24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

News & Covid-19 Update

Covid မျိုးကွဲအသစ် Delta+Omicron= Deltacron???

အိုမီခရွန်ကတော့ ကမ္ဘာတစ်ဝန်းမှာ အမြန်ဆုံးပြန့်နှံ့သွားပါတယ်။

ကာကွယ်ဆေးတွေကတော့ ရောဂါမပြင်းထန်အောင်နှင့် မသေဆုံးအောင် ကာကွယ်ပေးနေပေမဲ့ ရောဂါကူးစက်မှုကတော့ ရှိနေတုန်းပါပဲ။

တစ်ချို့သော မျိုးကွဲများက ပြန့်နှံ့နေပေမဲ့ တစ်ချို့မျိုးကွဲကတော့ ပေါ်ထွက်လာနေတုန်းပါပဲ။ ကိုဗစ်မျိုးကွဲတွေဟာ မူလဗိုင်းရပ်စ်ကနေ ကွဲပြားသွားတာက ကူးစက်နှုန်းနဲ့ ပြင်းထန်သည့် ရောဂါလက္ခဏာများ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပြန့်လေလေ မျိုးကွဲများ ပေါ်လာဖို့ အခွင့်အရေး ပိုများလေလေပါပဲ။

Cyprus ရှိ သုတေသနပညာရှင်များက မျိုးကွဲအသစ်တစ်ခုကို တွေ့ရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မျိုးကွဲနာမည်က ဒယ်တာခရွန်ဖြစ်ပြီး အိုမီခရွန်နဲ့ ခပ်ဆင်ဆင်ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒယ်တာခရွန်ကူးစက်ခံထားရသူ (၂၅) ဦးကို တွေ့ရှိထားပြီး ဒီမျိုးကွဲဟာ ဆက်လက်ကူးစက်နိုင်လား ပျောက်ကွယ်သွားမလားဆိုတာကိုတော့ သေချာမသိသေးဘူးလို့ ပြောပါတယ်။

ဒယ်တာခရွန်ကတော့ ဓာတ်ခွဲခန်းအမှားတစ်ခု ဖြစ်နိုင်ပါတယ်။

အခြားသော သိပ္ပံပညာရှင်များကတော့ ဒယ်တာခရွန်ဟာ ဓာတ်ခွဲခန်းမှအမှားတစ်ခု ဖြစ်တယ်လို့ ပြောကြပါတယ်။ ဓာတ်ခွဲခန်းက ယခုအခါမှာ ဒယ်တာနဲ့ အိုမီခရွန်နမူနာများကို ခွဲခြားစိတ်ဖြာရင်းနဲ့ မှားယွင်းပြီး ဒယ်တာနဲ့ အိုမီခရွန်နှစ်ခုစလုံးပါဝင်တဲ့ မျိုးကွဲအသစ်တစ်ခုကို ပြသနေတာ ဖြစ်နိုင်ပါတယ်။

ပထမဆုံးတွေ့ရှိခဲ့တယ်ဟု ဆိုသော သိပ္ပံပညာရှင်တော့ အစ္စရေးအပါအဝင် အခြားသော နိုင်ငံများမှာလည်း ဒီမျိုးကွဲအသစ်ရဲ့ သက်သေအထောက်အထားရှိနေတယ်လို့ အငြင်းပွားထားပါတယ်။

နောက်ထပ်ကူးစက်မှုတွေ ထပ်ပေါ်လာမလားဆိုတာကိုစောင့်ကြည့်ရပါမယ်။ သို့သော် သိပ္ပွံပညာရှင်တစ်ဦးကတော့ မျိုးကွဲများရောစပ်သွားသည့် ရလဒ်လို့ သံသယရှိနေဆဲဖြစ်ပါတယ်။

#Reference_Health_Digest

#Translate_by_OSC_Hospital

#Health_Tips

#OSC_Hospital