ပုသိမ်မြို့မှ OSC ဆေးရုံသို့ သည်းခြေရှိကျောက်အား Laparoscopic Surgery ဖြင့် ခွဲစိတ်သော လူနာ၏ ရင်တွင်းစကားသံ Symptomatic Gall Stone Laparoscopic Surgery

  • 2022-10-28

မင်္ဂလာပါ အရင်ဆုံး အန်တီအကြောင်းလေး မိတ်ဆက်ပေးပါအုံး ခင်ဗျာ။

အန်တီနာမည်က ဒေါ်သန်းသန်းအေး အသက် (၅၄) နှစ် ပုသိမ်မြို့ ကနေ လာရောက်ကုသတာပါ။

OSC ဆေးရုံကို ရွေးချယ်ပြီး လာရောက်ကုသမှု ခံယူခဲ့ပုံလေး ပြောပြပေးပါအုံးခင်ဗျာ။

အန်တီက ပုသိမ်မှာနေတာဆိုတော့ အဲ့မှာရှိတဲ့ ဆေးရုံ / ဆေးခန်းတွေပဲပြဖြစ်ပါတယ်။ အဲ့လိုပြဖြစ်နေတာ (၆)နှစ်လောက်တောင်ရှိသွားပြီလေ။ ရန်ကုန် OSC ဆေးရုံကို မရောက်ခင် တစ်လအလိုမှာတော့ တစ်လလောက်မှာ ပြင်းပြင်းထန်ထန် ခံစားရတယ် ။ ရေသောက်ရင်တောင် တောင့်တောင့်ကြီး ရင်ထဲကအောင့်လာတာနဲ့နောက်ဆုံးပြခဲ့တဲ့ ဆရာက ပါမောက္ခ ဒေါက်တာ နေအောင်ထွန်း အထွေထွေ ခွဲစိတ် အထူးကု နဲ့ပြသဖို့အတွက် အကြံပေးပါတယ်။ အဲ့ဒါနဲ့ ဆရာကြီး ထိုင်တဲ့ ဆေးရုံ တွေ လိုက်စုံစမ်းရင်းနဲ့ OSC ဆေးရုံ ကို ရွေးချယ် ဖြစ်ခဲ့တာပေါ့။

အဲ့ဒါနဲ့ရေအိတ်ကကြီးနေတယ် ခွဲစိတ်ဖို့လိုအပ်ကြောင်း ရောဂါ အကြောင်းကို သေချာရှင်းပြခဲ့ပါတယ်။အဲ့ဒါနဲ့ညီမလည်း ကုမ္ပ္ပဏီ ဒေါက်တာနဲ့တိုင်ပင်ပြီး ခွဲစိတ်ဖို့ဆုံးဖြတ်လိုက်တယ် နောက်တစ်ပတ်လောက်မှခွဲစိတ်မယ်ဆိုပြီး ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေမှာခွဲစိတ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ Ultrasound က Sunday ရိုက်ပြီး နောက်တစ်ပတ်ခွဲမယ်ပေါ့လေ။ဒါပေမဲ့ ရုံးဖွင့်ရက် ဗုဒ္ဓဟူး နေ့မှာဘဲ ရုံးတက်နေရင်းနဲ့အရေးပေါ်မူးလဲသွားပြီး ဖြစ်ဖြစ်ခြင်းဘဲ OSC ဆေးရုံကိုဘဲ ချက်ချင်းလာခဲ့ရတာပေါ့လေ။

ဆရာကြီး နဲ့ ပြသပြီး ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပုံနဲ့ မှန်ပြောင်းဖြင့်ရွေးချယ် ခွဲစိတ်ဖြစ်ခဲ့ပုံ ကိုလည်းပြောပြပေးပါအုံးခင်ဗျာ။

အရင်ဆုံး OSC ဆေးရုံမှာ ပဲ ပြင်ပလူနာ အနေဖြင့် ပြသဖို့ ရက်ချိန်းယူလိုက်တယ် ။ ဆရာကြီးနဲ့ ပြင်ပလူနာအနေဖြင့် (၂) ခါလောက်ပြပြီး ခွဲစိတ်ရမှာဖြစ်ကြောင်း ပြောပြတာနဲ့ အချိန်မဆွဲတော့ပဲ အန်တီက ခွဲစိတ်ဖို့ဆုံးဖြတ်လိုက်တယ်။ ဆရာကြီး ကောင်းသလိုပဲစီစဉ်ပါလို့ပြောတယ် အဲ့ဒါနဲ့ အနာကျက်မြန် ခွဲစိတ်မှု ဝေဒနာ ခံစားမှုသက်သာ ဆေးရုံ မြန်မြန်ဆင်းနိုင်တဲ့ မှန်ပြောင်းဖြင့် ခွဲစိတ်မှုပြုလုပ်လိုက်တယ်။

ခွဲစိတ်ခန်းအတွေ့အကြုံလေး ပြောပြပေးပါအုံးခင်ဗျာ။

ဆရာကြီးနဲ့ ပြင်ပလူနာအနေဖြင့် နှစ်ကြိမ်ပြပြီး ခွဲစိတ်ဖို့ ရက်ချိန်းယူလိုက်တယ် ။ တစ်ရက်ကြိုတင်ပြီး ဆေးရုံတက်ပြီး နောက်တစ်ရက်မှာ ခွဲစိတ်တယ်။ ပထမဆုံး ခွဲစိတ်မှုနဲ့ ဆေးရုံကိုအခုမှ တက်ဖူးတော့ ကြောက်တာတော့ ကြောက်တာပေါ့။ အဲ့ဒါနဲ့ မခွဲစိတ်ခင် အရင်ဆုံး ဒေါက်တာ သန့်ဇော်လွင် နှလုံးနှင့် အထွေထွေ သမားတော် နှင့်ပြသပြီး စစ်ဆေးစရာရှိတာတွေ အရင်ဆုံးပြုလုပ်ပြီး အားလုံကောင်းတာနဲ့ ခွဲစိတ်လိုက်ပါတယ်။ မခွဲစိတ်ခင်တုန်းကသာ စိတ်လှုပ်ရှားပြီး ကြောက်ခဲ့ပေမဲ့ တကယ်လည်း ခွဲစိတ်လိုက်တော့ အားလုံးအဆင်ပြေပါတယ် ။ ခွဲစိတ်ပြီး နောက်ရက်မှာ လမ်းလျှောက်နိုင်ပြီး ဆေးရုံကို (၃)ရက်ပဲတက်လိုက်ရပြီး စောစောဆင်းနိုင်ခဲ့တယ်။ Laproscopisc sugery နဲ့ဆိုတော့ ခွဲစိတ်ဒဏ်ရာကလည်းသေးတော့ အနာကျက်မြန်တယ် ၊ ခွဲစိတ်မှု ဝေဒနာခံစားရတာကလည်းသက်သာတော့ ဆေရုံမြန်မြန်ဆင်းနိုင်တာပေါ့။

တစ်ခြားရောဂါအခံကော ရှိသေးလား ခင်ဗျာ။

အန်တီက သွေးတိုးနဲ့ ဆီးချိုရောဂါတော့ရှိတယ်။ တစ်ခြားတော့ မရှိပါဘူး။ အခုဝေဒနာခံစားနေရတာက ခွဲစိတ်လိုက်တာ သက်သာသွားပါပြီ။

OSC ဆေးရုံ ဝန်ဆောင်မှု နဲ့ပတ်သတ်ပြီး ပြောပြပေးပါအုံးခင်ဗျာ။

OSC ဆေးရုံမှာ အားသာချက်က အထူးကု အစုံအလင်ရှိတာရယ် တာဝန်ကျ ဆရာဝန် သူနာပြုတွေကလည်း စောင့်ရှောက်မှု နှင့် ဝန်ဆောင်မှု ကောင်းကြပါတယ်။ ဆရာကြီး မှာကြားသမျှပြောသမျှတွေကို အကုန်လုပ်ပေးတယ်။ အမြဲလည်း ဘာလိုအပ်လည်း မေးပါတယ်။နေ့စဉ်လည်း သူနာပြုဆရာမလေးတွေက ဆေးသောက်ရမဲ့အချိန် သွေးပေါင်ချိန်တိုင်းတာတွေ ပြုလုပ်ပေးတယ်။အားလုံးအဆင်ပြေခဲ့ပါတယ်။အဲ့ဒါကြောင့်လည်း အန်တီလို ရောဂါဝေဒနာ ခံစားရတဲ့ သူတွေကို မျှဝေပေးဖြစ်တာပါ။

---------------------------------------------------

ဟုတ်ကဲ့ပါ ယခုလို မေးမြန်းသမျှကို စိတ်ရှည်စွာဖြင့် ဖြေကြားပေးခဲ့ပြီး OSC ဆေးရုံကို ပုသိမ်မြို့ ကနေ ရွေးချယ်ဖြစ်ခဲ့တဲ့ အန်တီကိုကျေးဇူးတင်ပါတယ်။ သက်ရှည်ကျန်းမာစွာဖြင့် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ OSC ဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

#Patient_Testimonial
#OSC_Hospital