24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Women's and Child Wellness

နို့တိုက်မိခင်ဟာ ဝိုင်သောက်လို့ရသလား??

မိခင်လောင်းတွေက ကိုယ်ဝန်ဆောင်နေစဉ် ကိုးလလုံးလုံး အရက်တစ်စက်မှမသောက်ရပါဘူး။

ကလေးမွေးလာပြီးတဲ့နောက်မှာ မိခင်နို့တိုက်ကျွေးရတော့မှာဆိုတော့ ဝိုင်သောက်လို့ အဆင်ပြေပါ့မလား။

ကိုယ်ဝန်ဆောင်ချိန်မှာ အရက်ဖြတ်ထားခြင်းက သားအိမ်ထဲက ကလေးကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုအတွက် အရေးပါတယ်ဆိုတာကို ကျွန်တော်တို့သိကြပါတယ်။ ဒီအချက်ကိုတော့ အားလုံးက လက်ခံထားကြပေမယ့် မိခင်နို့တိုက်ကျွေးနေချိန်မှာ အရက်သောက်လို့ရမရဆိုတာကိုတော့ လူတွေက သေချာမသိကြသေးပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေကတော့ မိခင်နို့တိုက်ကျွေးနေချိန်မှာ အရက်ကို ဖြတ်ထားတာက အကောင်းဆုံးလို့ ပြောထားကြပါတယ်။

တစ်ရက်ကို တစ်ခွက်လောက်ပဲသောက်သုံးခြင်းက မွေးကင်းစကလေးစောင့်ရှောက်မှုအပေါ်မှာ ထိခိုက်မှုမရှိပါဘူး။ သတိထားရမည့်အချက်မှာ ဝိုင်သောက်ပြီးနောက် နှစ်နာရီကြာပြီးမှသာ မိခင်နို့ကို တိုက်ကျွေးရပါမယ်။

မသောက်ခင်မှာ အယ်ကိုဟောပါဝင်နှုန်းထားကို စစ်ပြီးမှ ဂရုတစိုက်သောက်သင့်ပါတယ်။

ဝိုင်သောက်တဲ့အချိန်မှာ သွေးထဲကို အရက်တွေဝင်ရောက်သွားပြီး နို့ရည်ထဲကို အလွယ်တကူရောက်ရှိသွားနိုင်ပါတယ်။ သောက်ပြီးနောက် မိနစ် (၃၀) ကနေ (၁) နာရီကြားမှာ အမြင့်ဆုံးကိုရောက်ရှိတတ်ပါတယ်။ ဒါပေမဲ့ (၂) နာရီလောက်ကြာတဲ့အထိ နို့ရည်ထဲမှာ အယ်ကိုဟောတွေကို တွေ့ရှိနိုင်ပါတယ်။ တစ်ခွက်ထက်ပိုပြီးတော့ သောက်သုံးခြင်းက နို့ရည်ထဲမှာ အယ်ကိုဟောကို ပိုများသွားစေနိုင်ပါတယ်။

ဝိုင်သောက်ထားလျှင် (၂) နာရီစောင့်ပြီးမှ မိခင်နို့တိုက်ကျွေးပါ။

ကလေးဆီကို အယ်ကိုဟောမရောက်ရှိအောင် နို့မတိုက်မီ အနည်းဆုံးနှစ်နာရီလောက်ခွာပြီးတော့မှ သောက်သုံးဖို့ အကြံပေးထားပါတယ်။

ဒါပေမဲ့ နို့မတိုက်မီ အယ်ကိုဟောမပါအောင် နို့ရည်ကို ပန်းထုတ်ပစ်တာမျိုး လုပ်စရာမလိုပါဘူး။ ဒီလိုလုပ်ခြင်းကလည်း နို့ရည်ထဲက အယ်ကိုဟောများကို ဖယ်ရှားမပေးနိုင်ပါဘူး။ နို့ရည်ထဲက အယ်ကိုဟောပမာဏက သွေးထဲမှာ ရောက်ရှိနေသည့် ပမာဏနှင့်အတူတူပါပဲ။ ဒါက အချိန်ကြာလာတာနဲ့အမျှ လျော့ကျသွားမှာ ဖြစ်ပါတယ်။ လျော့ကျသည့်အချိန်ကာလကတော့ ခန္ဓာကိုယ်အလေးချိန်၊ ဇီဝဖြစ်စဉ်ပြိုကွဲနှုန်းထားနှင့် အစားအသောက်များအပေါ်မှာ မူတည်ပါတယ်။ နို့မတိုက်မီ နှစ်နာရီလောက်စောင့်ပေးလျှင် အဆင်ပြေပါတယ်။

နှစ်နာရီသုံးနာရီစောင့်စားနေချိန်မှာ နို့တိုက်ချိန်ကို လွတ်သွားရင်တော့ နို့ကြောတင်းပြီး အဆင်မပြေမှုများ၊ နာကျင်မှုများ ရှိလာနိုင်ပါတယ်။ ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ ကိုယ်တိုင်ဆုံးဖြတ်ရပါမယ်။

တကယ်တော့ ဝိုင်ဟာ မွေးကင်းစကလေးအပေါ်မှာ ခဏတာသက်ရောက်မှုများအပြင် ရေရှည်သက်ရောက်မှုတွေတောင် ဖြစ်နိုင်တာမို့ ပမာဏအနည်းငယ်လောက်သာ သောက်သုံးသင့်ပါတယ်။

မိခင်ဖြစ်သူ ဝိုင်သောက်ခြင်းကြောင့် ကလေးရဲ့ အိပ်ချိန်များကိုလည်း ထိခိုက်နိုင်ပါတယ်။ ကလေးဟာ အိပ်ချိန် (၂၅) ရာခိုင်နှုန်းလောက် လျော့ကျသွားပါလိမ့်မယ်။

ဝိုင်တွေအများကြီးသောက်သုံးမိရင် အချိန်ကြာလာတာနဲ့အမျှ နို့ရည်ထုတ်လုပ်နှုန်း လျော့ကျသွားပါလိမ့်မယ်။ ကလေးအပေါ်မှာလည်း အများကြီး ထိခိုက်နိုင်ပါတယ်။

#Reference_healthdigest

#Translate_by_OSC_Hospital

#Health_tips

#OSC_Hospital