OSC (Okkala Specialist Centre) ဆေးရုံသည်ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်ပြီးနိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှုစံချိန်စံညွှန်းများနှင့်ပြည့်စုံ သောကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျှက်ရှိပြီး AMPS ( အောင်မြင်ပြည့်စုံ ကုမ္ပဏီလီမိတက်) ၏လက်အောက်ခံကုမ္ပဏီတစ်ခုလည်း ဖြစ်ပါသည်။ ဆေးရုံ၏တည်နေရာမှာ အမှတ် ၁၃၇-D ၊ သုဓမ္မာလမ်း၊ မယ်လမုဘုရားအနီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ တွင် တည်ရှိပါသည်။

OSC ဆေးရုံကြီးသည် ကုတင် ၁၀၀ ဆန့် ဆေးရုံကြီးဖြစ်ပြီး အထပ်ပေါင်း ၆ ထပ်နှင့် တည်ဆောက်ထားသည့်အပြင် ကြီးမားကျယ်ပြန့်သော ကားပါကင် ဧရိယာလည်း ပါရှိပါသည်။ ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အောင်မင်္ဂလာအဝေးပြေးကားဝန်းနှင့် တန်ခိုးကြီးစွယ်တော်ဘုရား စသည်တို့ကိုလည်း မိနစ်အနည်းငယ်မျှ ကားမောင်းသွားရုံနှင့် ရောက်ရှိနိုင်ပါသည်။ OSC ဆေးရုံကြီးသည် ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာသဘောတူညီမှုအဖွဲ့၏ နိုင်ငံတကာအဆင့်မီ အသိအမှတ်ပြု (ISO 9001: 2015) အသိအမှတ်ပြုလက်မှတ်ကိုလည်း ရရှိပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့ OSC ဆေးရုံကြီးမှ နိုင်ငံတကာအဆင့်မီ ဆေးကုသမှုနည်းပညာများနှင့် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို လူကြီးမင်းတို့ထံသို့ ဝန်ဆောင်မှုပေးရန် အသင့်ရှိနေပါပြီ။

ဆေးရုံ၏ အနာဂတ်မျှော်မှန်းချက်

မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချရမှုအရှိဆုံး ကျန်းမာရေးစောင့်ရှောက်မှုပေးသော ဆေးရုံတစ်ခုဖြစ်လာရန်။

ရည်မှန်းချက်သို့ ရောက်အောင်သွားနေသောနည်းလမ်းများ

မိမိတို့ လူမှုပတ်ဝန်းကျင်၏ ကျန်းမာရေးနှင့် ပတ်သက်သော လိုအပ်ချက်များကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ပြိုင်ဘက်ကင်းသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးလျှက်ရှိခြင်း။  မိမိတို့၏လုပ်ငန်းနှင့် ပတ်သက်ဆက်စပ်သူအားလုံးကို ပိုမိုအကျိုးဖြစ်ထွန်းစေခြင်း။

ကျွန်ုပ်တို့ မူဝါဒ

KJFG

ပညာရပ်ဆိုင်ရာ ကျင့်ဝတ်လိုက်နာရန်။

မိမိတို့ ဝန်ဆောင်မှုရရှိသောသူများ စိတ်ကျေနပ်မှုရှိစေရန်။

လူနာများ၏ လုံခြုံစိတ်ချမှုရရှိစေရန်။

စဉ်ဆက်မပြတ်ပညာတိုးတက်စေရန်။

အရည်အသွေးပြည့်ဝသော စောင့်ရှောက်ကုသမှုနှင့် ဝန်ဆောင်မှုပေးအပ်ရန်။

အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုရှိရန်။