24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Women's and Child Wellness

အမျိုးသမီးများ_မဟော်မုန်းနည်းပါးသည့်_လက္ခဏာများ

မဟော်မုန်းက ဘာကြောင့် အရေးပါတာလဲ??
မဟော်မုန်းက ကျန်းမာရေးကောင်းမွန်အောင် ထိန်းသိမ်းပေးရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါတယ်။ မဟော်မုန်းဟာ အမျိုးသမီးများ၏ ခန္ဓာကိုယ်နှင့် ဆက်စပ်နေပါတယ်။ အမျိုးသားများမှာလည်း မဟော်မုန်းထုတ်လုပ်နိုင်ပေမဲ့ အမျိုးသမီးများက ပိုမြင့်မားစွာ ထုတ်လုပ်နိုင်ပါတယ်။

  • မဟော်မုန်းက အမျိုးသမီးများအရွယ်ရောက်လာချိန်မှာ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများအတွက် တာဝန်ယူဆောင်ရွက်ပေးပါတယ်။
  • ကိုယ်ဝန်ဆောင်စနှင့် ရာသီလာစဉ်အချိန်မှာ သားအိမ်အတွင်းပိုင်း ဖွံ့ဖြိုးမှုများကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။
  • ဆယ်ကျော်သက်အရွယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ရင်သားပုံစံပြောင်းလဲမှုများ ဖြစ်စေပါတယ်။
  • အရိုးနှင့် ကိုလက်စထရောဓာတ်များမှာလည်း မဟော်မုန်း ပါဝင်ပါတယ်။
  • အစားအသောက်စားသုံးမှု၊ ခန္ဓာကိုယ်အလေးချိန်၊ ဂလူးကို့စ်နှင့် အင်ဆူလင် စသည်တို့ကို ပုံမှန်လုပ်ဆောင်နိုင်စေပါတယ်။

မဟော်မုန်းနည်းပါးသည့် ရောဂါလက္ခဏာတွေက ဘာတွေလဲ??

အရွယ်မရောက်သေးသူ မိန်းကလေးများနှင့် သွေးဆုံးချိန်နီးနေသည့် အမျိုးသမီးများက မဟော်မုန်းဓာတ် နည်းပါးနိုင်ပါတယ်။ အသက်အရွယ်မရွေး အမျိုးသမီးတိုင်း မဟော်မုန်းနည်းပါးမှုကို ကြုံတွေ့ရနိုင်ပါတယ်။

မဟော်မုန်းနည်းပါးသည့် အတွေ့များသော ရောဂါလက္ခဏာများမှာ

  • လိင်ဆက်ဆံစဉ် နာကျင်ခြင်း
  • ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
  • ပုံမှန်မဟုတ်သည့် ရာသီလာခြင်း သို့မဟုတ် ရာသီမလာခြင်း
  • စိတ်အပြောင်းအလဲမြန်ခြင်း
  • အသားအရေပူလောင်ခြင်း
  • ရင်သားနာကျင်ခြင်း
  • ခေါင်းကိုက်ခြင်း
  • စိတ်ကျရောဂါ
  • အာရုံမစိုက်နိုင်ခြင်း
  • မောပန်းခြင်း စသည်တို့ ဖြစ်ပါတယ်။

အရိုးများကွဲအက်လွယ်တာကိုလည်း တွေ့ရပါတယ်။ ဒါကတော့ အရိုးကျစ်လစ်မှုအားနည်းတာကြောင့် ဖြစ်နိုင်ပါတယ်။ မဟော်မုန်းက ကယ်ဆီယမ်၊ ဗီတာမင် ဒီနှင့် အခြားသတ္ထုဓာတ်တွေကို ကောင်းစွာ အလုပ်လုပ်စေနိုင်တာကြောင့် မဟော်မုန်းနည်းနေလျှင် အရိုးကျစ်လစ်မှုလည်း လျော့ကျသွားနိုင်ပါတယ်။

အမျိုးသမီးတွေမှာ မဟော်မုန်းနည်းပါးခြင်းကို မကုသဘဲ ထားမယ်ဆိုရင်တော့ မဟော်မုန်းနည်းပါးခြင်းက အမျိုးသမီးများ ကလေးမရနိုင်သည်အထိ ဖြစ်လာနိုင်ပါတယ်။

မဟော်မုန်းက ဘာကြောင့် လျော့နည်းရသလဲ။

မဟော်မုန်းက သားအိမ်ထဲမှာ အဓိကအားဖြင့် ထုတ်လုပ်ပါတယ်။ သားအိမ်ကို ထိခိုက်စေနိုင်သည့် မည်သည့်အရာမဆို မဟော်မုန်းထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။

အမျိုးသမီးငယ်လေးများကလည်း အောက်ဖော်ပြပါအချက်များကြောင့် မဟော်မုန်းနည်းပါးမှု ကြုံတွေ့နိုင်ပါတယ်။

  • လေ့ကျင့်ခန်း လွန်ကဲစွာ လုပ်မိခြင်း
  • ခံတွင်းပျက်ခြင်းကဲ့သို့ စားသောက်မှုပုံစံ ကစဉ့်ကလျား ဖြစ်ခြင်း
  • ဦးနှောက်အောက်ခြေရှိဂလင်း လုပ်ဆောင်မှု နည်းပါးခြင်း
  • မျိုးရိုးဗီဇမူမမှန်ခြင်း၊ အဆိပ်အတောက်များနှင့် ကိုယ်ခံအားစနစ်အခြေအနေ ဆိုးရွားခြင်း စသည့်ရလဒ်များဖြစ်ပေါ်လာနိုင်သည့် သားအိမ်အလုပ်လုပ်တော့ခြင်း
  • ခရိုမိုဇုန်းယိုယွင်းခြင်း
  • နာတာရှည် ကျောက်ကပ်ရောဂါ စသည်တို့ ဖြစ်ပါတယ်။

အသက် (၄၀) ကျော်အမျိုးသမီးများမှာ မဟော်မုန်းနည်းပါးခြင်းက သွေးဆုံးချိန်နီးလာပြီဆိုတဲ့ အရိပ်အယောင်ဖြစ်ပါတယ်။ ထိုအချိန်ကာလမှာ သားအိမ်က မဟော်မုန်းထုတ်လုပ်နိုင်ပါသေးတယ်။ သွေးဆုံးသွဦးချိန်မှာ ထုတ်လုပ်မှုက နှေးကွေးသွားပါလိမ့်မယ်။

မဟော်မုန်းနည်းပါးမှုအတွက် အန္တရာယ်ရှိနိုင်သည့် အချက်များ

  • မဟော်မုန်းနည်းပါးမှုဖြစ်လာစေနိုင်သည့် အတွေ့များဆုံး အချက်မှာ
  • အသက်အရွယ်ကြီးလာသည်နှင့်အမျှ သားအိမ်က မဟော်မုန်းထုတ်လုပ်မှုနှုန်း နည်းပါးလာခြင်း
  • သားအိမ်အကျိတ်စသည့် ဟော်မုန်းပြဿနာများ ဖြစ်ဖူးသည့် မိသားစုဝင်များရှိခြင်း
  • အစားအသောက်မူမမှန်ခြင်း
  • ဝိတ်အလွန်အကျွံချခြင်း
  • လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း
  • ဦးနှောက်အောက်ခြေရှိ အဆီကျိတ်ပြဿနာများ
  • ဓာတုကုထုံးများ စသည်တို့ ဖြစ်ပါတယ်။

#Reference_Healthline.com
#Translate_by_OSC_Hospital
#healthtips
#OSC_Hospital