“COVID-19 ကာကွယ်ရေး၊ ကူညီထောက်ပံ့ ဒို့အားပေး။”

ကမ္ဘာ့အနှံ့အပြားတွင် ကူးစက်ပြန့်ပွါးမှုမြန်ဆန် သော COVID-19 ရောဂါ၏ဂရက်ကြောင့် မြန်မာနိုင်ငံတွင် သာမက နိုင်ငံတကာမှာလည်း စီးပွါးရေး ထိခိုက်ကျဆင်းမှုများနှင့် ရင်ဆိုင်နေကြရပါသည်။ယခုအချိန်မှာ လုပ်ငန်းတိုင်းမှာ ဝင်ငွေ/ထွက်ငွေများ မညီမျှပဲ ထိခိုက်မှုများစွာ ရှိနေကြရပါသည်။

ထိုသို့ ဖြစ်ပွါးနေမှုများကို လျစ်လျူမရှုဘဲ အများပြည်သူများ၏ ကျန်းမာရေးအတွက် OSC ဆေးရုံမှသယ်ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။ထိုသို့သယ်ပိုးဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှစီစဥ်ထားရှိသော မြောက်ဥက္ကလာ ၊မယ်လမု ဆုတောင်းပြည့်စေတီတော်၀န်း အတွင်းရှိ Community Based Facility Quarantine Centerတွင် ပြည်သူများအသုံးပြုရန် အတွက် ကျန်းမာရေးတွင် လိုအပ်သော အစားအသောက်၊အသုံးအဆောင်နှင့် အထောက်အကူပစ္စည်းများ၀ယ်ယူမှုကို လိုအပ်သလို အသုံးပြုနိုင်ရေးအတွက် OSC ဆေးရုံမှ ငွေကျပ် (၁၀)သိန်းအား ဆေးရုံ၏တာဝန်ရှိသူများမှ မြောက်ဥက္ကလာပမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။

ယခုလို လှူဒါန်းရသောအကျိုးကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ COVID -19 ကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေကြောင်း OSC ဆေးရုံမိသားစုမှဆုတောင်းမေတ္တာပို့သ အပ်ပါသည်။
#OSC_Hospital
#OSC_COVID_19_CSR

latest posts

Leave a Reply

Your email address will not be published. Required fields are marked *