တင်ပဆုံရိုး အစားထိုး ခွဲစိတ် ကုသမှု ခံယူခဲ့သည့်လူနာ၏ ရင်တွင်းစကားသံ (Total Hip Replacement )

  • 2022-10-28

မင်္ဂလာပါရှင့် ပထမဆုံးအနေနဲ့ အစ်ကို့နာမည်လေးနဲ့ ပထမဆုံးမိတ်ဆက်ပေးပါအုံးရှင့်....

ကျွန်တော့်နာမည်ကတော့ Salai Mordi ပါ ။ အသက် က တော့ (၃၀) ပါ။ ချင်းပြည်နယ် ကလေးမြို့က လာရောက်ကုသ တာဖြစ်ပါတယ်

အစ်ကို့အနေနဲ့ ဆရာကြီးဦးသန့်ဇင်နိုင် နဲ့ခွဲစိတ်ဖြစ်ခဲ့ပုံလေးပြောပြပေးပါရှင့် .

၂၀၁၉ မှာ ဆိုင်ကယ် Accidient ဖြစ် ပြီး တင်ပဆုံရိုး Joint မှာ မသက်သာလို့ ရန်ကုန် ကို ဆေးလာကုရင်း မြောက်ဒဂုံက ရွှေတော်ဝင်ဆေးခန်းမှာ ဆရာ ဦးဥာဏ်လင်းအောင်နဲ့ စပြဖြစ်ပြီး ဆရာ ဦးဥာဏ်လင်းအောင်ကတဆင့် ဆရာကြီး ဦးသန့်ဇင်နိုင် ကို recommend ပေးတဲ့အတွက် ဆရာကြီးနဲ့ခွဲဖြစ်ခဲ့တာပါ...

အစ်ကို့အနေနဲ့ OSC ဆေးရုံကိုရွေးချယ်ဖြစ်ခဲ့ ပုံကိုပြောပြပေးပါရှင့်

ဆရာကြီး ဦးသန့်ဇင်နိုင် နဲ့ ခွဲ မယ်ဆိုတော့ ဆရာကြီးက OSC မှာ ထိုင်တယ်ဆိုလို့ OSC မှာြပဖြစ်ခဲ့ပါတယ် ဆရာကြီး နဲ့ ၁၉ ရက်နေ့က ခွဲခဲ့ပါတယ်ဆရာကြီး က OSC ဆေးရုံမှာ ခွဲ စိတ်ရင် တာဝန်ကျဆရာဝန် ဆရာမများရဲ့ပြုစု စောင့်ရှောက် မှု ကောင်းကြောင်း ခွဲစိတ်ခန်း အထူးကြပ်မတ် ကုသမှု facility အနေဖြင့်လဲ လူနာ အတွက် စိတ်ချရကြောင်း အသေးစိတ် ရှင်းပြ သည့်အတွက် OSC ဆေးရုံ ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်..

အစ်ကို့ရဲ့ Operation အတွေ့အကြုံ နဲ့ OSC ဆေးရုံရဲ့ ဝန်ဆောင်မှုအပေါ် အမြင်လေး ပြောပြပေးပါရှင့်...

Operation လဲ အဆင်ပြေပါတယ် အစက ဆီးချိုရောဂါရှိလို့ စိတ်ပူခဲ့ရပေမယ့် အရမ်းနာနေတာမျိုး အဆင်မပြေ ဖြစ်တာမျိုး မရှိပါဘူး ဒီက ဆရာဝန် တွေ ရော သူနာပြုတွေရော အကုန်လုံးက ဂရုစိုက် ကြတယ် အစစအရာရာ အဆင်ပြေတယ် ဆေးရုံတက်ရတာရော အစစအရာရာ အဆင်ပြေတဲ့အတွက်စိတ်ချမ်းသာတယ်

---------------------------------------------------

ဟုတ်ကဲ့ပါအစ်ကို အခုလို စိတ်ရှည်ရှည်နဲ့ သိလိုသမျှကို ဖြေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အမြန်ဆုံးသက်သာြပီး စိတ်ရော ကိုယ်ရော ကျန်းမာ ချမ်းသာ ပါစေ လို့ OSC ဆေးရုံ မိသားစု မှ ဆုတောင်းပေးပါတယ်ရှင့်....

#Patient_Testimonial
#OSC_Hospital