တင်ပါးဆုံရိုး အစားထိုးခွဲစိတ် (Total Hip Replacement) ကုသမှု ခံယူခဲ့သည့်လူနာ၏ ရင်တွင်းစကားသံ

  • 2022-12-05

မင်္ဂလာပါ ပထမဆုံးအနေနဲ့အန်တီ့အမည်လေးနဲ့ OSC ဆေးရုံကိုရွေးချယ် ဖြစ်ခဲ့ ပုံကိုပြောပြပေးပါရှင့်

အန်တီ့ နာမည်ကတော့ ဒေါ်အုံးကျင် ပါ ။ အသက် က တော့ (၇၄နှစ်) ပါ။ ရွှေပေါက္ကံမြို့က လာခဲ့တာပါ။ အန်တီတို့ မြို့က လူတွေက ဆရာကြီးဦးသန့်ဇင်နိုင်နဲ့ OSC မှာ ဆေးရုံတက်ပြီး ခွဲစိတ်တာများလို့ အဆင်ပြေတယ် ပြောကြလို့ အန်တီလဲ OSC မှာ ခွဲဖြစ်သွားတာပါ။ ဒီရောဂါရဲ့ ဝေဒနာကို ၂၀၂၂ ရဲ့ (၇) လပိုင်း (၈) လပိုင်း လောက်ကစပြီး ခံစား နေရ တာ…အဲ့အချိန်တုန်းကတော့ လမ်း‌လျှောက်နိုင်ပါသေးတယ်။ လမ်း‌လျှောက်နိုင်တုန်းက အရိုးကြောအထူးကု ပါရဂူ ဆရာဝန်တယောက်နဲ့ ပြဖြစ်ပီး အသက်ကြီးပြီဖြစ်တဲ့အတွက် ခွဲစိတ်ဖို့အဆင်မပြေဘူးလို့ပြောပါတယ်။ နောက်တော့ အန်တီ ပြနေကျ ရိုးရိုးဆရာဝန်နဲ့ ပြကြည့်တော့ အန်တီ့ရောဂါက ခွဲစိတ်မှပျောက်မယ်လို့ပြောပြီး ဒီရောဂါက သေစေနိုင်တဲ့ ရောဂါမဟုတ်ပဲ ခွဲစိတ်လိုက်တာနဲ့ အကောင်းပကတိပြန်ဖြစ်နိုင်တယ် လို့ပြောတဲ့ အတွက် လာရောက် ခွဲစိတ်ရခြင်း ဖြစ်ပါတယ် ။

ဟုတ်ကဲ့ပါ အန်တီ့အနေနဲ့ ဆရာကြီး ဦးသန့်ဇင်နိုင် နဲ့ ခွဲစိတ်ဖြစ်ခဲ့ပုံလေးပြောပြပေးပါရှင့် …

အန်တီ့ရဲ့ အမတွေ ညမတွေ နဲ့ အမျိုးတော်တော်များများက ဆရာကြီးဦးသန့်ဇင်နိုင်နဲ့ OSC ဆေးရုံမှာ ခွဲဖူးတဲ့ အတွက် OSC ဆေးရုံမှာ ခွဲ စိတ်ရင် တာဝန်ကျဆရာဝန် ဆရာမများရဲ့ပြုစု စောင့်ရှောက်မှု ကောင်းကြောင်း ၊ ခွဲစိတ်ခန်း အထူးကြပ်မတ်ကုသမှုအပြင် facility ကလည်း အပြည့်အစုံရှိလို့ လူနာ အတွက် စိတ်ချရကြောင်း ပြောပြ ကြပြီး ဆရာကြီး ဦးသန့် ဇင်နိုင်နဲ့ OSC ဆေးရုံမှာ ခွဲဖို့တိုက်တွန်းကြလို့ ဆရာကြီးနဲ့ ဆေးခန်းအရင် လာပြခဲ့ပါတယ်။ ဆရာ ကြီးက ဓါတ်မှန်ကြည့် ရုံနဲ့ ခွဲစိတ်ရန်လိုအပ်ကြောင်းပြောပါတယ်။ အန်တီတို့ဘက်က ကုန်ကျစရိတ်အတွက် အခက်အခဲရှိတယ် ပြောတော့ ဆရာကြီးက ကုန်ကျစရိတ်အတွက် ဆေးရုံကို ချက်ချင်း မေးပေးခဲ့ပြီး ငွေရေး ကြေးရေး ကို အိမ်မှာမိသားစုနဲ့အရင်တိုင်ပင်ပြီး အဆင်ပြေရင် ခွဲစိတ်ဖို့ပြောခဲ့ပါတယ်။ ခွဲစိတ်မှ ပြန်ကောင်းလာ နိုင်မယ့် အတွက် အိမ်မှာမိသားစုနဲ့တိုင်ပင်ပြီး ခွဲစိတ်ဖြစ်ခဲ့ပါတယ်။ (၂၃) ရက်နေ့ ဆေးရုံတက် ပြီး(၂၄) ရက်နေ့ မှာ ခွဲစိတ်ခဲ့ပါတယ် ။

ဟုတ်ကဲ့ပါ အန်တီ့ရဲ့ ခွဲစိတ်နေချိန် (Operation) အတွင်းခံစားရသည့် အတွေ့အကြုံကိုလဲပြောပြပေးပါရှင့် ...

Operation လဲ အဆင်ပြေတယ်။ ထုံဆေးနဲ့ ခွဲတာဖြစ်လို့ Operation လုပ်နေတဲ့အချိန်အတွင်းအကုန်သိနေတယ် ။ ခွဲခန်းကထွက်လာတဲ့အချိန် သတိလစ်တာမျိုးတွေလဲမရှိဘူး။ အရမ်းနာကျင်ကိုက်ခဲတာမျိုးလဲမရှိဘူး။ ခွဲတဲ့အရှိန်နဲ့ အသက်အရွယ်ကြောင့် အနည်းငယ် နာကျင်မှုပဲခံစားရပါတယ်။ အရင်က အရမ်းနာလို့ ခြေထောက်ကို လှဲထားလို့လုံးဝ မရပါဘူး။ ခွဲခန်းထဲကထွက်လာတဲ့အချိန်မှာ ခြေထောက်ကိုလှဲ ပြီးထွက်လာနိုင်တော့ အရမ်းဝမ်းသာမိတယ် ။ အခုလဲ ခြေထောက်ကိုအောက်ချပြီး ပုံမှန် ဖြေးဖြေးချင်း လမ်းထလျှောက်လို့ရနေပီ။

ဟုတ်ကဲ့ပါ အန်တီ့အနေနဲ့ OSC ဆေးရုံရဲ့ ဝန်ဆောင်မှုအပေါ် အမြင်လေး ပြောပြပေးပါရှင့် …

ရွာဘက်ကအမျိုးတွေများတဲ့အတွက် ဆေးရုံကိုလူနာလာကြည့်တဲ့လူတွေများလို့ ဆူညံနေလဲငြိုငြင်ခြင်းမရှိဘူး။ ဆေးရုံ က ဆရာဝန်တွေရော သူနာပြု တွေရော သန့်ရှင်းရေး၀န်ထမ်းတွေအစ အကုန် စိတ်ရှည်သဘော ကောင်း ကြတယ် ။ အန်တီ ဆေးရုံက ဆင်းရင်လည်း အိမ်မှာကိုယ်တိုင် လေ့ကျင့်ခန်း လုပ်လို့ရအောင် သူနာပြုတွေကလဲ စေတနာအပြည့်နဲ့ တခါထဲ သင်ပေးလိုက်တယ်။ ဒီက ဆရာဝန်တွေရော သူနာပြုတွေရော အကုန်လုံးက ဂရုစိုက်ပေးကြတယ်။ OSC ဆေးရုံရဲ့ ဝန်ဆောင်မှုကို အန်တီ့အနေနဲ့ အားလုံးခြုံပြီးပြောရမယ်ဆိုရင်တော့ အစစအရာရာ စိတ်ချမ်းသာရပြီး ပိုက်ဆံ ကုန်ရကျိုးနပ်တယ်လို့ ပြောချင်ပါတယ်….

---------------------------------------------------

ဟုတ်ကဲ့ပါအန်တီ အခုလို OSC ဆေးရုံကို ရွေးချယ်ဖြစ်ပုံနဲ့ လိုသမျှကို စိတ်ရှည်ရှည်နဲ့ ဖြေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ... အမြန်ဆုံးသက်သာပြီးစိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစွာဖြင့် အသက်ရှည်စွာ နေထိုင်နိုင်ပါစေလို့ OSC ဆေးရုံမှ ဆုတောင်းပေးပါတယ်အန်တီ....