မတ်တပ်ရပ်ချိန်မှာ မူးဝေရတာဟာ အကြောင်းအရင်းအများကြီးကြောင့် ဖြစ်နိုင်ပါတယ်။ အဖြစ်များဆုံး ပြဿနာတစ်ခုကတော့ ဦးနှောက်ထဲရှိ‌ သွေးပေါင်ချိန် ရုတ်တရက် ကျသွားတာကြောင့် ဖြစ်ပါတယ်။ မတ်တပ်ရပ်လိုက်ချိန်မှာ ကမ္ဘာ့ဆွဲအားက ခန္ဓာကိုယ်အောက်ပိုင်းမှာ သွေးတွေကို စုပုံသွားစေပါတယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်က သွေးပေါင်ချိန် ရုတ်တရက်ကျဆင်းမှုကို ကာကွယ်သည့်အနေဖြင့် ချက်ချင်းတုံ့ပြန်မှုတွေ ပြုလုပ်ပါတယ်။ ဒီတုံ့ပြန်မှုတွေက နှေးကွေးတဲ့အခါမှာ ရလဒ်ကတော့ ဦးနှောက်ထဲမှာ သွေးပေါင်ချိန်ကျပြီး မူးဝေလာတာပဲ ဖြစ်ပါတယ်။

မတ်တပ်ရပ်နေချိန်မှာ မူးဝေမနေအောင် ထိုင်နေရာကနေ ရုတ်တရက် ထမရပ်ပါနှင့်။ အိပ်ရာကနေ ချက်ချင်းထမရပ်ပါနှင့်။ မတ်တပ်မရပ်ခင်မှာ အိပ်ရာဘေးမှာ ခဏလောက် ထိုင်နေပါ။ အစာစားပြီးချိန်၊ ရေချိုးပြီးချိန်နှင့် ညဘက် သန့်စင်ခန်းသွားချိန်များမှာ လှဲနေရာကနေ ရုတ်တရက် မထရပ်ပါနှင့်။

#မတ်တပ်ရပ်ချိန်မှာ_မူးဝေခြင်းမဖြစ်အောင်_ကာကွယ်နိုင်မည့်_နည်းလမ်းများ
ယခုဖော်ပြေပေးမည့် နည်းလမ်းတွေကတော့ မတ်တပ်ရပ်ချိန်မှာ မူးဝေခြင်းကို မခံစားရအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ သွေးဟာလည်း အများစုက ရေဖြစ်နေတာကြောင့်
ညဘက်တွေမှာ ရေမသောက်တဲ့အခါမှာ သွေးပေါင်ချိန်ကျပြီး မနက်ပိုင်း အိပ်ရာထချိန်မှာ မူးဝေနေတတ်ပါတယ်။ အိပ်ရာမဝင်ခင် ရေများများသောက်လျှင်လည်း သန့်စင်ခန်းကို မကြာခဏသွားရနိုင်တာကြောင့် ညဘက်ရောက်မှ ရေများများသောက်ခြင်းထက် တစ်နေ့တာလုံးရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းထားခြင်းက ပိုမိုကောင်းမွန်နိုင်ကြောင်း အကြံပြုထားပါတယ်။

သွေးလည်ပတ်မှုကောင်းစေဖို့ မနက်ပိုင်းမှာ ပေါ့ပါးသည့် လေ့ကျင့်ခန်းတစ်ခုခုကို ပြုလုပ်ရန် အကြံပြုထားပါတယ်။

တစ်နေရာထဲမှာ အကြာကြီးရပ်နေခြင်း၊ ထိုင်နေခြင်း စသည်တို့ကို မပြုလုပ်ပါနှင့်။

အစာစားပြီးနောက် မူးလာလျှင် နေ့ဘက်မှာ အများကြီးမစားဘဲ နည်းနည်းချင်းစီ ခဏခဏစားပေးပါ။

သကြားပါသည့် အချိုရည်များကို မသောက်သုံးပါနှင့်။

မူးဝေခြင်းက တစ်ခါတလေ ဖြစ်တတ်လျှင် ပြဿနာကြီးကြီးမားမား မရှိပေမယ့် အမြဲတမ်းလိုလို ဖြစ်နေလျှင်တော့ လိုအပ်သည့် ကုသမှုကို ရနိုင်စေဖို့ ဆေးစစ်ကြည့်သင့်ပါတယ်။


#Reference_healthdigest
#Translate_by_OSC_Hospital
#Health_tips
#OSC_Hospital

ဝမ်းချုပ်ခြင်းကိုသက်သာစေသော အစားအသောက်များ

ဝမ်းချုပ်တာက လူတိုင်း အနည်းနဲ့ အများ ဖြစ်ဖူးကြမယ် ထင်ပါတယ်။

တချို့​​တွေမှာ ဝမ်းချုပ်တာက တစ်ခါ​တ​လေမှ ဖြစ်တတ်​ပေမယ့် တချို့​တွေကျ​တော့ မကြာမကြာ ဝမ်းချုပ်တတ်တာ​တွေ ရှိပါတယ်။

ဝမ်းချုပ်ရတဲ့ ​အ​ကြောင်း​​တွေက အများကြီး ရှိပါတယ်။

​ကိုယ်စားတဲ့ အစားအစာ​တွေထဲမှာ ဝမ်းချုပ်​စေတတ်တဲ့ အစားအစာ​တွေ ပါတာ

ဒါမှမဟုတ် ဝမ်းမှန်​စေဖို့ ကူညီ​ပေးတဲ့ အစားအစာ​တွေ မစားဖြစ်တာ

ရေ​သောက်နည်းတာ

ကိုယ်လက်လှုပ်ရှားမှု နည်းတာ

 ဆေးတချို့ရဲ့ ​ဘေးထွက်ဆိုးကျိုး​ကြောင့် ဝမ်းချုပ်တာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။

ဒီ​ဆောင်းပါး​လေးမှာ​တော့ ဝမ်းချုပ်တာကို ကာကွယ်နိုင်တဲ့ အစားအစာ​တွေကို ​ပြောပြ​ပေးသွားပါမယ်။

 

၁။ သစ်တော်သီး

သစ်တော်သီးမှာ အမျှင်ဓာတ် နဲ့ ရေဓာတ် ကြွယ်၀တဲ့အတွက် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

 

၂။ ဖရဲသီး

ဖရဲသီးမှာ အမျှင်ဓာတ် အများအပြား မပါပေမယ့် ရေဓာတ် အများကြီး ပါတဲ့အတွက် အူလမ်းကြောင်း လှုပ်ရှားမှုကို အားပေးခြင်းအားဖြင့် ၀မ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

၃။ ပန်းသီး

အမျှင်ဓာတ် များများပါတဲ့ အသီး နောက်တစ်မျိုးကတော့ ပန်းသီးပါ။

ပန်းသီးမှာ ရေမှာ မပျော်၀င်တဲ့ အမျှင်ဓာတ် (Insoluble fiber)ရော၊ ရေမှာ ပျော်၀င်တဲ့ အမျှင်ဓာတ် (Soluble fiber)ပါ ပါ၀င်ပါတယ်။

Insoluble fiber က ၀မ်းမချူပ်အောင် ကာကွယ်ပေးနိုင်သလို Soluble fiber က သွေးတွင်းအဆီဓာတ်ကို လျော့ကျစေနိုင်တဲ့ အာနိသင်တွေ ရှိတာကြောင့် စားပေးသင့်ပါတယ်။

 

၄။ ကီဝီသီး

၀မ်းချုပ်ခြင်းကို ကာကွယ်ပေးဖို့ စားပေးသင့်တဲ့ အသီးထဲမှာ ကီဝီသီးလည်း အပါအ၀င်ပါပဲ။

သူ့မှာ အမျှင်ဓာတ် ကြွယ်၀တဲ့အပြင် Actinidain လို့ ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါတဲ့အတွက် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ၀မ်းမှန်စေနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

 

၅။ လိ​မ္မော်သီး

လိ​မ္မော်သီးက ဗီတာမင် စီ ကြွယ်၀စွာပါတဲ့အတွက် ကိုယ်ခံအားကောင်းစေတဲ့အပြင် အမျှင်ဓာတ်တွေလည်း များစွာပါတာကြောင့် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။

 

၆။ ဟင်းနုနယ်

ဟင်းနုနယ်မှာ အမျှင်ဓာတ် ကြွယ်၀တဲ့အတွက် ၀မ်းချုပ်တတ်သူတွေအတွက် စားပေးသင့်တဲ့ အရွက်တစ်မျိုးပါပဲ။

ဟင်းနုနယ်ကို ကြော်စားတာ အပြင် သုပ်စားတာမျိုး၊ ဟင်းချိုထဲ ထည့်စားတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။

 

၇။ ပန်းမုန်လာစိမ်း

အခုဆို ပန်းမုန်လာစိမ်းကို တော်တော်များများ စားလာကြတာ တွေ့ရပါတယ်။

ပန်းမုန်လာစိမ်းကလည်း အမျှင်ဓာတ် အများကြီးပါလို့ အူလမ်းကြောင်း ကျန်းမာရေး ကောင်းမွန်စေတဲ့ အာနိသင် ရှိပါတယ်။

 

၈။ ကန်စွန်းဥ

ကန်စွန်းဥက ဗီတာမင် အေ ကြွယ်၀တဲ့အပြင် အမျှင်ဓာတ်လည်း ကြွယ်၀တာကြောင့် ၀မ်းချုပ်တဲ့ ပြဿနာကို တစ်ဖက်တစ်လမ်းကနေ သက်သာအောင် ကူညီပေးနိုင်ပါတယ်။

 

၉။ ဗာဒံစေ့

ဗာဒံစေ့က အမျှင်ဓာတ် များများပါတဲ့အတွက် ၀မ်းချုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

ဗာဒံစေ့ကို ဒီတိုင်း စားလို့ ရသလို ဒိန်ချဥ်၊ ချိစ် စတာတွေနဲ့ တွဲပြီး စားပေးနိုင်ပါတယ်။

 

၁၀။ ဒိန်ချဥ်

ဒိန်ချဥ်မှာ အစာအိမ်အူလမ်းကြောင်းအတွက် အကျိုးပြု ဘက်တီးရီးယားတွေ ပါတဲ့အတွက် ၀မ်းချုပ်တာ ကာကွယ်နိုင်ပြီး အူလမ်းကြောင်း ကျန်းမာရေးကောင်းမွန်စေပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။

Christine

M.B.,B.S (Ygn)

M.Sc Nutrition and Dietetics Candidate

related articles (ဒါလေးတွေလည်းဆက်ဖတ်ပေးပါ)

ဆီးသွားချင်သည့်အခါ အောင့်ထားတတ်သူတစ်ဦးလား?

လူတစ်ယောက်က ဆီးအိတ်ထဲမှာ ဆီးအပြည့်ဖြစ်ဖို့ အချိန် (၉) နာရီကနေ (၁၀) နာရီအထိ ကြာနိုင်ပါတယ်။ ဆီးအိတ်ထဲမှာ ဆီးတစ်ဝက်ခန့်ရောက်ရှိလာချိန်မှာ ဆီးအိတ်ဟာ ဆီးသွားဖို့အတွက် ဦးနှောက်ကို အချက်ပြလိုက်ပါတယ်။ (၃) (၄) နာရီခန့်တစ်ကြိမ် ကျွန်တော်တို့ဟာ ဆီးသွားကြရပါတယ်။ ...
Read More

#မတ်တပ်ရပ်လိုက်ချိန်မှာ_ရုတ်တရက်_မူးဝေသွားရသည့်အကြောင်းအရင်းများ

မတ်တပ်ရပ်ချိန်မှာ မူးဝေရတာဟာ အကြောင်းအရင်းအများကြီးကြောင့် ဖြစ်နိုင်ပါတယ်။ အဖြစ်များဆုံး ပြဿနာတစ်ခုကတော့ ဦးနှောက်ထဲရှိ‌ သွေးပေါင်ချိန် ရုတ်တရက် ကျသွားတာကြောင့် ဖြစ်ပါတယ်။ မတ်တပ်ရပ်လိုက်ချိန်မှာ ကမ္ဘာ့ဆွဲအားက ခန္ဓာကိုယ်အောက်ပိုင်းမှာ သွေးတွေကို စုပုံသွားစေပါတယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်က သွေးပေါင်ချိန် ရုတ်တရက်ကျဆင်းမှုကို ...
Read More

သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးရောဂါမိုးရာသီဖြစ်တဲ့ မေ၊ဇွန်၊ ဇူလှိုင်လတွေမှာ အဖြစ်များဆုံး သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများကို ဖော်ပြပေးလိုက်ပါတယ်။ • သွေးလွန်တုပ်ကွေးရောဂါခံစားရသူများအတွက် ရောဂါလက္ခဏာများက ပြင်းထန်နိုင်ပါတယ်။• ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါက နာရီပိုင်းအတွင်းမှာ အသက်အန္တရာယ်ရှိလာနိုင်တာကြောင့် ဆေးရုံတက်ပြီး ချက်ချင်းကုသမှု ခံယူရပါမယ်။ ရောဂါလက္ခဏာများ• သွေးလွန်တုပ်ကွေးရောဂါရဲ့ရောဂါလက္ခဏာလေးများက တခြားဖျားနာမှုများနှင့် ...
Read More

Leave a Reply

Your email address will not be published. Required fields are marked *