24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Diet & Nutrition

ဝိတ်မြန်မြန်တက်စေမည့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက် (၄) မျိုး

နွားနို့

နွားနို့ကို ဝိတ်တက်စေမည့်အရာ သို့မဟုတ် ကြွက်သားတောင့်တင်းစေမည့် အရာအဖြစ် သုံးနေကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ပရိုတိန်း၊ ကာဘွန်ဟိုက်ဒရိုက်၊ အဆီ စသည်တို့ကို ဟန်ချက်ညီအောင် ထိန်းပေးပြီး ကယ်ဆီယမ်၊ တခြားဗီတာမင်များနှင့် သတ္တုဓာတ်များအတွက်လည်း ကောင်းမွန်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။

ကြွက်သားများ ပိုတောင့်တင်းအောင် လုပ်ချင်သူများအတွက် နွားနို့က ဒိန်ခဲအရင်းခံဓာတ်နှင့် အရည်ကြည်ပရိုတိန်းဓာတ် နှစ်ခုစလုံးကို ထောက်ပံ့ပေးနိုင်တဲ့ ကောင်းမွန်တဲ့ ပရိုတိန်းအရင်းအမြစ် တစ်ခု ဖြစ်ပါတယ်။ အလေးမတဲ့အချိန်မှာ ကြွက်သားတွေ ပိုထွက်လာအောင် နွားနို့က အထောက်အကူဖြစ်စေတယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။

နွားနို့မှာ ပါတဲ့ ပရိုတိန်းနှစ်မျိုး ပေါင်းစပ်လိုက်လျှင် အခြားပရိုတိန်းတွေထက် ဝိတ်တက်လာစေနိုင်ပါတယ်။ လေ့ကျင့်ရေးဝင်နေတဲ့အချိန်တွေမှာဆိုရင် အားကစားလုပ်ပြီးချိန်နှင့် မလုပ်ခင်အချိန်မှာ နွားနို့ တစ်ခွက်၊ နှစ်ခွက် စမ်းသောက်ကြည့်လိုက်ပါ။

ဆန်

ထမင်းက ဝိတ်တက်စေဖို့ ကုန်ကျစရိတ်အနည်းဆုံးနဲ့ အဆင်ပြေစေမယ့် ကာဘွန်ဟိုက်ဒရိုက်အရင်းအမြစ်တစ်ခုပါပဲ။ ထမင်းဖြူက (၁၅၈) ဂရမ်က (၂၀၄) ကယ်လိုရီ၊ ကာဘွန်ဟိုက်ဒရိုက် (၄၄) ဂရမ်၊ နဲ့ အဆီအနည်းငယ်ကို ရရှိစေနိုင်ပါတယ်။ ထမင်းက ကယ်လိုရီများပြားတာကြောင့် ထမင်းတစ်ပွဲနဲ့တင် ကာဘွန်ဟိုက်ဒရိုက်နဲ့ ကယ်လိုရီတွေအများကြီးကို အလွယ်တကူ ရရှိနိုင်ပါတယ်။ အစားစားချိန်စိတ်မရှိတဲ့အချိန် သို့မဟုတ် ဗိုက်ပြည့်နေတဲ့အချိန်မှာ အစားစားချင်စိတ်ကို ဖြစ်လာအောင် လုပ်ပေးနိုင်ပါတယ်။

အစေ့အဆန်များ

ဝိတ်တက်ချင်တယ်ဆိုရင် အခွံမာသီးများနှင့် ၎င်းတို့မှ ထုတ်လုပ်သော ယိုများက အကောင်းဆုံးရွေးချယ်စရာပါပဲ။ မက်မွန်စေ့အစိမ်း လက်တစ်ဆုပ်စာမှာ ကယ်လိုရီ (၁၇၀)၊ ပရိုတိန်း (၆) ဂရမ်၊ အမျှင်ဓာတ် (၄) ဂရမ်၊ နှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် အဆီ (၁၅) ဂရမ် ပါဝင်ပါတယ်။ အခွံမာသီးက ကယ်လိုရီများပြားတာကြောင့် တစ်ရက်ကို လက်နှစ်ဆုပ်လောက်စားရုံနဲ့ ကယ်လိုရီရာပေါင်းများစွာကို ရနိုင်ပါတယ်။ ဖျော်ရည်၊ ဒိန်ချဉ်၊ မုန့်ကြွပ်များထဲကို အခွံမာသီးမှထုတ်လုပ်ထားသည့် ယိုများ ထည့်လိုက်ခြင်းဖြင့် ကယ်လိုရီများသည့် မုန့်များအဖြစ် စားသုံးနိုင်ပါပြီ။

ဂျုံပေါင်မုန့်

ဂျုံပေါင်မုန့်က ဝိတ်တက်စေဖို့ အထောက်အကူဖြစ်စေမယ့် ကာဘွန်ဟိုက်ဒရိုက် အရင်းအမြစ်ကောင်းတစ်ခု ဖြစ်ပါတယ်။ ပေါင်မုန့်ကို ကြက်ဥ၊ အသား နှင့် ချိစ်တို့နဲ့ တွဲဖက်စားသုံးပါက ကယ်လိုရီအများကြီးကို ရနိုင်ပါတယ်။ ပေါင်မုန့်ဝယ်တဲ့အချိန်မှာ သဘာဝဂျုံနဲ့ ပေါင်မုန့်ကို ဝယ်ယူနိုင်ပါတယ်။  ကျန်းမာရေးနဲ့ ညီညွတ်တဲ့(Ezekielပေါင်မုန့်) တွေမှာ စတိုးဆိုင်တွေမှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ ဆန်းဒဝစ်တွေက ဝိတ်တက်ဖို့အတွက် အထောက်အကူအဖြစ်ဆုံးအစားအသောက်တစ်ခု ဖြစ်ပါတယ်။

သူတို့ရဲ့ ပါဝင်ပစ္စည်းတွေက အသား၊ ချိစ်၊ အသီးအရွက်၊ အခွံမာသီးများမှ ထုတ်လုပ်ထားသည့်ယို၊ ထောပတ်သီး နဲ့ တခြားအရာများ ဖြစ်ကြပါတယ်။