24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

News & Covid-19 Update

J&J တစ်ကြိမ်ထိုးကိုဗစ်ကာကွယ်ဆေးက အစောပိုင်းစမ်းသပ်မှာ ကိုယ်ခံအားတုံ့ပြန်မှု ကောင်းမွန်ပြီး ဘေးကင်းကြောင်းတွေ့ရှိ

J&J သိပ္ပံပညာရှင်များက အသက် (၁၈ နှစ်-၅၅) နှစ်ကြား နှင့် (၆၅) နှစ်အထက် အရွယ်များကို သူတို့ရဲ့ ကာကွယ်ဆေး Ad26.COV2.S ဟု ခေါ်သော ကာကွယ်ဆေးကို စမ်းသပ်ထိုးခဲ့ကြပါတယ်။

စမ်းသပ်မှု အချက်အလက်များအရ (၂၈) ရက်ကြာပြီးနောက် ဆေးထိုးနှံခဲ့သူများက ဗိုင်းရပ်စ်ကို တိုက်ထုတ်မယ့်ဆဲလ်များကို ကာကွယ်ရာမှာ အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သည့် ပဋိပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။

J&J တစ်ကြိမ်ထိုး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးက အသက်ကြီးသူများနှင့် ငယ်သူများအားလုံးတွင် ကိုယ်ခံအားစနစ်တုံ့ပြန်မှုများ ထုတ်လုပ်ပေးနိုင်ပြီး ဘေးကင်းကြောင်း တွေ့ရှိရပါတယ်။

အတွေ့များဆုံးဘေးထွက်ဆိုးကျိုးများမှာ အဖျား၊ မောပန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနှင့် ဆေးထိုးသည့်နေရာနာကျင်ခြင်းတို့ ဖြစ်ပါတယ်။

ပထမအဆင့်နှင့် ဒုတိယအဆင့် စမ်းသပ်မှုများမှာ ယခုကာကွယ်ဆေးတစ်ကြိမ်ထိုးခြင်းက ခုခံနိုင်သည့် ပဋိပစ္စည်းများကို ပေးနိုင်ပါတယ်။ ထို့ကြောင့် ယခုကာကွယ်ဆေးက ဗိုင်းရပ်စ်ကို တိုက်ထုတ်ရာတွင် အာနိသင်ပိုမြင့်မားမည်ဟု ကုမ္ပဏီမှ ယုံကြည်မှု အပြည့်ရှိပါတယ်။

လူပေါင်း (၈၀၅) ယောက်ကို စမ်းသပ်ခဲ့ပါတယ်။ အရင်လက စမ်းသပ်မှုအဆင့်(၃)မှာ လူပေါင်း (၄၅၀၀၀) ဆီကနေ ရလဒ်များကို ထုတ်ပြန်ဖို့ မျှော်လင့်ထားကြပါတယ်။ J&J က ကိုဗစ်၁၉ ကာကွယ်ဆေးအတွက် အီဘိုလာကာကွယ်ဆေးထုတ်လုပ်သည့် နည်းပညာများအတိုင်း အသုံးပြုထားပါတယ်။

J&J ကာကွယ်ဆေးကို FDA က ခွင့်ပြုပေးလျှင် Pfizer-BioNTech နှင့် Moderna ကာကွယ်ဆေးများပြီးလျှင် အမေရိကမှာ တတိယမြောက်ခွင့်ပြုချက်ရရှိသည့် ကာကွယ်ဆေး ဖြစ်ပါတယ်။

ကုမ္ပဏီက ဆေးများကို (၂-၈) ဒီဂရီဆက်ဆီးယက်စ်မှာ ပို့ဆောင်ဖို့ စီစဉ်ထားပါတယ်။

#Source_CNBC