24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

News & Covid-19 Update

ကိုဗစ်_၁၉ ရဲ့ Delta မျိုးစိတ်အသစ်မှာ မတူညီတဲ့ ရောဂါလက္ခဏာများ ရှိပါသလား???


♾ ကိုဗစ်ရောဂါက အနံ့၊ အရသာ ပျောက်ခြင်းကဲ့သို့ ရောဂါလက္ခဏာများနဲ့ ဆက်စပ်နေပါတယ်။

♾ ဒါပေမဲ့ Delta မျိုးစိတ်က ယခုအခါမှာ ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေပါပြီ။ ရောဂါလက္ခဏာများက အတူတူပဲလား။

♾ အတွေ့များဆုံး ရောဂါလက္ခဏာများက ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်းနှင့် အရသာပျောက်ဆုံးခြင်း စသည်တို့ ဖြစ်ကြပေမယ့် Delta ဗိုင်းရပ်စ်မျိုးစိတ်က ချောင်းဆိုးခြင်းကို အများဆုံး ဖြစ်တတ်ကြပါတယ်။

♾ ယခုအခါမှာ အတွေ့များဆုံး လက္ခဏာရပ်များမှာ…

-ခေါင်းကိုက်ခြင်း၊

-လည်ချောင်းနာခြင်း၊

-နှာစေးခြင်းနှင့် နှာချေခြင်းတို့ ဖြစ်ပါတယ်။

♾ ဗိုင်းရပ်စ်ကူးစက်ခံရသူအများစုက သူတို့အအေးမိတယ်လို့ပဲ မှားယွင်းပြီး မှတ်ယူတတ်ကြပါတယ်။ ဒီအကြောင်းအရင်းတွေကြောင့် အခြားသူတွေဆီကို ဗိုင်းရပ်စ်တွေ ကူးစက်ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။

♾ Delta ဗိုင်းရပ်စ်မျိုးစိတ်က Alpha မျိုးစိတ်ထက် (၆၀) ရာခိုင်နှုန်း ပိုကူးစက်လွယ်ပါတယ်။ ဒီမျိုးစိတ်အသစ်က တစ်ချို့လူတွေအတွက် အအေးမိဖျားနာလောက်သာ ဖြစ်နေပေမယ့် တစ်ချို့သူများအတွက်တော့ သေစေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။

♾ အအေးမိဖျားနာ လက္ခဏာများ ဖြစ်နေလျှင် သီးသန့်ခွဲနေပြီး ကိုဗစ်၁၉ စစ်ဆေးကြည့်ပါ။ ရောဂါလက္ခဏာများက သိပ်မပြင်းထန်လျှင်တောင် တစ်ချို့သူများအတွက် ပြင်းထန်နိုင်ပါတယ်။

♾ ကာကွယ်ဆေးများက ဗိုင်းရပ်စ်ကြောင့် သေဆုံးခြင်း

မဖြစ်အောင် ကာကွယ်ပေးနိုင်သော်လည်း လူတိုင်းကာကွယ်ဆေးကို မထိုးနိုင်သေးပါဘူး။ ကာကွယ်ဆေးများက ကိုဗစ်၁၉ ရဲ့ တခြားသော မျိုးစိတ်များနှင့် ယှဉ်လျှင် Delta မျိုးစိတ်ကို ကာကွယ်နိုင်သည့် အာနိသင်နည်းပါးပါတယ်။

ဒီမျိုးစိတ်ရဲ့ ရောဂါလက္ခဏာများကို ခံစားနေရသူများက စစ်ဆေးကြည့်ပြီး အခြားသူများထံ ရောဂါပိုးကို မဖြန့်မိစေဖို့ အရေးကြီးပါတယ်။

#Reference_healthdigest.com

#Translated_by_OSC_hospital

#Health_tips

#OSC_Hospital