All_in_One_Maternity_Package_ဖြင့်_လာရောက်မွေးဖွားခဲ့သော မိခင်၏ ရင်တွင်းပီတိ စကားသံ

  • 2022-10-28

မင်္ဂလာပါ ရှင့်။အရင်ဆုံး အမရဲ့ အကြောင်းလေး မိတ်ဆက်ပေးပါအုံးရှင့်...

မင်္ဂလာပါ အမကတော့ သဉ္ဇာမျိုးအောင်ပါ။ နေတာကတော့ (၁)ရပ်ကွက် ၊မြောက်ဥက္ကလာမြို့နယ်ကနေ လာရောက်မွေးဖွားတာပါ။

သားဖွားမီယပ် အထူးကု ဒေါက်တာအိအိအောင် နဲ့ OSC ဆေးရုံ ကိုရွေးချယ်ခဲ့ဖြစ်ပုံကို ပြောပြပေးပါအုံးရှင့်...

ဒေါက်တာ အိအိအောင် နဲ့က အရင်တည်းက အမျိုးသမီးနဲ့သက်ဆိုင်တဲ့ရောဂါလေးပြသဖူးပါတယ်။ ပြီးတော့ ကလေးယူဖို့အတွက်လည်း တိုင်ပင်ဖြစ်တယ် အဲ့လို တိုင်ပင်ပြီး တော့ ကလေးယူဖို့ဆုံးဖြတ်အပြီး မှာ ကိုယ်ဝန်ရရှိခဲ့ပါတယ်။ ကိုယ်ဝန်ရရှိပြီး ရက်သတ္တပါတ် ခြောက်ပတ်မြောက်မှာ ဆရာမနဲ့ ပြန်လာပြပြီး နောက်တော့ ဆရာမရက်ချိန်းတိုင်း လာပြဖြစ်ပါတယ်။ ဆက်တိုက်ပြလာပြီး မွေးဖွားပြီးတဲ့အထိ ဆိုတော့ ရွေးချယ်ဖြစ်ခဲ့တာပါ။ OSC ဆေးရုံကို ရွေးချယ်ဖြစ်ခဲ့တာက နီးတာလည်း ဖြစ်တယ် လာလည်းပြဖူးတယ် ဝန်ဆောင်မှုလည်း ကောင်းတာဆိုတော့ ရွေးချယ်ဖြစ်တာပါ။

All in One Maternity Package ကို အမအနေနဲ့ ရွေးချယ်ဖြစ်ခဲ့ပုံကို ပြောပြပေးအုံးရှင့်

အဲ့ဒီ Package က အမအတွက်အဆင်ပြေတယ်လေ ပြီးတော့ ပါဝင်တဲ့ဝန်ဆောင်မှုတွေကို OG ဒေါက်တာအိအိအောင် နဲ့ခွဲမွေးတာလည်းပါဝင်တယ်။ ခွဲစိတ်ခန်းအသုံးပြုခြင်း၊ မေ့ဆေးဆရာဝန် ၊ကလေး ဆရာဝန် ၊မိခင်နှင့် ကလေး (၂၄)နာရီ ကျန်းမာရေး စောင့်ရှောက်မှု၊မွေးကင်းစ ကလေးလက်ဆောင် ဓါတ်ပုံ ပေးခြင်း ဝန်ဆောင်မှု၊မိခင်နှင့်ကလေး (၂) ဦး ABO RH စစ်ဆေးမှု၊ မွေးကင်းစ ကလေးအတွက် G6PD ရှိမရှိ စစ်ဆေးခြင်း၊မွေးကင်းစ ကလေးငယ်အတွက် ကာကွယ်ဆေးထိုးပေးခြင်း၊ နေ့စဉ် ဆရာဝန်ကြီး လာရောက်ကြည့်ရှုမှုများ နှင့် လေးရက်အိပ် နှင့် ငါးရက် Package တို့ ပါဝင်တော့ အဆင်ပြေတာပေါ့ ။ အမကတော့ Single Room ကိုရွေးချယ်လိုက်လို့ Package ထက် ပိုပြီး အခန်းကို စိတ်ကြိုက်ရွေးလိုက်လို့ (၁၆)သိန်းလောက်ကျသွားပါတယ်။ ပုံမှန် All in One Package ကတော့ (၁၄)သိန်းပါ။ အဲ့မှာက ဥပမာ ကလေး အသားဝါတာတို့ လိုအပ်လို သွေးသွင်းရတာတို့ ဆေးဝါးတွေ နှင့် သူနာပြုထပ်ဌားတာကတော့ မပါဝင်တော့ ကလေးနဲ့ မိခင်ကျန်းမာရေးလိုအပ်ချက်အပေါ်ကုန်ကျတာတွေတော့ ရှိတာပေါ့လေ။

အမ OSC ဆေးရုံ၏ ဝန်ဆောင်မှုနဲ့ ပတ်သတ်ပြီး ပြောပြပေးပါအုံးရှင့်...

ဆေးရုံ ဝန်ဆောင်မှု Special Nurse ဌားစရာမလိုအောင် တာဝန်ကျ ဆရာဝန် နှင့် သူနာပြုတွေ ကအချိန်မှန်စောင့်ရှောက်ပေးတော့ အမအတွက် ကုန်ကျစရိတ်သက်သာတာပေါ့။သန့်ရှင်းရေးလည်း လိုအပ်လို ခေါ်လိုက်ရင် ချက်ချင်းရောက်လာပါတယ်။

အမအနေနဲ့ ဘာများ အကြံပြုချင်ပါသလဲ??

အားလုံး အဆင်ပြေပါတယ် အခုလို All in One Packge ကိုရွေးချယ်ပြီး ဆရာမ ဒေါက်တာအိအိအောင် နဲ့ မွေးဖွားတော့ အဆင်ပြေပါတယ်။ အမလိုပဲ မိခင်လောင်းများ အတွက် မွေးဖွားမယ်ဆို OSC ကိုရွေးချယ်ဖို့ အကြံပြုပါတယ်။

---------------------------------------------------

အခုလိုဖြေကြားပေးတဲ့ အမကို OSC ဆေးရုံမှ ကျေးဇူးတင်ပါတယ် အမနဲ့ သမီလေးလည်း အသက်ရှည် ကျန်းမာစွာနဲ့ ဘဝ တစ်လျှောက်လုံး ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်ရှင်..

#Patient_Testimonial
#OSC_Hospital