24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

News & Covid-19 Update

ကိုဗစ်-၁၉ နှင့် ပန်းနာရင်ကြပ်ရောဂါ

ကိုဗစ်၁၉ ဗိုင်းရပ်စ်က ပန်းနာရင်ကြပ်ရောဂါဝေဒနာရှင်များအတွက် ပြဿနာတစ်ခုပါပဲ။
သူတို့က ကိုဗစ်ကူးစက်ခံရလျှင် ပိုပြီးတော့ အန္တရာယ်များနိုင်တာကို ပန်းနာရင်ကြပ်ဝေဒနာရှင်များက သိထားဖို့ အရေးကြီးပါတယ်။

ပန်းနာရင်ကြပ်ရောဂါသည်များက ဖျားနာသူများနှင့်ဝေးဝေးနေပြီး လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း စသည်တို့ကို ပိုမိုပြီးတော့ လုပ်ဆောင်သင့်ပါတယ်။ကိုဗစ်၁၉ ရဲ့ ရောဂါလက္ခဏာများက ပိုပြီးတော့ ပြင်းထန်နိုင်ပြီး ပန်းနာရင်ကြပ်ရောဂါသည်များအတွက် ဆိုးရွားတဲ့ရလဒ်များ ဖြစ်လာစေနိုင်ပါတယ်။

ဒါကြောင့် သူတို့က ပန်းနာရင်ကြပ်ရောဂါအတွက်ဆေးများကိုပါ ဆက်လက်သောက်သုံးဖို့ လိုအပ်ပါတယ်။

ပန်းနာရင်ကြပ်ရောဂါဝေဒနာခံစားရသူများအတွက်အဆုတ်မှာ ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းနာကျင်မှုကိုထိန်းချုပ်ဖို့ ရှူဆေးများဆောင်ထားဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။

ပန်းနာရင်ကြပ်ရောဂါလက္ခဏာဆိုးရွားလာချိန်မှာဘာတွေကို လုပ်ဆောင်ရမလဲဆိုတာကို သိထားဖို့ကလည်း အရေးကြီးဆုံးပါပဲ။ သူတို့ဖျားနာနေချိန်မှာ ဘယ်အချိန်မှာဆရာဝန်ခေါ်ရမလဲဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။
ပန်းနာရင်ကြပ်လူနာများက သူတို့ဆရာဝန် ညွှန်ကြားထားသည့် လုပ်ဆောင်ချက်များကို လိုက်နာဖို့ လိုအပ်ပါတယ်။

💢 နှာခေါင်းစည်းတပ်ဆင်ခြင်း
နှာခေါင်းစည်းက တပ်ဆင်ထားရမှာပါပဲ။ ပန်းနာရင်ကြပ်ရောဂါဝေဒနာရှင်များအတွက် နှာခေါင်းစည်း တပ်ဆင်ခြင်းကကိုရိုနာဗိုင်းရပ်စ်မကူးစက်ခံရအောင် ကာကွယ်ပေးနိုင်ပေမဲ့ အခြားသူတွေကို ရောဂါမကူးစက်အောင်ကာကွယ်ဖို့ကလည်းနှာခေါင်းစည်းတပ်ဆင်ထားရပါမယ်။

💢 အထူးသဖြင့် အောက်ပါအခြေအနေများမှာ နှာခေါင်းစည်းကို ပိုတပ်ဆင်ထားသင့်ပါတယ်။

  • အသက်ရှူလမ်းကြောင်းဆိုင်ရာ အခြားသောရောဂါလက္ခဏာများရှိနေလျှင် သို့မဟုတ် ချောင်းဆိုးနေလျှင်
  • ကိုဗစ်၁၉ ကူးစက်ခံရဖူးသူတစ်ယောက်ယောက်နှင့်ထိတွေ့ခဲ့လျှင်
  • မိသားစုဝင်တစ်ယောက်ယောက်ဖျားနာနေလျှင်
  • သင်က ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်နေလျှင်နှာခေါင်းစည်းတပ်ဆင်ခြင်းက ပန်းနာရင်ကြပ် ဝေဒနာရှင်များအတွက် ဘေးကင်းပါတယ်။ နှာခေါင်းစည်းကပန်းနာရင်ကြပ်ရောဂါကို ပိုဆိုးမသွားစေပါဘူး။

💢 ပန်းနာရင်ကြပ်ရောဂါဝေဒနာရှင်များ ကြိုတင်သတိထားရမည့်အရာများ

လူစုလူဝေးနှင့် ဖျားနာနေသူများနှင့် ဝေးဝေးနေရပါမယ်။မလိုအပ်ဘဲ ထိတွေ့မှုများကို တတ်နိုင်သမျှ ရှောင်ရှားရပါမယ်။

လက်ကို မကြာခဏဆေးကြောရပါမယ်။ ကိုဗစ်၁၉ ပိုးကမျက်နှာပြင်များပေါ်မှာ ရှင်သန်နိုင်တာကြောင့်မျက်နှာပြင်များကိုလည်း မထိတွေ့မိခင်မှာ မကြာခဏဆေးကြောသန့်စင်ပေးရပါမယ်။

အခုက တစ်ကိုယ်ရေကျန်းမာရေးကို အများဆုံးဂရုစိုက်ပြီးလူတွေနဲ့ ထိတွေ့ဆက်ဆံမှုများကို လျှော့ချရမယ့် အချိန်ရောက်နေပါပြီ။ ပန်းနာရင်ကြပ်ဆေးများကို ဆက်လက်သောက်သုံးပြီး လူများနှင့် ဝေးဝေးနေပါ။ ဖြစ်နိုင်လျှင်အိမ်မှာပဲနေပြီး ပန်းနာရင်ကြပ်ရောဂါကို သက်သာစေမယ့် လုပ်ဆောင်ချက် အစီအစဉ်များကို လိုက်နာဆောင်ရွက်ပါ။

💢 ကိုဗစ်ကပ်ဆိုးအချိန်ကာလမှာ Nebulizerရှူစက်အသုံးပြုမှု

ပန်းနာရင်ကြပ်ရောဂါများကို ကုသရာမှာ Nebulizerရှူစက်အသုံးပြုခြင်းက လွန်စွာ အရေးကြီးပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးအချိန်ကာလမှာ ဒါကိုအသုံးပြုတဲ့အခါ ပြဿနာအမျိုးမျိုး ဖြစ်လာပါတယ်။

ဒီရှူစက်က လေလမ်းကြောင်းမှ အမှုန်အမွှားများကိုယူပြီး လေထဲကို ဖြန့်ပေးတာ ဖြစ်ပါတယ်။ ဒါက ရှူစက်ကနေပြီးတော့ ဗိုင်းရပ်စ်များကို ကူးစက်စေနိုင်ပါတယ်။ အမှုန်အမွှားများကြောင့် ရောဂါပိုးကူးစက်နိုင်ချေက ပိုများလာတာကြောင့် ယခုအချိန်မှာဒီကုသမှုကို အသုံးပြုမှုက အန္တရာယ်များပါတယ်။

ပန်းနာရင်ကြပ်ဝေဒနာခံစားရသူတစ်ယောက်က ရှူစက်ကို အသုံးပြုချိန်မှာ အခန်းထဲမှာ ဘယ်သူမှ ရှိမနေသင့်ပါဘူး။ တခြားသူတွေက အခန်းထဲမှာ ရှိနေဖို့ လိုအပ်တယ်ဆိုရင်တော့ CDC က ညွှန်ကြားထားသည့် နည်းလမ်းများအတိုင်းနှာခေါင်းစည်းကို တပ်ဆင်ထားဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးသူများအတွက် တစ်ချို့သောနေရာများမှာ နှာခေါင်းစည်းတပ်စရာမလိုတော့ပေမဲ့ ကျန်းမာရေး ဌာနများအပါအဝင် နေရာအများစုမှာ နှာခေါင်းစည်းတပ်ဆင်ဖို့ လိုအပ်နေပါသေးတယ်။

ဒီလိုအန္တရာယ်များရှိနေသော်လည်းပဲ ရှူစက်များကိုပန်းနာရင်ကြပ်ရောဂါကုသရာမှာ အသုံးပြုနေကြဆဲဖြစ်ပါတယ်။ ဒါပေမဲ့ အသုံးပြုသူများကို အသုံးမပြုမီနှင့်အသုံးပြုပြီးနောက်မှာ သန့်ရှင်းရေးလုပ်ပေးပါ။
ကိရိယာကို သေချာသန့်ရှင်းရေးမလုပ်ဘူးဆိုလျှင်ရှူစက်ထဲမှာ ရောဂါပိုးမွှားများ ရှိနေနိုင်ပါတယ်။

#Source_Nationaljewis.org
#Health_tips
#OSC_Hospital