ကပ်ဆိုးကာလအစောပိုင်းမှာ ကိုဗစ်ကူးစက်မခံရစေဖို့ နှာခေါင်းစည်းတပ်ဆင်ထားဖို့ ပြောကြားထားကြပါတယ်။ နှာခေါင်းစည်းတပ်ဆင်ခြင်းက တပ်ဆင်ထားသူများကိုသာ ကာကွယ်ပေးနိုင်သည်မဟုတ်ဘဲ ဘေးနားရှိလူများကိုပါ
ကာကွယ်နိုင်ပါတယ်။
နှာခေါင်းစည်းတပ်ဆင်ထားခြင်းက ကိုဗစ်ကူးစက်နိုင်ချေကို လျှော့ချပေးပြီး ဆေးရုံတက်ရောက်ခြင်းနှင့် သေဆုံးခြင်းတို့ကိုလည်း နည်းပါးစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။
လက္ခဏာမပြခင်မှာ နှာခေါင်းစည်းများ ကြိုတင်ဝတ်ဆင်
ထားမယ်ဆိုလျှင် တစ်ဦးနှင့်တစ်ဦး ကူးစက်နိုင်ချေ
လျော့ကျသွားပါတယ်။
နှာခေါင်းစည်းတပ်ဆင်ခြင်းက ယခင်က မိမိရောဂါကို
အခြားသူများကို မကူးစက်အောင် ကာကွယ်ရန် ရည်ရွယ်
ခဲ့သော်လည်း ယခုအခါမှာ မိမိရော တခြားသူကိုပါ
မကူးစက်နိုင်အောင် တပ်ဆင်ရခြင်း ဖြစ်ပါတယ်။
တခြားသော နှာခေါင်းစည်းများထက် ပိုပြီးတော့ အာနိသင်
ရှိတဲ့ အမျိုးအစားတစ်ခု ရှိပါတယ်။
😷N95 နှင့်
😷KN95 နှာခေါင်းစည်းများက အထိရောက်ဆုံး
ကာကွယ်ပေးနိုင်ပါတယ်။
🆘️Delta မျိုးကွဲက ရေကျောက်လိုပဲ ကူးစက်မှုအရမ်းမြန်ပါတယ်။ ဘယ်လို နှာခေါင်းစည်းက အကောင်းဆုံးကာကွယ်မှုပေးနိုင်မလဲဆိုတာကို သိချင်နေကြမှာပါပဲ။
😷N95 နဲ့ KN95 နှာခေါင်းစည်းတွေကတော့ အဝတ်နှာခေါင်းစည်းနှင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများထက်
(၅) ဆပိုမိုကာကွယ်နိုင်ပါတယ်။
😷N95 နှာခေါင်းစည်းအတုအစစ်ကို ခွဲခြားနိုင်စေဖို့ CDC က လမ်းညွှန်ချက်တစ်ခုကို ထုတ်ပြန်ထားပါတယ်။
ကျွန်တော်တို့က N95 နဲ့ KN95 နှာခေါင်းစည်းများကို အလွယ်တကူမဝယ်နိုင်ဘူးဆိုလျှင်လည်း နှာခေါင်းစည်း
မတပ်ဆင်တာနှင့်ယှဉ်လျှင် အဝတ်စနှာခေါင်းစည်းများနှင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများကို အသုံးပြုခြင်းက
ပိုကောင်းမွန်ပါတယ်။ သို့သော် အလွှာများစွာ ပါဝင်သည့် နှာခေါင်းစည်းများက ပိုကာကွယ်နိုင်စွမ်းရှိတာကို မှတ်သားထားပါ။
😷N95 နှာခေါင်းစည်းကတော့ ချောင်းဆိုးနှာချေခြင်းများကနေ ထွက်ပေါ်လာသည့် အမှုန်အမွှားများကို (၉၉) ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပြီး သုံးလွှာနှာခေါင်းစည်းများက (၅၁) ရာခိုင်နှုန်းပဲ ကာကွယ်ပေးနိုင်ပါတယ်။

 

related articles (ဒါလေးတွေလည်းဆက်ဖတ်ပေးပါ)

#ကိုဗစ်_၁၉_အန္တရာယ်ကနေ_ကာကွယ်ဖို့_အကောင်းဆုံးနှာခေါင်းစည်းအမျိုးအစား😷😷😷

ကပ်ဆိုးကာလအစောပိုင်းမှာ ကိုဗစ်ကူးစက်မခံရစေဖို့ နှာခေါင်းစည်းတပ်ဆင်ထားဖို့ ပြောကြားထားကြပါတယ်။ နှာခေါင်းစည်းတပ်ဆင်ခြင်းက တပ်ဆင်ထားသူများကိုသာ ကာကွယ်ပေးနိုင်သည်မဟုတ်ဘဲ ဘေးနားရှိလူများကိုပါကာကွယ်နိုင်ပါတယ်။နှာခေါင်းစည်းတပ်ဆင်ထားခြင်းက ကိုဗစ်ကူးစက်နိုင်ချေကို လျှော့ချပေးပြီး ဆေးရုံတက်ရောက်ခြင်းနှင့် သေဆုံးခြင်းတို့ကိုလည်း နည်းပါးစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။လက္ခဏာမပြခင်မှာ နှာခေါင်းစည်းများ ကြိုတင်ဝတ်ဆင်ထားမယ်ဆိုလျှင် တစ်ဦးနှင့်တစ်ဦး ကူးစက်နိုင်ချေလျော့ကျသွားပါတယ်။နှာခေါင်းစည်းတပ်ဆင်ခြင်းက ယခင်က မိမိရောဂါကိုအခြားသူများကို ...
Read More

ကိုဗစ်-၁၉ နှင့် ပန်းနာရင်ကြပ်ရောဂါ

ကိုဗစ်၁၉ ဗိုင်းရပ်စ်က ပန်းနာရင်ကြပ်ရောဂါဝေဒနာရှင်များအတွက် ပြဿနာတစ်ခုပါပဲ။သူတို့က ကိုဗစ်ကူးစက်ခံရလျှင် ပိုပြီးတော့ အန္တရာယ်များနိုင်တာကို ပန်းနာရင်ကြပ်ဝေဒနာရှင်များက သိထားဖို့ အရေးကြီးပါတယ်။ ပန်းနာရင်ကြပ်ရောဂါသည်များက ဖျားနာသူများနှင့်ဝေးဝေးနေပြီး လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း စသည်တို့ကို ပိုမိုပြီးတော့ လုပ်ဆောင်သင့်ပါတယ်။ကိုဗစ်၁၉ ရဲ့ ရောဂါလက္ခဏာများက ပိုပြီးတော့ ...
Read More

ကိုဗစ်_၁၉_ရဲ့_Delta_မျိုးစိတ်အသစ်မှာ_မတူညီတဲ့_ရောဂါလက္ခဏာများ_ရှိပါသလား???

ကိုဗစ်ရောဂါက အနံ့၊ အရသာ ပျောက်ခြင်းကဲ့သို့ ရောဂါလက္ခဏာများနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမဲ့ Delta မျိုးစိတ်က ယခုအခါမှာ ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေပါပြီ။ ရောဂါလက္ခဏာများက အတူတူပဲလား။ အတွေ့များဆုံး ရောဂါလက္ခဏာများက ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်းနှင့် အရသာပျောက်ဆုံးခြင်း စသည်တို့ ဖြစ်ကြပေမယ့် Delta ...
Read More

Leave a Reply

Your email address will not be published. Required fields are marked *