24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Health Tips

ဗီတာမင် B12 ၏ ဘေးထွက်ဆိုးကျိုးများ

လူတိုင်းက ဗီတာမင် B12 ကို လိုအပ်ကြပါတယ်။ လူအများစုကတော့ အစားအသောက်ကနေ လိုအပ်တဲ့ ဗီတာမင်ကို ရရှိကြပါတယ်။ သို့သော် ဗီတာမင် B12 လွန်ကဲစွာ စားသုံးမိလျှင် ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို သိရှိထားဖို့ကလည်း အရေးကြီးပါတယ်။

ဗီတာမင် B12 ဟာ ရေမှာပျော်ဝင်နိုင်သည့် ဗီတာမင် တစ်မျိုးဖြစ်ပြီး အူထဲမှာ စုပ်ယူထားပါတယ်။ စုပ်ယူပြီးနောက်မှာ ဒီအန်လ်အေနှင့် သွေးနီဥဆဲလ်များ ပြုလုပ်ရာမှာ အသုံးပြုပါတယ်။ အသုံးမပြုရသေးသည့် ဗီတာမင် B12 များကိုတော့ အသည်းထဲမှာ သိုလှောင်ထားပါတယ်။ သို့သော် ဖြည့်စွက်စာများကို သင်ဟာ သောက်သုံးခဲ့လျှင် ခန္ဓာကိုယ်က လိုအပ်တာထက်ပိုပြီးတော့ အစာကြေသွားနိုင်ပါတယ်။

ဗီတာမင် B12သောက်ဆေး ကို ကျန်းမာရေးကောင်းသူများက အကြံပြုထားသည့် ပမာဏကိုသာ သောက်သုံးသင့်ပါတယ်။ ဗီတာမင် B12 ထိုးဆေးကို ဗီတာမင်ဘီချို့တဲ့သည့်အခြေအနေများမှာ ကုသကြပါတယ်။ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။

• အနည်းငယ်ဝမ်းသွားခြင်း
• ယားယံခြင်း
• အရေပြားနီလာခြင်း
• ခေါင်းကိုက်ခြင်း
• မူးဝေခြင်း
• မအီမသာဖြစ်ခြင်း
• အော့အန်ခြင်း
• အဆုတ်ရောင်ခြင်းနှင့် နှလုံးရောင်ရောဂါ
• သွေးပြန်ကြောသွေးခဲခြင်း
• ရောင်ရမ်းနာကျင်ခြင်း
• သွေးနီဥအရေအတွက်များလာခြင်း စသည်တို့ ဖြစ်ပါတယ်။

ဗီတာမင် B12 ဟာ အဖြစ်နည်းပြီး ပြင်းထန်သည့် ဓာတ်မတည့်မှု ဖြစ်လာနိုင်ပါတယ်။ ဒါကတော့ မျက်နှာရောင်ရမ်းခြင်း၊ လျှာနှင့် လည်ချောင်းများ ရောင်နေခြင်းနှင့် အသက်ရှူရခက်ခြင်း၊ မြိုရခက်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။ ဗီတာမင် B12 သောက်သုံးပြီးနောက် ထိုအရာများ ဖြစ်ပေါ်လာလျှင် အရေးပေါ်ဌာနသို့ အမြန်သွားရောက်ပါ။

ဖောလစ်အက်စစ်ဖြည့်စွက်စာများက ဗီတာမင် B12 ၏ အာနိသင်ကို ဝင်ရောက်နှောက်ယှက်နိုင်ပါတယ်။ ဖောလစ်အက်စစ်သောက်မည်ဆိုပါက ဆရာဝန်နှင့် အရင်တိုင်ပင်ပါ။

ဗီတာမင် B12 နှင့် ဓာတ်မတည့်မှုများ ရှိပါက ဖြည့်စွက်စာကို မသောက်သုံးပါနှင့်။ သင်ဟာ ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင် ဖြစ်နေလျှင် ဗီတာမင် B12 ကို သတ်မှတ်ပမာဏသာ သောက်သုံးပါ။

ဗီတာမင် B12 သောက်သုံးပြီးနောက် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာပါက သောက်သုံးမှုကို ချက်ချင်းရပ်တန့်လိုက်ပါ။ လက္ခဏာများ ပိုမိုဆိုးရွားလာပါက ဆေးကုသမှုခံယူပါ။

အစားအသောက်မှ လိုအပ်သည့် ဗီတာမင် B12 ကို မရရှိဘူးထင်နေလျှင် သင့်တော်သည့် ပမာဏကို သိရှိနိုင်စေရန် ဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးကြည့်ပါ။