ ဒီမျိုးစိတ်အသစ်က တစ်ချို့လူတွေအတွက် အအေးမိဖျားနာလောက်သာ ဖြစ်နေပေမယ့် တစ်ချို့သူများအတွက်တော့ သေစေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။
 
♾အအေးမိဖျားနာ လက္ခဏာများ ဖြစ်နေလျှင် သီးသန့်ခွဲနေပြီး ကိုဗစ်၁၉ စစ်ဆေးကြည့်ပါ။ ရောဂါလက္ခဏာများက သိပ်မပြင်းထန်လျှင်တောင် တစ်ချို့သူများအတွက် ပြင်းထန်နိုင်ပါတယ်။
 
♾ကာကွယ်ဆေးများက ဗိုင်းရပ်စ်ကြောင့် သေဆုံးခြင်း
မဖြစ်အောင် ကာကွယ်ပေးနိုင်သော်လည်း လူတိုင်းကာကွယ်ဆေးကို မထိုးနိုင်သေးပါဘူး။ ကာကွယ်ဆေးများက ကိုဗစ်၁၉ ရဲ့ တခြားသော မျိုးစိတ်များနှင့် ယှဉ်လျှင် Delta မျိုးစိတ်ကို ကာကွယ်နိုင်သည့် အာနိသင်နည်းပါးပါတယ်။
ဒီမျိုးစိတ်ရဲ့ ရောဂါလက္ခဏာများကို ခံစားနေရသူများက စစ်ဆေးကြည့်ပြီး အခြားသူများထံ ရောဂါပိုးကို မဖြန့်မိစေဖို့ အရေးကြီးပါတယ်။

related articles (ဒါလေးတွေလည်းဆက်ဖတ်ပေးပါ)

#ကိုဗစ်_၁၉_အန္တရာယ်ကနေ_ကာကွယ်ဖို့_အကောင်းဆုံးနှာခေါင်းစည်းအမျိုးအစား😷😷😷

ကပ်ဆိုးကာလအစောပိုင်းမှာ ကိုဗစ်ကူးစက်မခံရစေဖို့ နှာခေါင်းစည်းတပ်ဆင်ထားဖို့ ပြောကြားထားကြပါတယ်။ နှာခေါင်းစည်းတပ်ဆင်ခြင်းက တပ်ဆင်ထားသူများကိုသာ ကာကွယ်ပေးနိုင်သည်မဟုတ်ဘဲ ဘေးနားရှိလူများကိုပါကာကွယ်နိုင်ပါတယ်။နှာခေါင်းစည်းတပ်ဆင်ထားခြင်းက ကိုဗစ်ကူးစက်နိုင်ချေကို လျှော့ချပေးပြီး ဆေးရုံတက်ရောက်ခြင်းနှင့် သေဆုံးခြင်းတို့ကိုလည်း နည်းပါးစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။လက္ခဏာမပြခင်မှာ နှာခေါင်းစည်းများ ကြိုတင်ဝတ်ဆင်ထားမယ်ဆိုလျှင် တစ်ဦးနှင့်တစ်ဦး ကူးစက်နိုင်ချေလျော့ကျသွားပါတယ်။နှာခေါင်းစည်းတပ်ဆင်ခြင်းက ယခင်က မိမိရောဂါကိုအခြားသူများကို ...
Read More

ကိုဗစ်-၁၉ နှင့် ပန်းနာရင်ကြပ်ရောဂါ

ကိုဗစ်၁၉ ဗိုင်းရပ်စ်က ပန်းနာရင်ကြပ်ရောဂါဝေဒနာရှင်များအတွက် ပြဿနာတစ်ခုပါပဲ။သူတို့က ကိုဗစ်ကူးစက်ခံရလျှင် ပိုပြီးတော့ အန္တရာယ်များနိုင်တာကို ပန်းနာရင်ကြပ်ဝေဒနာရှင်များက သိထားဖို့ အရေးကြီးပါတယ်။ ပန်းနာရင်ကြပ်ရောဂါသည်များက ဖျားနာသူများနှင့်ဝေးဝေးနေပြီး လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း စသည်တို့ကို ပိုမိုပြီးတော့ လုပ်ဆောင်သင့်ပါတယ်။ကိုဗစ်၁၉ ရဲ့ ရောဂါလက္ခဏာများက ပိုပြီးတော့ ...
Read More

ကိုဗစ်_၁၉_ရဲ့_Delta_မျိုးစိတ်အသစ်မှာ_မတူညီတဲ့_ရောဂါလက္ခဏာများ_ရှိပါသလား???

ကိုဗစ်ရောဂါက အနံ့၊ အရသာ ပျောက်ခြင်းကဲ့သို့ ရောဂါလက္ခဏာများနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမဲ့ Delta မျိုးစိတ်က ယခုအခါမှာ ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေပါပြီ။ ရောဂါလက္ခဏာများက အတူတူပဲလား။ အတွေ့များဆုံး ရောဂါလက္ခဏာများက ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်းနှင့် အရသာပျောက်ဆုံးခြင်း စသည်တို့ ဖြစ်ကြပေမယ့် Delta ...
Read More

Leave a Reply

Your email address will not be published. Required fields are marked *