24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Beauty & Fitness

Glutathione ဆိုတာ ဘာလဲ?

Gluatathioneဆိုတာကတော့  Glutamate, Cysteine, Glycine စတဲ့ Amino Acids သုံးမျိုးပေါင်းထားတဲ့ ဒြပ်ပေါင်းလေးဖြစ်ပါတယ်။ Glutathione ဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Antioxidantတစ်မျိုးလည်းဖြစ်ပါတယ်။ Glutathioneကို ခန္ဓာကိုယ်မှလည်း သဘာ၀အလျောက်ထုတ်လုပ်နိုင်သလို၊ ပြင်ပကနေလည်း ရရှိနိုင်ပါတယ်။

Gluathioneမှာ ဓာတ်တိုးဆန့်ကျင်နိုင်သည့် Antioxidantဂုဏ်သတ္တိရှိခြင်းကြောင့် oxidative stressများကြောင့် ခန္ဓာကိုယ်ရှိဆဲလ်များ ပျက်စီးမှုကို ထိန်းသိမ်းကာကွယ်ပေးပါတယ်။ ဒါကြောင့် ဆဲလ်ပျက်စီးမှုများကြောင့်ဖြစ်သော ကင်ဆာရောဂါများ၊ နာတာရှည်ရောဂါများနှင့် အိုမင်းရင့်ရော်ခြင်းများမှလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

Glutathione ဟာ အသားဖြူစေတယ်ဆိုပြီးလူသောက်များ ခေတ်စားပါတယ်။ Glutathioneဟာခန္ဓာကိုယ်မှာ အသားအရောင်ကိုမဲစေတဲ့ Melanin ထုတ်လုပ်မှုကို လျှော့ချပေးပါတယ်။ Melanin ထုတ်လုပ်မှုကို ဖြစ်စေတဲ့ Tyrosinase enzymeကို တားဆီးပိတ်ပင်ပေးခြင်းကြောင့် အသားအရောင်ဖြစ်လာစေမယ့် ရောင်ခြယ်ပစ္စည်းတွေကို လျော့နည်းသွားစေပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် အသားအရေကို ကြည်လင်လာစေတယ်။ ဖြူလာစေပါတယ်။

  • Glutathioneကို ထုတ်လုပ်မှုကို အားပေးစေဖို့Vitamic C ကြွယ်၀သော အသီးအနှံများကိုစားပေးပါ။
  • ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ ထောပတ်သီး၊ Sulphur ကြွယ်၀သော အသားနှင့်ငါးများကို စားသုံးပေးဖို့လိုပါတယ်။
  • Supplementတွေအနေနဲ့က အမျိုးစုံပါပဲ။
  • ကျန်းမာရေးအသိအမှတ်ပြု ထောက်ခံမှု မရသေးတဲ့ဆေးတွေလည်း စျေးကွက်ထဲမှာ ပြန့်လျှက်ရှိပါတယ်။
  • ဒါတွေကိုတော့ ချင့်ချိန်သုံးစွဲဖို့လိုပါတယ်။
  • အိပ်ချိန်မမှန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အရက်ဘီယာသောက်သံူးခြင်းများကြောင့်လည်း ခန္ဓာကိုယ်အတွင်း Glutathione ထုတ်လုပ်မှုကို ကျဆင်းစေနိုင်ပါတယ်။