24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Healthy & Wellness Article

ခေါင်းကိုက်ခြင်း

လူအများစုက ခေါင်းကိုက်ခြင်းကို အနည်းနဲ့အများဆိုသလို ခံစားဖူးကြပါတယ်။ ခေါင်းကိုက်ခြင်း အမျိုးအစားပေါင်း ၃၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ တချို့တွေမှာ ခေါင်းကိုက်တာက အရမ်းမပြင်းထန်ပေမယ့် တချို့တွေအတွက်ကတော့ အလုပ်အကိုင်ပျက်၊ ကျောင်းပျက်လောက်အောင် ပြင်းပြင်းထန်ထန် ခေါင်းကိုက်တတ်သူတွေလည်း ရှိပါတယ်။

ဒီလို ကွာခြားချက်တွေ ရှိနေတာကတော့ တစ်ယောက်နဲ့တစ်ယောက် ခေါင်းကိုက်ရတဲ့ အကြောင်းရင်းတွေ မတူတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဖြစ်များတဲ့ ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေက

  • စိတ်ဖိစီးမှုများတာ
  • (Migraine) လို့ ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း ​ဝေဒနာကြောင့် ခေါင်းကိုက်တာ
  • ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ခေါင်းကိုက်တာ
  • (Sinusitis) ခေါ် ထိပ်ခတ်နာ ​ဝေဒနာ ခံစားနေရသူတွေ
  • သွေးပေါင်ချိန်တက်ခြင်းကြောင့် ခေါင်းကိုက်တာ စတာတွေ ဖြစ်ပါတယ်။

ဒါတွေအပြင်

  • သွေးတွင်းသကြားဓာတ် လျော့နည်းတာ
  • ရေဓာတ် ဆုံးရှုံးတာ
  • အရက် ဘီယာ စတဲ့ အယ်လ်ကိုဟော သောက်သုံးမှု များတာ
  • ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေ ဥပမာ ကော်ဖီ အများကြီး သောက်လေ့ရှိတာ
  • ကွန်ပျူတာ၊ ဖုန်း စတာတွေသုံးတာ များတာ
  • အိပ်ရေးမ၀တာ၊ အိပ်ချိန် ပုံမှန်ထက် များတာ စတာတွေကလည်း ခေါင်းကိုက်စေနိုင်ပါတယ်။

ရောဂါအခံတစ်ခုခုကြောင့် ခေါင်းကိုက်တာမျိုး မဟုတ်ဘူးဆိုရင် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေနဲ့ ခေါင်းကိုက်သက်သာ​အောင် ပြုလုပ်ပေးနိုင်ပါတယ်။

  • စိတ်ဖိစီးမှု လျော့အောင် တရားထိုင်တာ
  • လေ့ကျင့်ခန်း တစ်ခုခု ပုံမှန် လုပ်တာ
  • အစားစားချိန် မှန်အောင် စားတာ
  • အယ်လ်ကိုဟော သောက်သုံးမှုကို လျှော့တာ
  • အိပ်ရေး၀အောင် အိပ်တာ
  • Screen time တတ်နိုင်သမျှ လျှော့တာ
  • ကဖင်းဓာတ် လျှော့တာ
  • တစ်နေ့ကို ရေ ၂ လီတာ ပြည့်အောင် သောက်ပေးတာ စတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။

ဒီနည်းလမ်းတွေနဲ့ မသက်သာဘူးဆိုရင်

  • အကိုက်အခဲပျောက်ဆေး သောက်လို့ရပါတယ်။
  • အစားအသောက်နဲ့ ဆက်စပ်တဲ့ခေါင်းကိုက်တာတွေအတွက် ဆိုရင်တော့ Food Diary လေး လုပ်ထားပြီး ဘယ်အစားအစာတွေက ခေါင်းကိုက်စေလဲဆိုတာကို မှတ်ထားပြီး ရှောင်ကြည့်ပါ။

တချိူ့တွေမှာတော့ တခြား ​ရောဂါ​ဝေဒနာ​တွေ ဥပမာ ဦး​နှောက်အမြှေးပါး ရောင်တာ၊ Brain tumor စတဲ့ ရောဂါ‌​ဝေဒနာတွေကြောင့် ခေါင်းကိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ​ကြောင့်

  • ခေါင်းကိုက်တဲ့ပုံစံ ရုတ်တရက် ပြောင်းသွားတာ
  • အရမ်း ဆိုးဆိုးရွားရွား ခေါင်းကိုက်တာ
  • ခေါင်းကိုက်တာနဲ့အတူ ဖျားတာ၊ အန်တာ၊ မှတ်ဉာဏ်တွေ လျော့နည်းတာ၊ အမြင်အာရုံ ဝေ၀◌ါးတာ၊ ထုံတာ ကျင်တာ စတာတွေပါ တွဲဖြစ်တာ
  • လှုပ်ရှားတဲ့အခါ/ ချောင်းဆိုးတဲ့အခါ စတာတွေလုပ်ရင် ခေါင်းကိုက်တာ ပိုဆိုးတာမျိုးတွေ ခံစားရတယ်ဆိုရင်​တော့ မပေါ့ဆဘဲ ဆရာ၀န်နဲ့ သေချာ ပြသင့်ပါတယ်။

ကျန်းမာ​ပျော်ရွှင်ကြပါ​စေ။

DR. Christine