ဒူးခေါင်းအစားထိုးကုသမှု ခံယူခဲ့သည့်လူနာ၏ ရင်တွင်းစကားသံ Total Knee replacement
- 2022-10-28

မင်္ဂလာပါ အရင်ဆုံး အန်တီအကြောင်းလေး မိတ်ဆက်ပေးပါအုံး ခင်ဗျာ။
အန်တီနာမည်က ဒေါ်သန်းသန်းနု အသက် (၇၄) နှစ် တွံတေးမြို့ ကနေ လာရောက်ကုသတာပါ။
OSC ဆေးရုံကို ရွေးချယ်ပြီး လာရောက်ကုသမှု ခံယူခဲ့ပုံလေး ပြောပြပေးပါအုံးခင်ဗျာ။
OSC မှာပဲ ဆေးခန်းတွေလာပြနေတာ (၇) နှစ်လောက်ရှိနေပြီ။ ဆရာကြီးဦးသန့်ဇင်နိုင်ကို သိတာတော့ (၃) နှစ်လောက်ရှိပါပြီ။ လွန်ခဲ့တဲ့ (၃) နှစ်လောက်က အန်တီ့အမျိုးသားတုန်းကလည်း ဆရာကြီးနဲ့ OSCမှာပဲ ခါးခွဲခဲ့ဖူးတယ်လေ။ အခုဆို သူလမ်းကောင်းကောင်းလျှောက်နေပြီ။ အာ့တာကြောင့် ဒီမှာပဲ လာပြခဲ့တာ။
ဆရာကြီး နဲ့ ပြသပြီး ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပုံကိုလည်းပြောပြပေးပါအုံးခင်ဗျာ။
ဒူးနာနေတာကတော့ (၁၀) နှစ်ကျော်လောက်ရှိနေပြီ။ တခြားဆရာဝန်တွေနဲ့ ပြတော့ သူတို့က လူကြီးနာလို့ပဲ ပြောကြတယ်လေ။ မခံမရပ်နိုင်အောင် နာနေလို့ နောက်ဆုံး ဆရာကြီးဦးသန့်ဇင်နိုင်နဲ့ ပြလိုက်တော့မှ ဆရာကြီးက ခွဲစိတ်ဖို့လိုနေပြီလို့ ပြောတာ။ အာ့တာနဲ့ ဆရာကြီးက သောကြာနေ့ ခွဲစိတ်ဖို့ ရက်ချိန်းပြီး တန်းခွဲစိတ်လိုက်တော့တာပဲ။
ခွဲစိတ်ခန်းအတွေ့အကြုံလေး ပြောပြပေးပါအုံးခင်ဗျာ။
ခွဲတာကတော့ ထုံဆေးနဲ့ဆိုတော့ အကုန်မြင်နေရတာပေါ့လေ။ ဒါပေမဲ့ ထုံဆေးထိုးထားတော့ နာတော့မနာဘူးပေါ့။ အချိန်ကတော့ (၃) (၄) နာရီလောက်ကြာတယ်။ ခွဲခန်းထဲက ထွက်လာပြီး ထုံဆေးပြယ်သွားတော့ နည်းနည်းနာတယ်။ ဒါပေမဲ့တစ်ရက်ပါပဲ။ နောက်ရက်ကျတော့ နာတာသက်သာသွားတယ်။ ဆရာမလေးတွေက ဒူးအကွေးလေ့ကျင့်ခန်းလေးတွေကို လာလုပ်ပေးနေတော့ တော်တော်လေးတော့ သက်သာလာပါပြီ။
OSC ဆေးရုံ ဝန်ဆောင်မှု နဲ့ပတ်သတ်ပြီး ပြောပြပေးပါအုံးခင်ဗျာ။
OSC ဆေးရုံကတော့ အရင်ကတည်းက သဘောကျလို့ ဆက်တိုက်ပြလာခဲ့တာလေ။ ဆရာဝန် သူနာပြုတွေ အကုန်လုံးကလည်း သဘောကောင်းကြပါတယ်။ နောက်ထပ်လဲ ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။
---------------------------------------------------
ဟုတ်ကဲ့ပါ ယခုလို မေးမြန်းသမျှကို စိတ်ရှည်စွာဖြင့် ဖြေကြားပေးခဲ့ပြီး OSC ဆေးရုံကို တွံတေးမြို့ ကနေ လာရောက်ပြီး ဆေးရုံတက်ရောက်ကုသခဲ့တဲ့ အန်တီကိုကျေးဇူးတင်ပါတယ်။ အမြန်ဆုံးသက်သာပြီး ကျန်းမာချမ်းသာစွာ နေနိုင်ပါစေလို့ ကျွန်တော်တို့ OSC ဆေးရုံ မိသားစုမှလည်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။
#Patient_Testimonial
#OSC_Hospital