သည်းခြေရှိ ကျောက်အား (Symptomatic Gallstone for open cholecystectomy) OSC ဆေးရုံကိုရွေးချယ်ပြီး ခွဲထုတ်လိုက်ရသော လူနာ၏ ရင်တွင်းစကားသံ

  • 2022-10-28

မင်္ဂလာပါအန်တီ။ အရင်ဆုံး အန်တီအကြောင်းကို မိတ်ဆက်ပြောပြပေးပါအုံးခင်ဗျာ။

အန်တီ နာမည်က နီနီကျော်ပါ။သင်္ဃန်းကျွန်းမြို့နယ်ကနေ လာရောက်ကုသတာပါ။

အန်တီရောဂါအခြေအနေလေးပြောပြပေးပါအုံး။

ဖြစ်နေတာက( ၅ ) နှစ်လောက်ရှိနေပြီ။ အရင်တည်းကဖြစ်နေတာပျောက်လိုက် ပေါ်လိုက်နဲ့ ကုနေတာပေါ့။ အဲ့လိုနဲ့ ကုသနေတာ ယခုနှစ်အတွင်းမှာတော့ တော်တော်ခံစားလိုက်ရတယ် ဆရာတွေစုံနဲ့ ပျောက်ကင်းအောင်ကုသရင်း နောက်တော့အထွေထွေခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာနေအောင်ထွန်းနဲ့ မခွဲခင်သုံးလအတွင်းမှာ ပြသဖြစ်သွားခဲ့ပါတယ်။ ဆရာကြီးနဲ့တွေ့တော့မှပဲ သည်းခြေမှာကျောက်တည်နေကြောင်းနှင့် ခွဲထုတ်လိုက်မှ အဆင်ပြေမှာဖြစ်ကြောင်း တိုင်ပင်ပြောပြပေးခဲ့လို့ အန်တီလည်း အိမ်ကသမီးနဲ့ တိုင်ပင်ပြီးခွဲစိတ်ဖြစ်ခဲ့ရတာပါ။

အန်တီအနေနဲ့ ခွဲစိတ်ဖို့အတွက် OSC ဆေးရုံကို ရွေးချယ်ဖြစ်ပုံလေးကိုလည်း ပြောပြပေးပါအုံးခင်ဗျာ။

ဆရာကြီးကတော့ ခွဲစိတ်ဖို့အတွက် ဆေးရုံတွေရွေးခိုင်းပါတယ်။ အဲ့တော့ အရင်ဆုံး ဆေးရုံတွေရဲ့ Facebook page တွေကို သမီးကကြည့်ပေးတယ် review တွေကောင်းမကောင်းပေါ့ အဲ့မှာ OSC ဆေးရုံ page review ကတော့ အခြား ဆေးရုံတွေထက် မကောင်းတာတွေကများတယ်။ အဲ့ဒါနဲ့ သမီးနဲ့တိုင်ပင်ပြီး နီးတာရယ် ၊ ပြီးတော့ တကယ်ပဲလား အော်ဘာဖြစ်ဖြစ်ငါ့ကံပဲဆိုပြီး ရွေးချယ်ဖြစ်ခဲ့တာပါ။

အန်တီက OSC ဆေးရုံ၏ အခုအစီအစဉ်မှာ ဝန်ဆောင်မှုကတကယ်ကောင်းခဲ့လို့ ပြောပြပေးတာလို့ သိရပါတယ်။ အခုကော အန်တီ အနေဖြင့် OSC ဆေးရုံမှာတက်ရောက်ပြီး အမှန်တကယ်ကော စိတ်ကျေနပ်မှုရှိရဲ့လားခင်ဗျာ။

အန်တီခွဲစိတ်ဖို့အတွက် ဆေးရုံတက်တယ်ပြီးတော့ ခွဲစိတ်ခန်းဝင်ရတဲ့ အချိန်ကနေ အခုတက်ခဲ့ရတဲ့ (၅)ရက်အတွင်းမှာ ကြုံတွေ့ရတာကို ပြောပြပါမယ်။ ပထမနေ့ ဆေးရုံတက်ဖို့ စရောက်ထဲက အတွင်းလူနာဌာနမှ ဝန်ထမ်းများမှ ပျူဌာစွာကြိုဆိုပါတယ်။ ပြီးတော့ ခဏအနားယူပြီး ခွဲစိတ်ခန်းဝင်ခဲ့ပါတယ်။ ခွဲစိတ်ခန်းကစထွက်လာထဲက လူနာဆောင် (၅)လွှာကိုစရောက်ထဲက တာဝန်ကျ ဆရာဝန် နှင့် သူနာပြုများက နွေးနွေးထွေးထွေး ဆက်ဆံကြပါတယ်။ သွေးပေါင်ချိန်တိုင်းတာချိန် နှင့် ဆေးသောက်ချိန်တို့တွေကို အမြဲလာပြီး သူအချိန်နဲ့ သူ မလစ်ဟင်းပဲလုပ်ပေးတယ်။ တာဝန်ကျဆရာဝန်တွေကလည်း ဆရာကြီးနဲ့ ဆက်သွယ်ပြီး ဆောင်ရန်ရှောင်ရန်တွေ မှာကြားတာတွေကို အကုန်လာပြောပေးတယ်။သန့်ရှင်းရေးကလည်း တံခါးလေးခေါက်ပြီး အခန်း သန့်ရှင်းရေးလုပ်ပေးရမလားဆိုပြီး အမြဲမေးတယ် ခဏခဏ လုပ်ပေးတယ်။ အဲ့ဒါကြောင့် အထင်နဲ့ အမြင်နဲ့က တစ်ခြားစီဖြစ်ခဲ့ရတယ်။ အဲ့ဒါနဲ့ အန်တီတကယ်ကျေနပ်ခဲ့ရလို့ ရောဂါလည်း တော်တော်သက်သာသွားတာရယ် အခုလို နွေးထွေးတဲ့ ဝန်ဆောင်မှုကြောင့် စိတ်ချမ်းသာမှုတွေကြောင့် ပြောပြချင်လို့ အခုလို OSC ဆေးရုံ၏ အစီအစဉ်လေးကို ပါဝင်ဖြစ်ခဲ့တာပါ။

အန်တီအနေနဲ့ ကျေးဇူးတင်စကားလေးပြောပြပေးပါအုံးခင်ဗျာ။

အရင်ဆုံး ဆရာကြီး ကို ကျေးဇူးတင်ပါတယ် ။ခွဲစိတ်ပေးလိုက်လို့ ခွဲခန်းကထွက်တဲ့တစ်ရက်ပဲ အနာမကျက်သေးတော့နာခဲ့ရတာပါ။နောက်နေ့တော့ ခွဲထုတ်လိုက်တဲ့ကျောက်က ကိုယ်မှာမရှိတော့ နေရထိုင်ရတာ သက်သာသွားတယ် အခုလို (၅)ရက်အတွင်းမှာ ဆေးရုံကဆင်းနိုင်သွားပြီလေ။ နောက်ပြီးတော့ Ward -5 မှ တာဝန်ကျ Sister နှင့်အတူ တာဝန်ကျ ဝန်ထမ်းများကိုကျေးဇူးတင်ပါတယ်။ Sister ကနေ့တိုင်းလိုအပ်မှု အဆင်မပြေမှု ဖြစ်မှာစိုးရိမ်ပြီး လာလာမေးတယ်။ နွေးနွေးထွေးထွေးနဲ့လည်း ဆက်ဆံပေးတယ်။ တာဝန်ကျ ဆရာဝန်သူနာပြုတွေကလည်း စိတ်ပါလက်ပါနဲ့ ဂရုစိုက်ပေးတယ်။ အားလုံးကို သဘောကျတယ် နွေးထွေးတဲ့အပြုံးလေးနဲ့ ဂရုစိုက်ပေးကြတာဆိုတော့ ရောဂါသက်သာသွားသလိုပဲ။

အန်တီအနေနဲ့ OSC ဆေးရုံကို ရွေးချယ်ဖြစ်ပုံနဲ့ အခုလိုကျေးဇူးတင်စကားပြောပြပေးလို့ ဆေးရုံမိသားစုကလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အစစအရာရာ အဆင်ပြေပြီး ကျန်းမာချမ်းသာစွာဖြင့် အသက်ရှည်စွာ နေထိုင်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပေးပို့အပ်ပါသည်ခင်ဗျာ။

#Patient_Testimonial
#OSC_Hospital