24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Health Tips

မကြာခဏ ဆီးသွားရသည့် အကြောင်းအရင်းများ

မကြာခဏဆီးသွားခြင်းဆိုတာက ပုံမှန်ထက်ပိုပြီး အိမ်သာ
သွားနေရတာကို ပြောတာပါ။ တစ်ရက်ကို (၄) ကြိမ်ကနေ
(၁၀) ကြိမ်ကြားမှာ ဆီးသွားတဲ့လူတွေက ပုံမှန်ဖြစ်ပါတယ်။
ပျှမ်းမျှကတော့ (၆) ကြိမ်နဲ့ (၇) ကြိမ် ဖြစ်ပါတယ်။

သို့သော် အသက်အရွယ်အပါအဝင်၊ တစ်ရက်ကို ရေဘယ်နှစ်ခွက်သောက်ပေးလဲဆိုသည့်မေးခွန်းများ၊ ဆီးအိမ်
အရွယ်အစား၊ သောက်သုံးနေသည့်ဆေးများ၊ မကြာခဏဆီးရွှင်စေမည့်ဆေးများသောက်သုံးနေသူ စသည့်
အချက်အလက်အများအပြားကြောင့်လည်း ဒီအရာကဖြစ်လာနိုင်ပါတယ်။

အကြောင်းအရင်းအမျိုးမျိုးကြောင့်လူတွေက မကြာခဏဆီးသွားတတ်ကြပါတယ်။
ဖြစ်နိုင်ချေရှိသည့် အကြောင်းအရင်းတစ်ခုကတော့ ဆီးလမ်းကြောင်း သို့မဟုတ် ဆီးအိမ်အခြေအနေများကြောင့် ဖြစ်နိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကလည်း မကြာခဏဆီးသွားစေနိုင်ပါတယ်။

ဆီးအိမ်နာကျင်ခြင်း၊ ဆီးအိမ်ကင်ဆာ စသည်တို့ကလည်း မကြာခဏဆိုသလို ဆီးသွားစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများကလည်း ဆီးမကြာခဏသွားပါတယ်။ မကြာခဏဆီးသွားခြင်းက ဆီးချိုရောဂါတွေရဲ့ အတွေ့များတဲ့ ရောဂါလက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။

မကြာခဏဆီးသွားရခြင်းရဲ့ အခြားသောအကြောင်းအရင်းများမှာ

ဦးနှောက်သွေးကြောပြတ်ခြင်း၊

တင်ပါးဆုံအကြိတ်၊

အင်္ဂါဇာတ်ရောင်နာ၊

တင်ပါးဆုံ

အရိုးများကျွံခြင်း၊

ဆီးရွှင်ဆေးများ ၊

အရက်နှင့်ကဖိန်းဓာတ်များ အလွန်အကျူးသောက်သုံးခြင်းစသည်တို့ ဖြစ်ပါတယ်။

မကြာခဏဆီးသွားခြင်းကို ဘယ်အချိန်တွေမှာ စိုးရိမ်သင့်ပါသလဲ။
ပုံမှန်ထက်ပိုပြီး မကြာခဏဆိုသလို ဆီးသွားနေလျှင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်တဲ့အခြေအနေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။    ရှင်းလင်းတိကျတဲ့ အကြောင်းအရင်းမရှိဘူးဆိုရင်တော့ ဆရာဝန်ဖြင့် အရင်ဆုံးပြသသင့်ပါတယ်။ မကြာခဏဆီးသွားခြင်းကြောင့် ညဘက်တွေ မအိပ်ရဘဲ နေ့ဒဓူဝလုပ်ငန်းတွေကို ထိခိုက်မှုရှိလာလျှင် ဒါမှမဟုတ် အခြားသောဆီးလမ်းကြောင်းပြဿနာများရှိနေလျှင်လည်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

မကြာခဏဆီးသွားပြီး နာကျင်နေလျှင်၊ ဝမ်းဗိုက်အောက်ပိုင်းနာကျင်လျှင်၊ ဆီးမထိန်းနိုင်လျှင်၊ ဖျားနေလျှင်၊ ဆီးလမ်းကြောင်းသွေးပါလျှင် သို့မဟုတ် ဆီးကအနီရောင် သို့မဟုတ် အညိုရောင်ဖြစ်နေလျှင်လည်း ဆရာဝန်ဖြင့် ပြသသင့်ပါတယ်။ ဒီအရာတွေက ဆီးလမ်းကြောင်း ပိုးဝင်သည့် ရောဂါလက္ခဏာများ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခြားသော ပြင်းထန်သည့် နှလုံးရောဂါပြဿနာများရဲ့ လက္ခဏာများလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာရောဂါဖြစ်နေလဲနှင့် ဘယ်လိုကုသမှုတွေကို လုပ်သင့်လဲဆိုတာကို ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။