24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Beauty & Fitness

မျက်နှာအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ဖို့ ငါးကြီးဆီအသစ်

PUFA အဖြစ်လူသိများတဲ့ Omega-3 fatty acids တွေက ခန္ဓာကိုယ်က သူ့အလိုလို မထုတ်လုပ်နိုင်သည့် မရှိမဖြစ်လိုအပ်တဲ့ အော်ဂဲနစ်ဓာတ်ပေါင်းဖြစ်ပါတယ်။ သူတို့က ခန္ဓာကိုယ်လုပ်ဆောင်ချက်များအတွက် မရှိမဖြစ် အရေးကြီးပါတယ်။ တစ်ချို့သော အစားအသောက်တွေကို စားသုံးခြင်းကနေ ရရှိနိုင်ပါတယ်။ ခန္ဓာကိုယ်ပုံမှန်ဖွံ့ဖြိုးမှုကို ထိန်းသိမ်းခြင်း၊ ဦးနှောက်လုပ်ဆောင်ချက်များကို တိုးတက်စေခြင်း စသည်လုပ်ဆောင်ချက်များတွင် Omega-3 အော်ဂဲနစ်ဓာတ်ပေါင်းက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

Omega-3 အော်ဂဲနစ်ဓာတ်ပေါင်းက နှလုံးနှင့်ဆိုင်သော လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်လာစေသည့်အတွက် နှလုံးရောဂါဖြစ်နိုင်သည့် အန္တရာယ်များကို လျော့ချပေးနိုင်ကြောင်း သုတေသနလေ့လာမှု အမြောက်အများမှာ ဖော်ပြထားကြပါတယ်။ တခြားအပြုသဘောဆောင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများမှာ ရောင်ရမ်းခြင်းကို လျော့ချနိုင်ခြင်းတို့ ပါဝင်ပါတယ်။ ဒီကျန်းမာရေးနှင့် ညီညွတ်သောအဆီများကို ဆီးချို၊ ကင်ဆာနှင့် အဆစ်ရောင်နာတို့ကဲ့သို့ ရောဂါများကို လျော့ချနိုင်ပြီး နာတာရှည်ရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်သည့်အဆီများအဖြစ် သိထားကြပါတယ်။ Omega-3 အော်ဂဲနစ်ဓာတ်ပေါင်းတွေက အသားအရေအတွက်လည်း အကျိုးပြုပါတယ်။

Omega-3 အော်ဂဲနစ်ဓာတ်ပေါင်းက အရေပြားအပေါ်ယံလွှာအပေါ်မှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုများ ပေးနိုင်ပါတယ်။ ကျွန်တော်တို့ အသက်ကြီးလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ အရေပြားဆဲလ်တွေက ပျက်စီးလာတဲ့အတွက် အစိုဓာတ်တွေ လျော့နဲလာပြီးတော့ အရေပြားခြောက်သွေ့မှုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အသက်ကြီးလာတဲ့အချိန်မှာ ပါးရေတွန့်ခြင်းများ ဖြစ်ပေါ်လာကြပါတယ်။

Omega-3 အော်ဂဲနစ်ဓာတ်ပေါင်းက အရေပြားအပေါ်ယံလွှာရဲ့ ဆဲလ်အမြှေးပါးလေးများကို ပိုမိုကောင်းမွန်လာစေအောင် ကူညီပေးနိုင်ပါတယ်။ အရေပြားရဲ့ ဆဲလ်အမြှေးပါးလေးတွေက အရေပြားဆဲလ်တွေဆီကို ဝင်ထွက်နေတဲ့ အညစ်အကြေးများကို စွန့်ပစ်မှုနှင့် အာဟာရဓာတ်များကို စုပ်ယူမှုတို့ကို မှတ်သားထားတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ကြပါတယ်။ အရေပြားဆဲလ်အမြှေးပါးက ရေဓာတ်ကို ထိန်းသိမ်းထားနိုင်သည့် ဆဲလ်စွမ်းရည်အပေါ်ကိုလည်း သက်ရောက်နိုင်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ်က ရေဓာတ်ကို ထိန်းထားလျှင် အစိုဓာတ်ကောင်းစွာရှိတဲ့ နူးညံ့တဲ့အရေပြားက အရေးအကြောင်းတွေ ဖြစ်မလာအောင် ထိန်းထားပေးပါတယ်။ Omega-3 အော်ဂဲနစ်ဓာတ်ပေါင်းက အရေပြားဆဲလ်အမြှေးပါးတွေကို သင့်တော်သည့်ပုံစံဖြစ်အောင် ထိန်းသိမ်းပေးထားပြီး အရေပြားကို ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။

နေရောင်ကရတဲ့ ခရမ်းလွန်ရောင်ခြည်က အသက်အရွယ်ကြီးရင့်ခြင်းကို အလျင်အမြန် ဖြစ်စေနိုင်ပါတယ်။ Omega-3 အော်ဂဲနစ်ဓာတ်ပေါင်းက ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုကို လျော့ချရာတွင် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် Omega-3 အော်ဂဲနစ်ဓာတ်ပေါင်းကို ရောင်ရမ်းမှုတွေကို လျော့ချပေးနိုင်စွမ်းရှိတာကြောင့် အနာကျက်မြန်စေတာကိုလည်း တွေ့ရှိထားကြပါတယ်။ Omega-3 အော်ဂဲနစ်ဓာတ်ပေါင်းကို အရေပြားနီပြီး ရောင်ရမ်းနာကျင်ခြင်းများ၊ ဝက်ခြံများနှင့် အရေပြားရောဂါများကို ကုသရာမှာ အသုံးပြုကြပါတယ်။

Omega-3 အော်ဂဲနစ်ဓာတ်ပေါင်းကို မက်ကရယ်ငါး၊ တူနာငါး၊ ဆော်လမွန်ငါး၊ ပုစွန်ဆိတ်ငယ်တို့လို အဆီများတဲ့ငါးများနှင့် ရေညှိ၊ တစ်ချို့သောသစ်ပင်များ၊ အခွံမာသီးနှင့် အဆီများမှာလည်း တွေ့ရနိုင်ပါတယ်။ ဒီကျန်းမာရေးနှင့်ညီညွတ်သည့် အော်ဂဲနစ်ဓာတ်ပေါင်းများက အရေပြားအတွက် ကျန်းမာရေးအကျိုးကျေးဇူးအများကြီးကို ပေးနိုင်တာကြောင့် မျက်နှာလိမ်းခရင်မ်များ ပြုလုပ်ရာမှာ အသုံးပြုကြပါတယ်။ Omega-3 အော်ဂဲနစ်ဓာတ်ပေါင်းက ငါးအဆီကနေ တိုက်ရိုက်ရရှိလာတာကြောင့် မျက်နှာလိမ်းခရင်မ်တွေမှာတော့ အနံ့ကြောင့် ပြဿနာဖြစ်လာပါတယ်။ ထို့အပြင် မာကျူရီလို မသန့်စင်မှုများလည်း ပါဝင်နိုင်ပါတယ်။ ထို့ကြောင့် မျက်နှာလိမ်းခရင်မ်များကို အပင်အရင်းအမြစ်များနှင့် ရေညှိများမှ ရရှိသည့် Omega-3 အော်ဂဲနစ်ဓာတ်ပေါင်းကို အသုံးပြုကြပါတယ်။