24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Health Tips

ဆီးသွားချင်သည့်အခါ အောင့်ထားတတ်သူတစ်ဦးလား?

လူတစ်ယောက်က ဆီးအိတ်ထဲမှာ ဆီးအပြည့်ဖြစ်ဖို့ အချိန် (၉) နာရီကနေ (၁၀) နာရီအထိ ကြာနိုင်ပါတယ်။ ဆီးအိတ်ထဲမှာ ဆီးတစ်ဝက်ခန့်ရောက်ရှိလာချိန်မှာ ဆီးအိတ်ဟာ ဆီးသွားဖို့အတွက် ဦးနှောက်ကို အချက်ပြလိုက်ပါတယ်။

(၃) (၄) နာရီခန့်တစ်ကြိမ် ကျွန်တော်တို့ဟာ ဆီးသွားကြ
ရပါတယ်။ ဆီးအိတ်ထဲမှာ ဆီးတွေ ထိန်းသိမ်းထားခြင်းဟာ
ပုံမှန်လုပ်ဆောင်ချက်တစ်ခုပါပဲ။ ဦးနှောက်က အချက်ပြပြီးနောက်မှာ တတ်နိုင်သလောက်မြန်မြန် ဆီးသွားလိုက်ခြင်းက အကောင်းဆုံးပါပဲ။

ဆီးသွားဖို့ ဦးနှောက်က အချက်ပြခြင်းကို ဆက်တိုက်ငြင်းဆန်နေမည်ဆိုပါက ဦးနှောက်ဟာ ဆီးအိမ်ကို ဆီးကို ဆက်ထိန်းထားဖို့ အမိန့်ပေးပါလိမ့်မယ်။

ဆီးအိမ်ထဲမှာ ဆီးတွေ အချိန်အကြာကြီး ထိန်းထားခြင်းကြောင့် ဖြစ်လာနိုင်သည့် ပြဿနာများမှာ
– ဆီးအိတ်နာကျင်လာခြင်း၊
– ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊
– ကျောက်ကပ်ပြဿနာများ၊
– ဆီးကျောက်တည်ခြင်း စသည်တို့ ဖြစ်ပါတယ်။

အဆိုးဆုံးအခြေအနေအဖြစ် ဆီးဟာ ကျောက်ကပ်ဆီကိုပြန်ရောက်သွားပြီးတော့ ကျောက်ကပ်အလုပ်မလုပ်တော့သည်အထိ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဆီးသွားချင်သည့်အခါ အောင့်မထားကြပါနဲ့။
ဆီးလမ်းကြောင်းပြဿနာများကို ကြုံတွေ့နေရပါကလည်း ဆရာဝန်ကြီးများနှင့် အမြန်ဆုံးပြသသင့်ပါတယ်။