မရည်မွန်အောင် ၏ ခွဲစိတ်ခန်းအတွေ့အကြုံ နှင့် ရင်တွင်းစကားသံ

  • 2019-10-23

မင်္ဂလာပါ အန်ကယ်ခင်ဗျာ။ အရင်ဆုံး အန်ကယ် အကြောင်းလေး မိတ်ဆက်ပေးပါအုံး။

ဟုတ်ကဲ့ အန်ကယ်နာမည်က ဦးသိန်းအေးပါ ပုဇွန်တောင်မြို ့နယ် ကနေ လာရောက်ခဲ့တာပါ။

ရောဂါရာဇဝင်လေးနဲ့OSC ကိုရောက်ခဲ့ပုံလေးလည်းပြောပြပေးပါအုံး။

လွန်ခဲ့တဲ့ (၁၃)နှစ် အူအတက်ရောင်လို့ ခွဲစိတ်လိုက်ရတယ် ။အဲ့ဒီအချိန်ကတည်းက ခွဲစိတ်တဲ့ဆရာဝန်က သည်းခြေမှာ ကျောက်တွေ့ တယ်ဆိုတဲ့အကြောင်း အခုခွဲစိတ်ပြီးလို့ တစ်လအကြာ သက်သာရင် သူပြန်ကြည့်ပေးမယ်ပြောပါတယ်။ အန်ကယ်လည်း သက်သာနေတာရယ် အဆင်ပြေနေတာကြောင့် မသွားပဲနေခဲ့တာ အခုထိပဲဆိုပါတော့။နောက်တော့ အန်ကယ် အစား များများစားလာရင် အောင့်လာတာကြောင့် ကျန်းမာရေးလည်းကောင်းနေသေးတော့ ပြသဖို့ ခွဲဖို့ ဆုံးဖြတ်လိုက်တာပါ။ အရင်ဆုံး ပြသဖို့ OSC ကိုရွေးချယ်ဖြစ်ခဲ့တာကတော့ မေ့ဆေးဆရာဝန်ကြီး ဦးစိုးနိုင်မှတစ်ဆင့် သူက တွဲဖက်ပေါမောက္ခ ဦးကြည်ဦး နဲ့ပြသဖို့ ညွှန်းတာနဲ့ OSC ဆေးရုံမှာ ဆရာကြီးကလည်း ထိုင်တော့ ရွေးချယ်ဖြစ်ခဲ့တာပါ။

ဆရာကြီးနဲ့ ပြသပြီး ခွဲစိတ်ဖြစ်ခဲ့ပုံ အခုလို ကိုယ်တွင်း အင်္ဂါကြည့် မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း ( Laparoscopic Surgery) ကိုရွေးချယ်ဖြစ်ခဲ့ပုံလေးကိုလေး ပြောပြပေးပါအုံး ခင်ဗျာ။

ဆရာကြီး နဲ့ ပြင်ပလူနာအနေဖြင့် (၂)ခါပြလိုက်တယ်။ ရိုးရိုးခွဲစိတ်ခြင်း နဲ့ မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (၂)မျိုးရှိကြောင်း ရိုးရိုးခွဲစိတ်ခြင်း က ဆေးရုံတက်ရတဲ့ ကြာချိန်ပိုနိုင်ပြီး ဗိုက်ကိုခွဲစိတ်ရသောကြောင့် နာကျင်မှုဝေဒနာခံစားရနိုင်တယ်။ ကိုယ်တွင်း အင်္ဂါကြည့် မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းကတော့ ဝမ်းဗိုက်သည်းခြေကျောက် ရှိတဲ့နေရာကိုပဲ အပေါက်ငယ်လေးဖောက် ပျော့ပျောင်းခေတ်မီမှန်ပြောင်းဖြင့် အတိအကျ ကြည့်ရှုစစ်ဆေးပြီး ခွဲစိတ်ရတာဆိုတော့ အနာကျက်မြန်ကြောင်း သေးငယ်သော အပေါက်ကလေးပဲဖောက်ရတာဆိုတော့နာကျင်မှုက မပြောပလောက်တာရယ် ဆေးရုံမြန်မြန်ဆင်းနိုင်တာရယ်ဆိုပြီး သိရှိခဲ့တာကြောင့် အခုလို ရွေးချယ်ဖြစ်ခဲ့တာပါ။

ခွဲစိတ်တော့မယ်ဆုံးဖြတ်လိုက်တော့ ခွဲစိတ်ခန်းအတွေ့အကြုံလေးတွေလည်း ပြောပြပေးပါအုံး ခင်ဗျာ။

ပြင်ပလူနာ (၂)ခါပြပြီးတော့ ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်ပြီး အရင်ဆုံး မခွဲစိတ်ခင် ကျန်းမာရေး စစ်ဆေးခြင်း ၊သွေးစစ်၊ ဆီးစစ် တာတွေကို သမားတော် ပါမောက္ခ ဦးသိန်းမြင့်နဲ့ ပြသခဲ့ပါတယ်။ ခွဲစိတ်တာကတော့ မေ့ဆေးနဲ့ပဲ ကြာချိန်ကတော့ (၁)နာရီခွဲလောက်ကြာသွားပါတယ်။ ခွဲစိတ်တုန်းနဲ့ ခွဲစိတ်ပြီး ဘာမှမခံစားလိုက်ရပါဘူူး။ အားလုံးအဆင်ပြေပါတယ်။

အန်ကယ်မှာ တစ်ခြားရောဂါဝေဒနာတွေကော ရှိသေးလားခင်ဗျာ။

ဘာရောဂါမှ မရှိပါဘူး။ အန်ကယ်က ကျန်းမာရေးလိုက်စားတယ်။ လမ်းလျှောက်တာတို့ တောင်တက်တာတို့လုပ်ဖြစ်တယ်။အဲ့ဒါတွေကြောင့်လည်း တစ်ခြား ရောဂါတွေ မရှိတာ ကျန်းကျန်းမာမာနေနိုင်တာပေါ့။

ဆေးရုံရဲ့ဝန်ဆောင်မှုပိုင်းနဲ့ တစ်ခြားအကြံပေးချင်တဲ့ အရာလေးတွေရှိရင်လည်း ပြောပြပေးပါအုံးခင်ဗျာ။

ကုသမှုပိုင်း တာဝန်ကျ ဆရာဝန်တွေနဲ့ သူနာပြုတွေရဲ့နေ့စဉ်စောင့်ရှောက်ပေးမှုလေးတွေကောင်းပါတယ် ပေးရတဲ့စျေးနဲ့ ဝန်ဆောင်မှုအတွက် ကျေနပ်ရပါတယ်။အကြံပေးခြင်တာကတော့ ယခုအချိန်မှာငွေထုတ်ယူရတာခက်ခဲတာကြောင့် ငွေသားထက် Mobile Banking ဝန်ဆောင်မှုကို ယခုလို (၅၀)+(၅၀)ထက် ပိုပြီးပြုလုပ်ပေးနိုင်ရင်ပိုကောင်းမယ်လို့ မြင်မိပါတယ်။ အခုကတော့အားလုံးခက်ခဲနေကြတော့ ဆေးရုံအတွက်လည်း ခက်ခဲမယ်ဆိုတာနားလည်ပါတယ် ။ တစ်ခြားသူတွေအတွက် အန်ကယ်က အကြံပေးတာပါ။ ယခုလို OSC ရဲ့ Facebook ပေးမှာ တင်ပြီးပြောပြခွင့်ရလို့ အန်ကယ်လို ကုသချင်တဲ့သူတွေတွေ့သွားရင် ကုသိုလ်ရတာပေါ့။ အန်ကယ်လည်း နှုတ်ဖြင့် ကိုယ့်ရဲ့အတွေ့အကြုံတွေကို ပြောပြပေးမှာပါ။ ဒါမှ မသိတဲ့သူတွေ ဘယ်လိုကုသရင်ရတယ်ဆိုတာသိသွားကြမှာလေ။ ကုသမှု ဂရုစိုက်မှုလေးတွေနဲ့ ပတ်သတ်ပြီးလည်း ကောင်းတဲ့အမြင်တွေ တွေ့ကြုံရတဲ့ အတွေ့အကြုံလေးတွေကို Sharing ပြုလုပ်ပေးမှာပါ။

ဟုတ်ကဲ့ပါ အန်ကယ်အခုလို အသုံးပြုခွင့်နဲ့ ကောင်းမွန်တဲ့ခွဲစိတ်မှု အတွေ့အကြုံလေးတွေကို ပြောပြပေးမယ်ဆိုတာကြောင့် OSC ဆေးရုံမိသားစုမှလည်း ကျေးဇူးတင်ပါကြောင်းနှင့် သက်ရှည်ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ။

---------------------------------------------------

“ ကုသမှုခေတ်မီ၊ မေတ္တာဖြင့်ကူညီ၊ OSC ကိုသင်ယုံကြည် ” သင်နှင့် သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။