24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Life Style

စိတ်ဖိစီးမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ။

အခုလို ကိုဗစ်-၁၉ ကပ်ဆိုးကြီး ကျရောက်နေချိန်မှာ လူတွေကို အိမ်ထဲမှာပဲနေဖို့နဲ့ အပြင်မှာ လူစုလူဝေးမလုပ်ကြဖို့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ထားကြပါတယ်။ အိမ်ထဲမှာနေပြီး အရင်လို စိတ်လွတ်လပ်စွာ သွားလာခွင့်မရကြတဲ့အချိန်မှာ အများစုက စိတ်ဓာတ်ကျရောဂါကို ခံစားရတာတွေ၊ စိတ်ဖိစီးမှုများနေတာတွေ တွေ့ကြုံလာရပါတယ်။ ဒီလို စိတ်ဖိစီးမှုများလာတဲ့အချိန်မှာ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) တရားထိုင်ပါ။

တရားထိုင်ခြင်းက စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်ပေးသလို ဖြစ်နေတဲ့အတွက်ကြောင့် အတွေးတွေ ဂယောက်ဂယက်မဖြစ်စေတော့ဘဲ စိတ်ဖိစီးမှုတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂) ပန်းတိုင်များချမှတ်လိုက်ပါ။

စိတ်ဖိစီးမှုကို ကိုင်တွယ်နိုင်ဖို့ နည်းလမ်းတစ်ခုကတော့ ဘဝပန်းတိုင်များကို ချရေးလိုက်ပါ။ ဘဝပန်းတိုင်တွေကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေရင်းနဲ့ စိတ်ဖိစီးမှုများ ပြေပျောက်သွားပါလိမ့်မယ်။

(၃) မိတ်ဆွေသူငယ်ချင်းများနှင့် စကားပြောဆိုပါ။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ ရင်းနှီးသူ သူငယ်ချင်းမိတ်ဆွေများဖြင့် စကားစမြည်ပြောဆိုလိုက်ပါ။ စကားတွေ ဖောင်ဖွဲ့ပြီး ပြောဆိုလိုက်ခြင်းက စိတ်ညစ်စရာများကို မေ့ပျောက်သွားစေနိုင်ပါတယ်။

(၄) ကဖိန်းဓာတ်ပါသည့် အစားအသောက်များ ရှောင်ရှားပါ။

ကဖိန်းဓာတ်ပါသည့် အစားအသောက်များကို စားသောက်ခြင်းက စိတ်တည်ငြိမ်မှုကို အနှောက်အယှက်ပေးတာကြောင့် ရှောင်ရှားသင့်ပါတယ်။

(၅) ကောင်းကောင်း အိပ်စက်ပါ။

ကောင်းမွန်စွာ အိပ်စက်ခြင်းက စိတ်ကို ကြည်လင်လန်းဆန်းစေပြီး စိတ်ညစ်စရာများကို ပြေပျောက်သွားစေနိုင်ပါတယ်။

(၆) လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းပြုလုပ်ခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့်နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများနေလျှင် လေ့ကျင့်ခန်းလုပ်ပါ။

(၇) အစားမှန်မှန်စားသောက်ပါ။

အစားအစာကို ပုံမှန်မစားသောက်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာကို ထိခိုက်မှုများ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်လာတဲ့အချိန်မှာ စားသောက်ပေးလိုက်ပါ။ အစားကောင်းတွေ စားသောက်ရတဲ့အခါမှာ ပျော်ရွှင်မှုတွေ ရလာပြီးတော့ စိတ်ညစ်စရာတွေ ပပျောက်သွားစေနိုင်ပါတယ်။