အရိုး၊ အကြောအဆစ်ကုသမှုနှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးစင်တာ အရိုး ၊ အကြော ၊ အဆစ် ဝေဒနာများ ကုသခြင်းနှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းမှု လေ့ကျင့်ရေးဌာနသည် အောက်ပါအခြေအနေနှင့် ရင်ဆိုင်နေရသူများအား စနစ်တကျခေတ်မီသော လေ့ကျင့်မှု ကုထုံးများဖြင့် ခေတ်မီစက်ကိရိယာများကို အသုံးပြုကာ အမြန်ဆုံးသက်သာတိုးတက်စေရန် အကောင်းဆုံးဝန်ဆောင်မှုများ ပေးအပ်ဆောင်ရွက်နေပါသည်။ ဝန်ဆောင်မှုများ - • ပြင်ပလူနာများ • ဆေးရုံတက်နေသော လူနာများ • အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးခြင်း Musculoskeletal Related Cases များဖြစ်သည့် - • Sport Injuries (အားကစားနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းများ) • Wear and Tear Diseases (အသက်အရွယ်နှင့် လုပ်ငန်းပိုင်းဆိုင်ရာကြောင့် ဖြစ်သည့်ရောဂါများ) • Cervical Spondylosis (လည်ပင်းကျီးပေါင်းတက်ခြင်း) • Lumber Spondylosis (ခါးကျီးပေါင်းတက်ခြင်း) • Lower Back Pain (ခါးနာခြင်း) • Prolapsed Intervertebral Disc (ကျောရိုးဆစ်ကြား အရိုးနုပြားကျွံခြင်း) • Shoulder Pain (လက်မောင်းကပ်ခြင်း၊ လက်မောင်းကိုက်ခြင်း) • Osteo-Arthritis in Knee (ဒူးဆစ်နာခြင်း၊ ဒူးယောင်ရမ်းခြင်း) • Planter Facitis (ခြေဖဝါးနှင့် ဖနောင့်တွင် နာကျင်ခြင်း) များကို ကုသပေးလျက် ရှိပါသည်။ အဆုတ်ရောဂါများဖြစ်တတ်သည့် - • အဆုတ်ပွခြင်း၊ • အဆုတ်ယောင်ရမ်းခြင်းများကြောင့် ချွဲထခြင်း၊ • အသက်ရှူမဝခြင်းများအတွက် သင့်တော်မှန်ကန်သည့် သွေးတွင်း Oxygen Level (SPO2) တက်စေသည့် လေ့ကျင့်ခန်းများ ပြသသင်ကြားပေးခြင်းများ ပြုလုပ်ပေးလျက် ရှိပါသည်။ ဦးနှောက်နှင့် အာရုံကြောရောဂါများ ဖြစ်သည့် • Stroke (Cerebrovascular Accident) • Parkinson’s Disease and Parkinsonism • Multiple Sclerosis • Motor Neurone Disease Traumatic Brain Injury များ ဖြစ်ပေါ်ခြင်းကြောင့် နောက်ဆက်တွဲရလဒ်များဖြစ်သည့် - • လှုပ်ရှားရခက်ခဲခြင်း၊ ? • ကိုယ်တစ်ခြမ်းအား လှုပ်မရခြင်း၊ • လမ်းလျှောက်ရ ခက်ခဲခြင်း၊ • ကိုယ်လက်တောင့်တင်းပြီး လှုပ်ရခက်ခြင်း ကို Physiotherapy နည်းဖြင့် အမြန်ဆုံး တိုးတက်ကောင်းမွန် စေရန် သန်စွမ်းမှု လေ့ကျင့်ခြင်းများ ပြုလုပ်ပေးလျက် ရှိပါသည်။ Balance and Fall Prevention (ဟန်ချက်ပျက်ခြင်း၊ မကြာခဏ ချော်လဲခြင်းများအတွက် လေ့ကျင့်ပေးခြင်း) • အသက်အရွယ်ရခြင်းကြောင့် ဖြစ်တတ်သည့် မကြာခဏချော်လဲခြင်း၊ • ဟန်ချက်ပျက်ခြင်းများအတွက် Balance Assessment ပြုလုပ်ပေးပြီး Balance Retraining ပြုလုပ်ပေးနေပါသည်။ OSC ဆေးရုံကြီးတွင် နေ့စဉ်ပိတ်ရက်မရှိ နံနက် (၈းဝဝ) နာရီမှ ညနေ (၅း၃၀) နာရီထိ ပိတ်ရက်မရှိ Rehabilitation Centre ကို ဖွင့်လှစ်ထားပါသည်။

contact information

  • 09 958 188 506
  • +951 (Hot Line 656 176), 653 107, 662 943

service hours

  •  8:00 AM to 5:30 PM daily

CENTER & CLINIC Services