24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Women's and Child Wellness

သားအိမ်ခေါင်းကင်ဆာ လက္ခဏာများ

ဇန်နဝါရီလဟာ “သတိပြုစရာ သားအိမ်ခေါင်းကင်ဆာ” “Cervical Cancer Awareness” လ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ ပုံမှန်အားဖြင့် လက္ခဏာမပြတတ်တာကြောင့် သိရှိဖို့လွန်စွာ ခက်ခဲပါတယ်။ ကင်ဆာပျံ့နှံ့ပြီးမှသာ လက္ခဏာများကို စတင်တွေ့ရှိရတာ ဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာအစောပိုင်းအဆင့်လက္ခဏာများမှာ

  • လိင်ဆက်ဆံပြီးနောက် အမျိုးသမီးအင်္ဂါမှ သွေးထွက်ခြင်း
  • သွေးဆုံးပြီးနောက် အမျိုးသမီးအင်္ဂါမှ သွေးထွက်ခြင်း
  • ရာသီချိန်မဟုတ်ဘဲ ကြားကာလများတွင် အမျိုးသမီးအင်္ဂါမှ သွေးဆင်းခြင်း
  • သွေးပါဝင်သည့် သို့မဟုတ် အနံ့ပြင်းသော အရည်များ
    အမျိုးသမီးအင်္ဂါမှ ဆင်းခြင်း
  • လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း

ကင်ဆာဟာ ခန္ဓာကိုယ်၏ အခြားသောအစိတ်အပိုင်းများကို ပျံ့နှံ့ပြီးနောက် ကြုံတွေ့ရသည့် လက္ခဏာများမှာ

  • ဝမ်းသွားစဉ် စအိုမှ သွေးပါခြင်း/ ဝမ်းသွားလျှင်နာကျင်ခြင်း၊ ဝမ်းသွားရခက်ခြင်း
  • ဆီးတွင် သွေးပါခြင်း/ ဆီးသွားလျှင် နာကျင်ခြင်း၊ ခက်ခဲခြင်း
  • နောက်ကျောအောင့်ခြင်း
  • ခြေထောက်များရောင်ရမ်းခြင်း
  • ဝမ်းဗိုက်နာကျင်ခြင်း
  • မောပန်းခြင်း

ထိုလက္ခဏာများသည် သားအိမ်ခေါင်းကင်ဆာအပြင် အခြားသော ရောဂါအခြေအနေများကြောင့်လည်း ဖြစ်ပေါ်တတ်ပါသည်။ ထို့ကြောင့် မိမိမှာ သားအိမ်ခေါင်းကင်ဆာရှိမရှိ သလိုလျှင် ဆရာဝန်နှင့်တိုင်ပင်ပြီး စစ်ဆေးကြည့်သင့်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်နေလျှင် စောစီးစွာ ကုသမှု ခံယူသင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာရှိမရှိ စစ်ဆေးခြင်းက ရောဂါကို စောစီးစွာ တွေ့ရှိနိုင်ပြီး သားအိမ်ခေါင်းကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

#source_https://www.cancer.gov/
#Translate_by_OSC_Hospital
#Health_tips
#OSC_Hospital
www.oschospitalmm.com