24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Healthy & Wellness Article

အဝလွန်ခြင်း(Obesity)

ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတာက တခြား ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ စတာတွေ ဖြစ်စေဖို့အတွက် အားပေးအားမြှောက်ပြုနေတဲ့ အရာပါ။


အဓိက အဝလွန်ခြင်း ဖြစ်စေတဲ့ အကြောင်းကတော့ အစားအစာကနေ ရတဲ့ စွမ်းအင်တွေဟာ ခန္ဓာကိုယ်က ပြန်အသုံးချတာထက် ပိုများနေတဲ့အခါ ကိုယ်ထဲမှာ ပိုနေတဲ့ ကယ်လိုရီတွေကို အဆီအဖြစ် ပြောင်းလဲပြီး သိုလှောင်ထားလို့ပါ။

မိသားစုထဲမှာ ကိုယ်အလေးချိန် ပုံမှန်ထက် များသူတွေ ရှိနေရင် ကိုယ့်မှာလည်း အဝလွန်တာ၊ ကိုယ်အလေးချိန် များတာ ဖြစ်နိုင်ခြေ များပါတယ်။

ဒါက မျိုးရိုးဗီဇ တစ်ခုတည်းကြောင့် မဟုတ်ဘဲ တစ်အိမ်ထဲ အတူတူ နေကြတဲ့ မိသားစုဝင်တွေ ဖြစ်တာကြောင့် စားတဲ့ အစားအသောက်ပုံစံ၊ နေထိုင်မှုပုံစံတွေပါ တူနေတဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက်က အစားအသောက် စားတဲ့အခါ
– ကယ်လိုရီများပြီး အာဟာရ မဖြစ်တဲ့ အစားအစာတွေ
– ဆီကြော်မုန့်တွေ
– အချိုရည်တွေ
– အသင့်စား အစားအစာတွေ ကို ဦးစားပေး စားတာ
– အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ အစားနည်းတာ၊
– ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ချက်ပြုတ်နည်းတွေ ဖြစ်တဲ့ ပြုတ်တာ၊ ပေါင်းတာ၊ ပြုတ်ကြော်တာ မျိုးတွေထက် ဆီများများထည့်ပြီး ချက်တာမျိုးတွေကလည်း အဝလွန်စေတဲ့ လက်သည်တွေ ဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု နည်းစေတဲ့ အကြောင်းအရင်းတွေ – ဥပမာ
– အလုပ်များပြီး အချိန်မပေးနိုင်သူတွေ၊
– Online ကနေ အလုပ်လုပ်သူတွေ၊ -Technology တိုးတက်လာတာနဲ့အမျှ Laptop တွေ၊ ဖုန်းတွေ အသုံးများလာတာတွေ
– ကိုယ့်အိမ် ပတ်ဝန်းကျင်မှာ လေ့ကျင့်ခန်း လုပ်ဖို့ နေရာ လုံလုံလောက်လောက် မရှိတာတွေစတာတွေကလည်း ကိုယ်အလေးချိန် တက်စေဖို့ တွန်းအားပေးနေပြန်ပါတယ်။
ဆေးဝါးတချို့ ဥပမာ ဆီးချိုဆေး၊ စတီးရွိုက်ဆေးလို ဆေးတွေ သောက်နေရသူတွေ
ရောဂါအခြေအနေ တချို့ကြောင့် ဥပမာ –
အဆစ်ရောင် ရောဂါ ရှိသူတွေဆိုရင် လှုပ်ရှားဖို့ ခက်တာ၊ နာကျင်တာ စတာတွေကြောင့် ကိုယ်အလေးချိန် တက်ဖို့ အလားအလာ များတတ်ပါတယ်။
အိပ်ရေးပျက်တာက ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ အပြောင်းအလဲ ဖြစ်စေပြီး အစားစားချင်စိတ် များစေတာ၊ Food cravings တွေ ဖြစ်စေတာ စတာတွေကြောင့် ကိုယ်အလေးချိန် တက်စေပါတယ်။ စိတ်ဖိစီးမှုများတာကလည်း ကယ်လိုရီများတဲ့ အစားအစာတွေကို စားချင်စိတ် ပိုဖြစ်စေပြီး ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။
ကိုယ်အလေးချိန် ထိန်းဖို့ ဘာတွေ လုပ်ကြမလဲ?

-လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။
Gym သွားမှ လုပ်လို့ရတာ မဟုတ်ပါဘူး။
အိမ်မှာ အလုပ်မှာ လေ့ကျင့်ခန်း လွယ်လွယ်လုပ်လို့ရတဲ့ နည်းတွေ ရှိပါတယ်။
– အိမ်မှာဆို ခြံဝင်းနဲ့ဆို ခြံထဲဆင်း လမ်းလျှောက်တာ
– ကွန်ဒို တိုက်ခန်းတွေဆို ဓါတ်လှေကား အစား လှေကား သုံးတာ
– နီးနီးနားနား တစ်နေရာ သွားရင် လမ်းလျှောက်လို့ရတဲ့ အကွားအဝေးဆို လမ်းလျှောက်တာ
– နည်းနည်းဝေးရင် စက်ဘီးစီးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။
– ယောဂလို လေ့ကျင့်ခန်းမျိုးဆိုလည်း နေရာများများစားစား မလိုဘဲ ယောဂဖျာလေး တစ်ချပ် ရှိရုံနဲ့ လိုက်လုပ်လို့ အဆင်ပြေပါတယ်။
ကျန်းမာရေးအတွက် သင့်တော်တဲ့ အာဟာရပြည့်တဲ့ အစားအစာတွေ စားပေးပါ။
– ဒါကတော့ အစာအုပ်စု ၃ စု စုံအောင် စားပါ။
– အသီးအနှံ၊ အသီးအရွက် များများနဲ့ အရောင်စုံအောင် စားပေးပါ။
– ကယ်လိုရီများပြီး အာဟာရ မဖြစ်စေတဲ့ အစားအစာတွေ
အချိုရည်တွေ
ပြန်ကြော်ဆီ၊ ဆီကြော်မုန့်တွေ ရှောင်နိုင်သလောက် ရှောင်ပေးပါ။
– ဆီပြန်ဟင်းတွေ၊ Deep frying တွေ အစား ပြုတ်၊ ပြုတ်ကြော်၊ ပေါင်း စတဲ့ နည်းတွေ သုံးပြီး ချက်ပြုတ်ပါ။
Mindful eating လုပ်ပါ။
– အစားစားချိန်မှာ အစားကိုပဲ အာရုံစိုက်ပြီး ဖြည်းဖြည်းစားပေးပါ။
– မိနစ် ၂၀ လောက် ကြာအောင် စားပေးပါ။
– အစားစားချိန် ဖုန်းသုံးတာ၊ Laptop သုံးတာ၊ TV ကြည့်တာမျိုးတွေက ကိုယ် ဘယ်လောက် စားမိလဲဆိုတာ သတိမထားမိတာ၊ ဗိုက်ပြည့်တာကို မသိလိုက်တာမျိုးတွေ ဖြစ်စေနိုင်ပြီး လိုတာထက် ပိုစားမိစေနိုင်ပါတယ်။
ကျန်းမာဘေးကင်းကြပါစေ။
Christine
B., B. S (Ygn)
Sc Nutrition and Dietetics